Tuesday, April 1, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၆ )

အိမ်ရှေ့မှာ မိုးသောက်ကားရပ်ထားပါလား ဒီကောင်ဘာလာလုပ်တာလဲမသိဘူး အတော်ပဲ ကိုချစ်လွန်းသူနဲ့ မိတ်ဆက်ပေးရမယ်
ဒီကောင်တွေက အရန်းချမ်းသာတယ် ဘုရင့်နောင်ပွဲရုံတန်းမှာလဲ ပွဲရုံတွေအများကြီးရှိတယ် ဘာမှအားမနာပါနဲ့ ကျွန်တော်သူငယ်
ချင်းလဲ အကို့သူငယ်ချင်းလို သောထားပေါ့နော် .........

ကဲပါကိုဟိန်းရယ် အကိုခေါ်မနေပါနဲ့ အသက်ကလဲအတူတူပဲဆိုတော့ သူငယ်ချင်းတွေ ခေါ်သလိုသာခေါ်ပါ ကျွန်တော်လဲကိုဟိန်းလို့ပဲ
ခေါ်မယ်နော် ဖြစ်တယ်မို့လား .........

ကောင်းပါပြီ ကဲလာအိမ်ထဲဝင်ကြစို့ဗျာ ...........

မိုးသောက်ရေ မင်းယောက်နေတာ ကြာပြီလားကွ ...........

ကြာပြီဆိုပါတော့ကွာ ဒါနဲ့ဒီအကိုက ဘယ်ကလဲ ငါ့ကိုလဲမိတ်ဆက်ပေးအုံးလေကွာ ငါနဲ့ကိုကိုမောင်လဲ ပြင်းတာနဲ့မင်းဆီကိုထွက်လာတာ
အခုတော့ အဖေါ်တစ်ယောက် ထပ်တိုးတာပေါ့ကွာ ........

ကဲငါကပဲမိတ်ဆက်ပေးမယ် ဒါကပုသိမ်ကရောက်လာတဲ့ ဖေဖေမိတ်ဆွေရဲ့သားပါ နာမည်က ချစ်လွန်းသူပေါ့ အသက်ကတော့အတူတူ
ပါပဲ ကိုချစ်လွန်းသူ ဒါကမိုးသောက်ပါ ဟိုတစ်ယောက်က ကိုကိုမောင်ပေါ့နော် ကျွန်တော်တို့က ဆယ်တန်းကို တစ်နှစ်ထဲအောင်ကြတာ
ဖြစ်ပါတယ် ခက်တာက ကိုချစ်လွန်းသူနဲ့ မေဂျာမတူဘူးဗျာ တူရင်တော့ကဲလို့ကောင်းတာပေါ့ ..........

အားလုံးမိတ်ဆက်ပြီး ဒေါ်နယ်သူစီစဉ်ပေးသော ထမင်းဟင်းကို စားသောက်ကာ ပွဲရုံသို့ပြန်သွားကြသည် ပွဲရုံရောက်တော့ ကိုဟိန်းက
စာရင်းခဏစစ်နေတုန်း ချစ်လွန်းသူ ကိုကိုမောင်နှင့် မိုးသောက်တို့မှာ ဂစ်တာတီးကာ သီချင်းဆိုနေကြလေသည် ညနေစောင်းတော့
ဒေါ်ဝိုင်းငယ်ပွဲရုံသို့လာမည် ဖြစ်တာကြောင့် ဂီတာကိုသိမ်းကာ ဒေါ်ဝိုင်းငယ်အလာကို စောင့်နေပြီး ဒေါ်ဝိုင်းငယ်ရောက်သည်နှင့် စာရင်း
တွေကိုအပ်ကာ ကိုဟိန်းက ချစ်လွန်းသူအားလိုက်ပို့ပြီး မိုးသောက် ကိုကိုမောင်နှင့်အတူ လိုက်သွားကာ ဘောလုံးသွားကန်ကြတော့
လေသည် ...........။

သားကြီးရေ ပင်ပန်းလား ........

မပင်ပန်းပါဘူးမေမေရယ် ဒီနေ့က ကုန်ပို့တာ ဦးပါပါးကလုပ်ပေးတယ် သားကမနက်ပိုင်းခဏစစ်ပေးပြီး ကိုဟိန်းနဲ့ထမင်းလိုက်စားတာ
အိမ်ရောက်တော့ သူငယ်ချင်းတွေရောက်လာလို့ စကားပြောနေကြတာနဲ့ သားလဲသိပ်မကြည့်လိုက်ရဘူး ဖေဖေပြန်မရောက်သေးဘူး
လားသွားတာကြာတယ်နော် .........

ကိုကြီးရေ ဒီမှာကြည့်စမ်း ညီမလေးလှလား ဟဲဟဲ

အောင်မလေး မိသီတာ ရန်ကုန်သူကြီးကြနေတာပါပဲလား သားအတွက်ရော ဘာတွေပါလဲမေမေ ........

ပါတာပေါ့ သီတာညိုယူလာလိမ့်မယ် လွမ်းလိုင်းဆံပင်လုပ်တာစောင့်နေလေရဲ့ သားရေ မကြာခင်ရောက်တော့မှာပါ ကဲကဲသမီးလေးရေ
ကိုကိုအတွက်အအေးယူပေးလိုက်ပါအုံး .........

ကိုကိုရော့ မေမေအခုပဲဖျော်စက်အသစ်ဝယ်လာပြီး စမ်းထားတဲ့ စတော်ဘယ်ရီဖျော်ရည်သောက်ကြည့်ပါအုံး ........

အိုဟိုကောင်းမှကောင်းပါလား ရှယ်ပဲနော် မေမေကအရန်းတော်တာပဲ .........

ကဲကိုယ်တော်ချော သောက်ပြီးရေချိုးပါ မအေကိုမြှောက်မနေနဲ့ သွားသွားမင်းဖေဖေလာခံနီးပြီ အားလုံးထမင်းအတူစားကြမယ် ...ဆက်ရန်

No comments: