Tuesday, April 1, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၅ )

သားတို့သမီးတို့ရေ နံနက်စာအဆင်သင့်ဖြစ်ပြီ လာခဲ့တော့နော် ............

နွယ်ရေ ဒီနေ့ကိုလင်းကို မင်းထက်လာကြိုမယ် ကမ်းသာယာစက်ရုံမှာ ကားသွားကြည့်လို့ ..........

အော် .......... အတော်ပဲကိုလင်းရေ မနေ့ကနွယ်မေ့သွားတယ် ပုသိပ်ကဟာလ၀ါတွေ ပါလာတယ်လေ ပြီးတော့နွယ်နီအတွက်ပါ
ပုသိမ်ထီးပါလာတယ် ၀ါးတစ်လုံးပုသိပ်ထီး ငါးလက်ပါတယ် နွယ်နီတို့သားအမိကို နှစ်လက်ပေးလိုက်မယ် ပြီးတော့ဟာလ၀ါကအစိုရော
အခြောက်ပါ ပါလာတယ် ကိုမင်းထက်လာရင် ကိုလင်းသတိပေးနော် .........

မိသားစုကော်ဖီဝိုင်းတွင်တော့ဒေါ်နွယ်နီက သားသမီးများကြိုက်တတ်တာကို စီစဉ်ပေးပြီး ဦးခိုင်လင်းကတော့ ပဲပြုတ်နဲ့နံပြားစားချင်တယ်
ဆိုတာကြောင့် သပ်သပ်ရပ်ရပ်လုပ်ပေးထားတဲ့ ဒေါ်နွယ်နီကို ဦးခိုင်လင်းကြည့်ကာ ပြုံးနေမိတော့သည် ...........

သာရေမင်းက ကိုဟိန်းဆီကို သွားမှာလား .........

ဟုတ်ကဲ့ပါ ဖေဖေ သားသူတို့ပွဲရုံမှာ ကျောင်းမတက်ခင် သွားလေ့လာမလို့ပါ ...........

အေးကောင်းတယ်ကွာ အဖေလဲနောက် သူတို့လုပ်ငန်းစဉ်ကိုကြည့်ပြီး ရှယ်ယာထည့်မလို့ ဂရုစိုက်နော် .......

ဟုတ်ကဲ့ပါဖေဖေ ..........

ကဲမင်းတို့သားအဖကတော့ သွားမယ်ဆိုရင် ကိုလင်းရေ နွယ်လဲသမီးတို့အတွက် ဈေးဝယ်ထွက်လိုက်အုံးမယ်နော် .......

နွယ်ကဘယ်လိုသွားမှာတုန်း မပူပါနဲ့ကိုလင်းရယ် ၀ိုင်းငယ်နဲ့ပြောထားပါတယ် ဒီနေ့ကပွဲရုံကို မောင်ဟိန်းနဲ့ထားပြီး နွယ်နဲ့အတူ လိုက်
ပေးမယ်တဲ့လေ ဖြစ်ပါတယ်ရှင် စောစောပြန်လာမယ်နော် မနက်စာတော့ အပြင်မှာပဲစားလိုက်ကြတာပေါ့နော် .........

ကောင်းပါပြီဗျာ ဟိုမှာမင်းထက်လဲ လာနေပြီ ကိုလင်းသွားတော့မယ် အော် ....နွယ်ပြောတာတွေ ထည့်ပေးလိုက်လေ .......

နေပါစေတော့ စောစောကနွယ်မေ့နေလို့ အခုတော့ဝိုင်းငယ်ကိုပဲ နွယ်ပေးလိုက်တော့မယ် ......

ကဲကောင်းပါပြီ ဒါဆိုသွားတော့မယ်နော် ..........

ဦးမင်းထက်ဇက်လာခေါ်တာကြောင့် ဦးခိုင်လင်းလိုက်သွားလေတော့သည် ဒေါ်နွယ်နီမှာလဲ ဒေါ်ဝိုင်းငယ်လာဒေါ်တာကြောင့်ပါသွားလေ
တော့သည် ချစ်လွန်းသူကတော့ ဖခင်ဖြစ်သူနှင့်အတူလိုက်သွားကာ ဘုရင့်နောင်ပွဲရုံတန်းတွင် ကျန်ခဲ့ပြီးကိုဟိန်းနှင့်အတူ လုပ်ငန်းခွင်
များကိုလေ့လာကာ နေ့လည်ထမင်းစားချိန်မှာတော့ ဦးပါပါးကို ပွဲရုံတွင်ထားကာ ချစ်လွန်းသူကိုခေါ်ပြီး အိမ်ပြန်ထမင်းစားကြလေသည် ။
ဆက်ရန် ........

No comments: