Sunday, March 30, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

ဖေဖေနှင့်မေမေ မမသီတာညို ယောက်ကျားနောက်လိုက်သွားပြီ ဒီမှာစာရေးထားခဲ့တယ် သမီးဖြစ်သူ သီတာညို ယောက်ကျားနောက်
လိုက်သွားသည်ဆိုသော သတင်းကြောင့် ဦးခိုင်လင်း နှလုံးသွေးတို့ ရပ်တန့်သွားတော့မလို ဖြစ်ရပြီးရပ်နေရာကပင် လဲကြသွားတော့မည်
ဖြစ်တာကြောင့် ဒေါ်နွယ်နီတစ်ယောက် ခင်ပွန်းသည်ကို ဖေးမရှာသည် ဦးခိုင်လင်းကတော့ သူ၏မိသားစုအပေါ်ကို ချုပ်ချယ်မိသမျှနောင်
တရလို့မဆုံးတော့ပါပဲ အတိတ်ဆီသို့ သူ၏စိတ်များပျံ့လွင့်သွားပြီး ...........

အပိုင်း ( ၁ )

၁၉၈၀ ခုနှစ်တုန်းကပေါ့ ................
အငြိမ်းစားအရာရှိကြီး ဦးခိုင်လင်းနှင့် ဒေါက်တာဒေါ်နွယ်နီတို့သည် ပုသိမ်မြို့တွင် တာဝန်များထန်းဆောင်ရင်း ရန်ကုန်မြို့တွင် အခြေချရန်
ဦးမင်းထက်ဇက်နှင့် တိုင်ပင်ကာ လိုင်သာယာ FMI City တွင်တိုက်တစ်လုံးဝယ်ကာ ဦးမင်ထက်ဇက်အား အပ်ထားလိုက်လေသည် ငယ်
စဉ်က သူငယ်ချင်းများဖြစ်တာကြောင့် အကြောင်းသိများဖြစ်သည် ဦးမင်းထက်ဇက်မှာက မောင်ဟိန်းနှင့် လွမ်းလိုင်းဆိုသောသားနှင့်သမီး
ရှိလေသည် ဦးခိုင်လင်းမှာကလဲ ချစ်လွန်းသူ သီတာညိုနှင့် သီတာနွယ်ဟုခေါ်သော သားသမီးသုံးယောက် ရှိလေသည် ။
ဦးခိုင်လင်းကအငြိမ်းစားယူပြီး ရန်ကုန်သို့မိသားစုလိုက် ပြောင်းလာကာ ရန်ကုန်တွင်အခြေချလေသည် FMI City ၏လှပသေသပ်သော
တိုက်ခန်းများကို ဒေါ်နွယ်နီစိတ်တိုင်းကြလေသည် ကိုယ်ဝန်းကိုယ်ခြံနှင့် နေရတာကြောင့် သားသမီးများအတွက်လဲ စိတ်အေးရသည်ပေါ့
ပုသိမ်မှာနေစဉ်ကဆို ဒေါ်နွယ်နီစိတ်မချမ်းသာခဲ့ပါ ဦးခိုင်လင်းဟာ ပညာဂုဏ်ငွေဂုဏ်ကြောင့် သားသမီးတွေကို ချုပ်ချယ်ခဲ့သည် လိုတာ
ထက်ပိုပြီး ချုပ်ချယ်ခဲ့တော့ ဒေါ်နွယ်နီစိတ်ဆင်းရဲရသည်မှာ အတိုင်းထက်အလွန်ဖြစ်ခဲ့ရသည် ဒီနေ့တော့ဒေါ်နွယ်နီအဖို့ မဟာလွတ်လပ်
ရေးတစ်ခုပေါ့ .............

ကိုမင်းထက်ဇက်ထိုင်ပါရှင် ..... ဒါနဲ့မ၀ိုင်းငယ်ရော ပါမလာဘူးလား ........

သူကပွဲရုံမှာကျန်ခဲ့တယ်လေ ဒီနေ့က ပျဉ်းမနားဘက်ကို ကုန်တွေပို့ပေးစရာရှိနေလို့ပါ ..........

ဒါနဲ့ကိုခိုင်လင်းရော ဘယ်သွားတုန်းဗျ ကျွန်တော်မိသားစုလိုက် ထမင်းစားလာဖိတ်တာပါ ........

ကိုခိုင်လင်းကတော့ အိမ်အတွက်လိုအပ်တာတွေ ၀ယ်မယ်ဆိုပြီး ထွက်သွားတယ် ပြန်လာခံနီးပါပြီ ဟောပြောရင်းပြန်လာပြီထင်တယ်
ချစ်လွန်းသူရေ သားဖေဖေလားကြည့်လိုက်ပါအုံး .........

ဟုတ်ကဲ့ပါမေမေရေ ဖေဖေပြန်လာတာပါ .........ဆက်ရန် .......

No comments: