Wednesday, April 2, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၉ )

လွမ်းရေ ညီမလေးရေ ဒီမှာချစ်လွန်းသူရောက်နေတယ် .............

ဟုတ်ကဲ့ပါ ကိုဟိန်းရေ ညီမလေးလာပါပြီ ..........

ချစ်လွန်းသူရေ ကားကိုသေချာမောင်းနော် ရွှေပြည်သာဘက်က ကားတွေကအမောင်းကျန်းတယ် ပြီးတော့လမ်းက သိပ်မကောင်းဘူး

စိတ်ချပါကိုဟိန်းရယ် ကျွန်တော်မောင်းတာအေးဆေးပါနော် မယုံရင်လွမ်းကိုမေးကြည့်ပါလား ..........

တော်ပါချစ်လွန်းသူရယ် မနေ့ကကံကောင်းလို့ ရထားအောက်ဝင်တော့မယ် ဟားဟား .........

ကဲလာသွားစို့ ကျောင်းနောက်ကြနေမယ် ..........

ချစ်လွန်းသူနှင့် လွမ်းလိုင်းတို့မှာ ကျောင်းသွားအတူစားအတူဖြစ်နေပြီး မိဘချင်းရင်းနှီးနေတာကြောင့် လွမ်းကတော့ချစ်လွန်းသူကို အကို
တစ်ယောက်လို သဘောထားပေမဲ ချစ်လွန်းသူက လွမ်း၏လှပမူ့ကို သဘောကြနေသည်မှာ ကြာခဲ့လေပြီ လွမ်းကိုဖွင့်ပြောချင်မေမဲ့ ချစ်
လွန်းသူတစ်ယောက် ပြောမရဲဖြစ်နေသည် ဒီလိုနှင့် ချစ်လွန်းသူနှင့်လွမ်းတို့ကြားသို့ မေစနိုးဆိုသော ကောင်မလေးက ၀င်ရောက်လာပြီး
ချစ်လွန်းသူကို အရန်းအရေးပေးနေတာကြောင့် လွမ်းတစ်ယောက် မကျေမနပ်ဖြစ်ရသည်ချစ်လွန်းသူက စကားအကောင်းပြောရင်တောင်
လွမ်းတစ်ယောက် အကောင်းမမြင်ဖြစ်ရာကနေ ချစ်လွန်းသူနှင့်ပြန်တိုင်းရန်ဖြစ်ရသည်ကအမောပေါ့ ..........

လွမ်းဘာတွေ စဉ်းစားနေတာလဲ ဗိုက်ဆာနေပြီလား အင်းစိန်မှာ ဒုတ်ထိုးသွားစားမယ်လေ .......

သွားပါနင်လာပြောမနေပါနဲ့ ငါမေစနိုးမဟုတ်ဖူးနော် .........

ခက်ပါလား လွမ်းရယ် သူ့လိုက်ကပ်နေတာပါ ငါစိတ်မ၀င်စားပါဘူးဟာ ..........

စိတ်မ၀င်စားလို့သာ တော်တော့တယ် မေစနိုးမို့လာရင် သွား ၃၂ ချောင်းအကုန်ပေါ်တယ် ဟင်း သွားပါဘာမှမစား အိမ်ပဲပြန်မယ် .......

ဒါဆိုရင်တော့ ဗိုက်ဆာတဲ့လေသံပါ ကဲပါဒီနေ့ဒုတ်ထိုးလိုက်ကျွေးမယ် စိတ်မဆိုးနဲ့တော့နော် .......

ဒါနဲ့တင်ဘယ်ရမလဲ အင်းစိန်ပန်းခြံနားက ကျေးအိုးပါ တိုက်ရမယ်နော် မတိုက်ရင်တော့ မနက်ကြရင် အိမ်မလာနဲ့ ဒါပဲ .........

ကဲပါတိုက်ပါမယ် မိရွှေလွမ်းရယ် ကျေနပ်တော့နော် ........

လွမ်းနှင့်ချစ်လွန်းသူတို့၏ ခင်မင်မူ့လေးများမှာ အရင်ကထက်ကို ပိုပြီးတိုးတက်လာကြလေသည် ညနေစောင်းတွင် အိမ်ပြန်နောက်ကြ
တတ်သော ချစ်လွန်းသူကို ဦးခိုင်လင်းကပင် မသင်ကာဖြစ်လာရသည် ဒေါ်နွယ်နီကိုလဲ မင်းသားကို ကြည့်ပြောအုံးဆိုတဲ့ မျက်နှာမျိုးနှင့်
သတင်းစာကိုဖတ်ကာ ချစ်လွန်းသူဝင်လာတာကို မသိချင်အောင်ဆောင်နေလိုက်၏ .........ဆက်ရန်

No comments: