Sunday, March 30, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၃ )

ထိုင်ကြပါရှင် ဦးခိုင်လင်းနဲ့ဒေါ်နွယ်နီဆိုတာ ကြားတာတော့ကြပါပြီရှင် ကိုမင်းထက်က ပြောပြောနေတာမကြာခင် ရောက်လာမည်တဲ့
အခုတော့ မိသားစုတွေဆုံရလို့ ၀မ်းသာပါတယ်ရှင် ........

အတူတူပါပဲမ၀ိုင်းငယ်ရယ် ဒီမှာလဲကိုလင်းက ရန်ကုန်မှာ အခင်ဆုံးသူငယ်ချင်း ရှိတဲ့အကြောင်းပြောရာက နွယ်နီလဲမ၀ိုင်းငယ်တို့နဲ့နီးချင်
လို့ကိုခိုင်လင်းကို ဒီလိုစီစဉ်ခိုင်းတာပါ .........

ကဲအားလုံးကို ကျွန်တော်ကပဲ မိတ်ဆက်ပေးပါမယ် ဒါကတော့ အမကြီးမနယ်သူပါ ၀ိုင်းငယ်ကတော့ အထူးပြောဘို့မလိုတော့ဘူးပေါ့
ဒါကတော့ သားကြီးကိုဟိန်းပါ ဒါကတော့ သမီးငယ်လွမ်းလိုင်းပါ ..........

ကိုမင်းထက်ဇက်ပြီးတော့ ကျွန်တော်အလှည့်ပေါ့ဗျာ ဒါကတော့အထူးပြောစရာမလိုတဲ့ ဒေါ်နွယ်နီပေါ့ ဒါကတော့ သားကြီးချစ်လွန်းသူပါ
ဒါကတော့ သမီးအလတ်သီတာညိုပါ ဒါကတော့အငယ်ဆုံးသမီးလေး သီတာနွယ်ပါ ..........

အခုလိုခင်မင်ရင်းနှီးခွင့်ရတာ အားလုံးကိုကျေးဇူးတင်မိပါတယ်ရှင် ကိုမင်းထက်ဇက်ရဲ့ ကျေးဇူးလို့ပဲပြောရတော့မှာပေါ့ ..........

ဟုတ်တယ်နွယ်လေ သူကအစစအရာရာ အားကိုးရသာပါ ကျောင်သားဘ၀ထဲကဆိုပါတော့နော် ........

ရှေးဟောင်းနှောင်းဖြစ်တွေကို တစ်ယောက်တစ်လှည့်ပြောရင်း ထမင်းစားဝိုင်းလေးဟာ အင်မတန်မှ ကျက်သရေမင်္ဂလာရှိလှပါတယ် စား
သောက်ပြီးတော့ ဧည့်ခန်းတွင်ဒေါ်နယ်သူ ပြင်ဆင်ထားပေးသော အချိုပွဲကိုစားကာ သားသမီးတွေကျောင်းကိစွ့အတွက် တိုင်ပင်ကြပြီး
ည ၁၀ နာရီထိုးမှာတော့ ဦးမင်းထက်ဇက်က ကိုဟိန်းကိုဧည့်သည်များအား လိုက်ပို့ခိုင်းလိုက်လေသည် .......

ကိုချစ်လွန်းသူက ကွန်ပြူတာဆက်တက်ပြီး ဘာလုပ်မယ်ရည်ရွယ်ထားလဲဗျ .........

ကျွန်တော်ကကွန်ပြူတာတက်ပြီးရင် စင်ကာပူကိုထွက်ပြီး အလုပ်လုပ်မယ်လို့ စိတ်ကူးထားပါတယ် .........

ကောင်းတယ်ဗျာ ကျွန်တော်လဲအဲဒီလို သွားချင်တာ ဖေဖေက ပွဲရုံမှာပဲလုပ်ရမယ်ဆိုလို့ဗျာ ညစ်နေတာအခုတော့ အဖေါ်ရတယ်ဗျာ
အဖေကိုပြောကြည့်အုံးမယ် ........

ဒါနဲ့မောင်ဟိန်းက ကျောင်းပြီးခံနီးပြီလား မပြီးသေးပါဘူးအန်ကယ် ဒီနှစ်မှစတက်တာပါ ပွဲရုံမှာက မေမေပဲဆိုတော့ ကျွန်တော်ကူနေရလို့
ကျောင်းကိုဒီနှစ်မှစတက်ရတယ်ဆိုပါတော့အန်ကယ်ရယ် .......ဆက်ရန်

No comments: