Tuesday, April 1, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၄ )

ကောင်းတယ်ကွာ ချစ်လွန်းသူကတော့ သမီးလွမ်းလိုင်းနဲ့ပဲ အတူတက်ရတော့မှာပေါ့ .........

ဟုတ်ပါတယ်အန်ကယ် ကျွန်တော်က နည်းပညာဆိုတော့ သံလျှင်မှာ သွားတက်ရမှာပါ လွမ်းကတော့ ကွန်ပြူတာတက္ကသိုလ်က အခု
ရွှေပြည်သာမှာ အသစ်ဖွင့်ထားတယ် ဒဂုံဘီယာစက်ရုံနားနီးတယ်ဆိုပါတော့ အန်ကယ် ...........

မောင်ဟိန်းရေ အရှေ့ကလမ်းထဲကို ကွေ့လိုက်နော် ..........

ဟုတ်ကဲ့ပါအန်ကယ် ..........

မင်းတို့မိသားစုလဲ အန်ကယ်တို့ ရောက်လာတာအတော်လေးကို ပင်ပန်းနေပြီကွာ ပြောလိုက်ပါကွာ မင်ထက်ဇက်ကို အထူးကျေးဇူးပါလို့

ဟုတ်ကဲ့ပါအန်ကယ် ကျွန်တော်ပြလိုက်ပါအုံးမယ် ...........

သမီလေးရေ ချစ်လွန်းသူက အခုမှရောက်တာဆိုတော့ သမီးကအစစအရာရာ ကျောင်းမှာဂရုစိုက်ပေးလိုက်ပါ .........

ဟုတ်ကဲ့ပါဖေဖေ သမီးတတ်နိုင်တာသူ့ကို လုပ်ပေးလိုက်ပါ့မယ် လာမည့်အပတ်ဆို သမီးတို့ကျောင်းစတတ်ရမယ်နော် ........

လောလောဆယ်တော့ သမီးကားကိုပဲ သုံးလိုက်နော် ကိုဟိန်းကတော့ ကျောင်းကားနဲ့ သွားပါစေ ယောက်ကျားလေးပဲ နောက်ဖေဖေ
အားတဲ့ရက်ကြတော့ ဖေဖေကားပေးသုံးလိုက်မယ် ...........

မေမေက အခုရောက်တဲ့ ကားအသစ်နဲ့ချိန်းမယ်ဆို ............

မချိန်းတော့ပါဘူး သမီးရယ်ပွဲရုံက ကားအကောင်းစားသုံးစရာ မလိုပါဘူး ပွဲရုံအသွားအပြန်က သမီးဖေဖေကားနဲ့ဆိုရပါတယ် ........

မဟုတ်တာနွယ်ရယ် ကိုကမ်းသာယာက 5% လျှော့ပြီးကားတစ်စီးပေးထားတယ် အဲဒါယူလိုက်ပါ နောက်တော့လဲ ဈေးကောင်းရရင်
ရောင်းစားလိုက်တာပေါ့ကွယ် သူကလဲသူ့ဆီကိုရောက်လာတဲ့ ကားကိုဒီက၀ယ်ရင် လဒ်ကောင်းလို့တဲ့လေယူလိုက်ပါ ......

ဒါဆိုလဲ ကိုလင်းသဘောပါပဲနော် နွယ်ကတော့ဘာမှပြောစရာမရှိပါဘူး ........

ကိုဟိန်း မသီတာညိုက လှလား .........

ဟာဒီကောင်မလေးကလဲ ဧည့်သည်လိုက်ပို့ပါတယ်ဆိုမှ သူ့ကိုသေချာမကြည့်ရဲပါဘူးဟာ ..........

အန်တီသိပါတယ် ထမင်းစားတုံးက မင်းသီတာညိုကို ကြည့်နေတာ တွေ့တယ်နော် ..........

ဟာအန်တီကလဲဗျာ သားဘာမှမကြည့်ပါဘူး အဟီး .........

အဒေါ်ဖြစ်သူက ပြောလိုက်တာကြောင့် ကိုဟိန်းဘာပြန်ပြောရမှန်းမသိကာ အိပ်ပေါ်ထပ်သို့တက်သွားတော့သည် ဒေါ်ဝိုင်းငယ်ကတော့
သားဖြစ်သူကို ရေချိုးပြီးမှအိပ်ရန် လှန်းပြောပြီး ဦးမင်ထင်ဇက်ကိုခေါ်ကာ ဘုရာခန်းသို့ ၀င်သွားလေတော့သည် လွန်းနှင့်ဒေါ်နယ်သူမှာတော့
လူမင်းကားကိုကြည့်ကာ ဧည့်ခန်းတွင်ထိုင်နေပြီး ဒေါ်နယ်သူက တူမဖြစ်သူအား ညနေကဧည့်သည်တွေရောက်လာလို့ မဆက်လိုက်ရ
တဲ့စကားကို အခုမှပြန်စလိုက်တော့သည် ............။

ဘယ်လိုလဲသမီး ကိုဟိန်းကိုတော့ သီတာညိုချောလားတဲ့ သမီးကရော ချစ်လွန်းသူ ချောရဲ့လား အန်တီကိုပြောပါအုံး .......

မချောပါဘူး အန်တယ်ရယ် ပုသိမ်သားငမဲကြီးကိုများ အဟီး ကြည့်မရပါဘူးနော် ...........

အခုမရလဲ ကျောင်းအတူတက်တော့ ကြည့်ရသွားမှာပေါ့အေ .........

ဟာ......အန်တီကလဲ တော်ပြီသမီးသွားအိပ်တော့မယ် ...........

ဒေါ်နယ်သူကတော့ အပျိုကြီးဘ၀နှင့်ကလေးတွေကို သံယောဇဉ်ဖြစ်ကာ အိပ်ထောင်မပြုပါပဲ ညီမဖြစ်သူဝိုင်းငယ်နဲ့သာအတူနေပြီး ငယ်စဉ်
ထဲကစောင့်ရှောက်လာခဲ့တော့ ကလေးတွေကိုမချုပ်ချယ်ပါပဲ သူငယ်ချင်းပေါင်းသာ ပေါင်းသင်းဆက်ဆံတာကြောင့် ကိုဟိန်းနှင့်လွမ်လိုင်း
တို့အသဲစွဲအဒေါ်ဖြစ်ခဲ့ရသည်ပေါ့ ............ဆက်ရန်

No comments: