Wednesday, April 2, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၈ )

ညီမလေးရေ အဆင်သင့်ဖြစ်ကုန်ပြီလား မမတူးတူးရော ရောချိုးကြတော့နော် ခဏနေရင် ဦးခိုင်လင်းတို့ မိသားစုရောက်လာတော့မယ်
၇ နာရီရောက်မယ်ပြောထားတယ် ညီမလေး သူဇာထွန်းက ပြီးရင်ကိုလေးဆီကိုလာအုံးနော် .............

ဟုတ်ကဲ့ပါ ကိုလေးရယ် ညီမလေးအခုရေချိုးတော့မလို့ပါ မမတူးတူးကပြီးသွားပြီ .........

ဒေါက်တာ ညီထွဋ်သည် ပြင်ဦးလွင်မှ ရန်ကုန်ကိုပြောင်းလာပြီး အမနှင့်ညီမဖြစ်သူကိုပါ ခေါ်လာကာ ဘိုဘွားပိုင်ဖြစ်သော ရွှေနှင်းဆီ
ကျောင်းလမ်းရှိ နေအိမ်တွင်အခြေချ နေထိုင်ကြလေပြီး မဟာစည်အထူးကုဆေးခန်းတွင် အထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်း
ဆောင်ကာ မိဘများကတော့ ပြင်ဦးလွင်တွင်ကျန်နေခဲ့လေသည် ဖေဖေဦးအောင်မြင့်နှင့် ဦးခိုင်လင်းတို့သည် ဗိုလ်သင်တန်းတစ်ပတ်စဉ်
ထဲကျောင်းဆင်းသူများဖြစ်တာကြောင့် ဦးခိုင်လင်းရန်ကုန်ရောက်ပြီ ဆိုတာကြောင့် အိမ်တွင်ညစာအတွက်စီစဉ်ပေးရန် ဖေဖေဦးအောင်
မြင့်က ဖုန်းဆက်တာကြောင့် ချက်ချင်းစီစဉ်လိုက်လေသည် ...........။

မောင်လေးရေ အ၀တ်စားလဲပြီးပြီလား ............

ဟုတ်ကဲ့ပြီးပါပြီမမရေ မောင်လေးအခုဆင်းခဲ့ပါ့မယ် ညီမလေးရေ ပြီးပြီလား ကိုလေးစီကိုလာပါအုံး ..........

ပြောလေကိုလေး ညီမလေးရောက်လာပြီ ................

ဒီမှာညီမလေးဝတ်ဖို့ ကိုလေးဝယ်လာပေးတာ ဒီနေ့မှရွှေစင်မှာ အသစ်တင်တာလေ ကိုလေးလဲသဘောကြတာနဲ့ ၀ယ်လာတာရော့ဝတ်
ကြည့်ပါအုံး မမရေလာကြည့်ပါအုံး ညီမလေးကို မောင်လေးဝယ်လာတာနဲ့ လိုက်ရဲ့လားမသိဘူး ..........

အောင်းမလေး ညီမအတွက်တော့ ပါတယ်ပေါ့လေ မမအတွက်တော့ ၀ယ်မလာဘူးပေါ့ သွားမောင်နှမနှစ်ယောက်စလုံး မမကိုလာမခေါ်
ကြနဲ့မမြင်ချင်ဘူး ..........

မမရယ်သိနေပါတယ်နော် ဒီမှာမမအတွက်က ကြည့်လိုက်အုံးနော် ..........

ဟယ်လှတယ်လှတယ် မလိုပါဘူးမောင်လေးရယ် မမကစနေတာပါ ကဲကဲဝယ်လာတော့လဲ ၀တ်ရတာပေါ့ကွယ် .......

မောင်နှမတွေအားလုံးစကားကောင်းနေစဉ် ကိုဇော်ရောက်လာပြီး ဧည့်သည်တွေလာနေပြီဆိုတာကြောင့် အားလုံးဦးခိုင်လင်းတို့မိသားစု
ကိုဆင်းကြိုလိုက်ကြပြီး ညစာသုံးဆောင်ကာ ဦးခိုင်လင်းက ဦးအောင်မြင့်နဲ့ ဆုံခဲ့ပုံ မောင်ညီထွဋ် ၃ နှစ်သားလောက်ထဲက ခွဲခွါသွားပုံများ
ကိုပြောပြကာ ရှေးဟောင်းနှောင်းဖြစ်များနှင့် သဘောကြနေကြသည် ...........။

အန်ကယ်လိုအပ်တာရှိရင်ပြောပါ ကျွန်တော်တတ်နိုင်တဲ့ဘက်က ကူညီပေးပါ့မယ် ညီလေးနှင့်ညီမလေးတို့ကလဲ လိုအပ်တာပြောပါ အကို
တတ်နိုင်တဲ့ဘက်က ကူညီပေးပါ့မယ် ........

အခုတော့ အန်ကယ်တို့လဲရောက်ကာစဆိုတော့ ရန်ကုန်မှာက အသိနည်းတယ်လေ မင်းကိုပဲ အားကိုးရမှာပေါ့ မောင်ညီထွဋ်ရယ် .....

ဖြစ်ပါတယ်အန် ပြောပါအားမနာပါနဲ့နော် ..........

တခြားတော့မဟုတ်ပါဘူး အန်ကယ်သမီးအငယ်ဆုံးက ဆေးကျောင်းတက်နေတယ် အားတဲ့အချိန်မှာ သီတာနွယ်ကို မောင်ညီထွဋ်ရဲ့
ဆေးရုံမှာ အန်ကယ်လေ့လာစေချင်တယ်လေ အဲဒါကူညီပေးပါနော် ........

ဟုတ်ကဲ့ပါအန်ကယ် ဖြစ်ပါတယ် ညီမလေးသီတာနွယ်က ကျောင်းအားရင်လာခဲ့ပေါ့နော် ဒီမှာဗဟိုစည်က အထူးကုဆေးရုံ လိပ်စာပါ
အချိန်မရွေးပြောနိုင်ပါတယ် ........

ကောင်းပါပြီကွယ် မင်းတို့မိသားစုကတော့ တကယ့်ကို လေးစားလောက်ပါတယ် မင်းအဖေလဲသူများကို အရန်းကူညီတတ်တာပဲဟေ့
ကဲဒါဆိုအန်ကယ်တို့လဲ ပြန်လိုက်အုံးမယ်နော် .........ဆက်ရန်

No comments: