Wednesday, April 2, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အခန်း ( ၇ )

အိမ်ရှေ့တွင်တော့ နောက်ဆုံးပေါ် Pajero တစ်စီးရောက်လာတာကြောင့် အိမ်သားများ အံသြရသည် Pajero ပေါ်မှဆင်းလာသူက
ဦးခိုင်လင်းဖြစ်ပြီး မိသားစုအားလုံးကို ခေါ်ကာကမ်းသာယာ စက်ရုံမှကားတစ်စီးဝယ်လာကြောင်း ဒေါ်နွယ်နီအား ပြောပြလိုက်ပြီးသား
ြုဖစ်သူ ချစ်လွန်းသူအား ကားမောင်းသင်ရန်လဲ ဦးခိုင်လင်းထပ်မံပြောကြားကာ ကားကိုသေချာလှည့်ပတ်ကြည့်ရင်းက ............

နွယ်ရေ ဘယ်နဲ့လဲကွ ကြိုက်ရဲ့လား ကိုလင်းကတော့ မင်းကြိုက်မယ်ထင်တာပဲ ..........

ကြိုက်ပါတယ်ရှင် ပုသိမ်မှာတုန်းက ဂျစ်ကားကို အကောင်းစားလောက်ထားစီးတာမို့ နွယ်ဘ၀မမေ့တတ်ပါဘူးနော် ........

နောက်ပိုင်းရက်များမှာတော့ ဦးခိုင်လင်းဟာ ချစ်လွန်းသူကို ကားပေးမောင်းခိုင်းပြီး မိသားစုလိုက် ရန်ကုန်မြို့ထဲသို့ ခဏခဏသွားတတ်
လေပြီး ဦးမင်းထက်ဇက်အိမ်ကိုလဲ အ၀င်အထွက်များလာတာကြောင့် မိသားစုများအရင်ကထက်ပိုပြီးရင်းနှီးကြရလေသည် ဒီလိုနဲ့ လွမ်း
လိုင်းနှင့်ချစ်လွန်းသူတို့ပင် အတူကျောင်းတက်နေရလေပြီ အစပိုင်းတွင်တော့ လွမ်းလိုင်းကားကိုသာ အသုံးပြုကြပြီး နောက်ပိုင်းတွင်တစ်
ခါတစ်လေ ချစ်လွန်းသူက အိမ်မှကားကိုယူလာတတ်သည် ဒီလိုနဲ့လွမ်းနှင့်ချစ်လွန်းသူတို့ ပထမနှစ်ကို ပြီးဆုံးခဲ့ကြပြီးဖြစ်သလို သီတာညို
ကလဲ စီးပွါးရေး ပထမနှစ်ကို ပြီးဆုံးခဲလေပြီ ဒုတိယနှစ်အစမှာတော့ သီတာညိုကျောင်းကို အ၀င်မှာပဲ သန့်စင်ဆိုသော ကောင်းလေးတစ်
ယောက်နှင့် စတင်ခင်မင်တော့သည် သန့်စင်က မိဘတွေချမ်းသာသလို့ မိန်းမပွေသော ကောင်လေးဖြစ်တာကြောင့် အားလုံးကသန့်ကို
ရည်းစားများသူ မိန်းကလေးတွေကို အပျော်တမ်းတွဲသူဟု ထင်မြင်ထားကြလေသည် ဒီသတင်းတွေကို ဦးခိုင်လင်းကြားတော့ သမီးဖြစ်
သူအားအရင်တုန်းကလို လွတ်လပ်ခွင့်မပေးတော့ပဲ ကျောင်းသွားကျောင်းပြန်ကို ဒရိုင်ဘာဦးအောင်အောင်နှင့်သာ အမြဲသွားရတော့လေ
သည် ဦးအောင်အောင်ဆိုတာကလဲ ပုသိမ်မှာနေထဲက သူတို့အိမ်တွင်ကားမောင်းခဲ့သူ ဖြစ်တာကြောင့် သီတာညိုထင်တိုင်းတော့ ကြဲလို့
မရပါ ဒီလိုနှင့် သီတာညိုကို ဦးခိုင်းလင်းက ဦးမင်းထက်ဇက်နှင့်တိုင်ပင်ကာ ကိုဟိန်းနှင့်စေ့စပ်ရန် ပြောကြားလိုက်ပြီး သီတာညိုကျောင်း
ပြီးပါကမင်္ဂလာဆောင်ရန် သဘောတူလိုက်လေသည် ဒီအကြောင်းကို သီတာညိုသိသောအခါ သန့်စင်ကို ပြောပြလိုက်လေသည် .....

မောင်ဘယ်လိုလုပ်ကြမလဲဟင် ညိုတော့ စိတ်ညစ်တာပဲသိတယ်မောင်ရယ် ..........

မပူပါနဲ့ညိုရယ် နောက်ထပ်အဝေးကြီးလိုပါသေးတယ် မောင်လဲညိုနဲ့မခွဲချင်ပါဘူး တကယ်လို့မိဘတွေက အတင်းစီစဉ်ရင် တော့ဘက်မှာ
မောင်အမျိုးတွေရှိတယ် ဒေးဒရဲဘက်မှာနေကြတာလေ အဲဒီကိုသွားကြမယ်နော် ........

မောင်ကိုညိုစိတ်ချမယ်နော် ဟိုမှာဦးအောင်အောင်လာနေပြီ ညိုသွားတော့မယ်နော် ညအချိန်ရရင် ညိုဖုန်းဆက်မယ်နော် .......

သမီးရေ အတန်းပြီးတာကြာပြီလား ဦးအောင်နည်းနည်းနောက်ကြသွားတယ်ကွာ ..........

ရပါတယ်ဦးအောင်ရယ် ဦးအောင်လဲပင်ပန်းနေရောပေါ့ ဒီမှာ ညိုအအေးဝယ်ထားတယ်နော် ဦးအောင်သောက်လိုက်ပါအုံး .......

အိုဟို ........ မဟုတ်တာသမီးရယ် နောက်မ၀ယ်ထားနဲ့နော် တော်ကြာဆရာသိရင် ဦးအောင်ကိုပြောနေပါ့မယ် .......

ညိုမပြောရင်မသိပါဘူး ဦးအောင်ရယ် အေးဆေးပါနော် ညီမလေးသီတာနွယ်ကို တစ်ခါထဲဝင်ကြိုမှာလား ...............

အေးပေါ့သမီးရဲ့ ဒီညနေဆရာက သမီးတို့ကြောင်းကပြန်ရောက်ရင် သူ့မိတ်ဆွေရဲ့သား ပြင်ဦးလွင်ကနေရောက်နေလို့ သွားတွေ့မယ်
ပြောနေတယ် နွယ်နွယ်ကိုကြိုပြီး အမြန်ပြန်ရမယ်လေ .........

ဦးအောင်အောင်စကားကြောင့် သီတာညိုအခက်တွေ့သွားရသည် သန့်စင်သာဖုန်းဆက်ရင်တော့ လွဲကြပြီပေါ့သူကလဲဆက်မရတော့ဘူး
ဆိုတဲ့အသိနဲ့ သီတာညိုအတွေးတို့ ယောက်ရက်ခပ်သွားတော့၏ ...........ဆက်ရန်

No comments: