Sunday, March 30, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၂ )

ဟာကိုမင်းထက်ဇက် ခင်ဗျားဘယ်အချိန်က ရောက်နေတာလဲ ကျွန်တော်လဲဗျာ လိုအပ်တာတွေ လိုက်ဝယ်နေရတယ် ..........

ကောင်းတာပေါ့ဗျာ ရန်ကုန်ရောက်တုန်း အေးဆေးနားကြရတာပေါ့ လိုအပ်တာတွေဝယ် အိမ်ကိုအလှဆင် ပြီးရင်ချစ်ဇနီးနဲ့ သားသမီးကို
အနီးကပ်စောင့်ရှောက်လို့ ဘယ်လောက်ပျော်စရာကောင်းတုန်းဗျာ ကျွန်တော်ကတော့ ပွဲရုံအလုပ်နဲ့အိမ်ကို မကပ်ရပါဘူးဗျာသားနှင့်သမီး
ကလဲတစ်ယောက်က နည်းပညာ တစ်ယောက်က ကွန်ပြူတာတက်နေတော့ အခုဆိုရင် ၀ိုင်းငယ်ကဆိုင်မှာ အမြဲထိုင်ရတယ်လေ ......

အားကျတယ်ဗျာ ကျွန်တော်လဲကလေးတွေကို ပညာရေးဆုံးခန်းတိုင်အောင် ကြိုးစားပေးရအုံးမယ် သားကြီးကတော့ ပုသိမ်ဒီဂရီကောလိပ်
မှာပဲကျောင်းပြီးခဲ့တယ်လေ သီတာညိုနဲ့ သီတာနွယ်ကတော့ ဒီမှာပဲဆက်တက်ရမယ် အခုကချစ်လွန်းသူကလဲ ကွန်ပြူတာဆက်တက်ချင်
သေးတယ်ဆိုတော့ ခင်ဗျားကိုပဲ အကူအညီတောင်းရမှာပဲဗျာ ......ဒါနဲ့လာရင်းကိစွ့ကိုပြောပါအုံးဗျာ ........

အော် ........ ဒီညနေအိမ်မှထမင်းစားလာဖိတ်တာပါ ကလေးတွေကိုလဲ ရင်းနှီးမူ့ရသွားရအောင်ပေါ့ဗျာ .....

ဟာဗျာအားနာစရာတွေတော့ ဖြစ်ကုန်တော့မှာပဲ အတော်ပဲဗျာ ဒီညတော့မိသားစုတွေ ဆုံကြပြီပေါ့ တိုင်ပင်စရာလဲရှိတယ် ........

ကဲဒါဆိုရင် ကျွန်တော်ပြန်တော့မယ် ညနေ ၆ နာရီထိုးရင် လာကြိုမယ်နော် အဆင်သင့်တာ လုပ်ထားပါတော့ မနွယ်နီရေ ကျွန်တော်
ပြန်လိုက်အုံးမယ် သားတို့သမီးတို့ အန်ကယ်ပြန်လိုက်အုံးမယ်နော် ..........

ဦးမင်းထက်ဇက် ပြန်သွားပြီးနောက်မှာတော့ မိသားစုညစာ စားပွဲအတွက်သွားကြရန် ပြင်ဆင်နေကြသည်ပေါ့ ဒေါ်ဝိုင်းငယ်ကလဲ ညနေ
ဧည့်သည်များ လာမည်ဖြစ်တာကြောင့် အမဖြစ်သူမနယ်သူနှင့် မီးဖိုဆောင်တွင် အလုပ်ရူပ်နေသည် ကိုဟိန်းနှင့်လွမ်းလိုင်းကလဲ ကျောင်း
ကနေ ပြန်ရောက်လာထဲက ၀ိုင်းကူနေကြသည် ညနေစောင်းတော့ ဦးမင်းထက်ဇက်လဲ ဦးခိုင်လင်းတို့ မိသားစုကို သွားကြိုတော့သည် ။

မေမေရေ ဖေဖေနဲ့ဧည့်သည်တွေပါလာပြီ မေမေလာခဲ့နော် သမီးအန်တီနယ်သူကို ကူလိုက်မယ် .......

သမီးလေး ဒီဟင်းက ဧည့်သည်တွေဘက်ချထားနော် သေချာလှလှပပပြင်ထား မိန်းကလေးဆိုတာ သပ်ရပ်မှတန်ကာကြတာနော် အခု
လာမှာက ကောင်လေးတစ်ယောက်ပါတယ်နော် ..........

အန်တီကလဲ အရွယ်မရောက်သေးတဲ့တူမကို ဘာတွေလာပြောနေတာလဲ ရှက်စရာကြီး တောသားတွေကို မကြိုက်ပါဘူးနော် ......

ကဲဒီတူကြီးနှစ်ယောက် ဘာတွေရှက်နေကြလဲ မြန်မြန်လုပ်ပါ မမကလေးကို ဘာတွေပြောနေလဲ .........

မပြောပါဘူးအေ ညည်းသမီးက ချစ်စရာကောင်းလို့ စနေတာပါ ကဲကဲဧည့်သည်တွေကို ခေါ်လိုက်တော့ရပြီ .........ဆက်ရန်

No comments: