Wednesday, April 2, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၁၀ )

သီတာညိုကျောင်းကိုရောက်သွားချိန်မှာတော့ သန့်စင်စောင့်နေသည်ကို သီတာညိုသတိထားမိလိုက်ပြီး ဦးအောင်အောင်ရှိနေတာကြောင့်
သီတာညိုအနီးရှိအဆောင်အတွင်းသို့ ၀င်သွားကာ သန့်စင်အားလက်ပြလိုက်ပြီး ဦးအောင်အောင် ကားပြန်ထွက်သွားတော့မှ သန့်စင်
ရောက်လာကာ မနေ့ကဖုန်းဆက်ဘာကြောင့် မကိုလဲဆိုပြီး သီတာညိုကိုရန်လုပ်တော့မှ သီတာညိုလဲ အကြောင်းစုံရှင်းပြကာ ကင်တင်း
သို့နှစ်ယောက်သားထွက်သွားကြလေသည် .............။

မောင် ...........

ပြောလေညို ...........

မောင်ရယ် အခုလိုနေတာကို ဖေဖေသိသွားရင်တော့ မောင်နဲ့တွေ့ရတော့မှာ မဟုတ်ဘူးနော် ..........

တွေးပူမနေပါနဲ့ ညိုရယ် မောင်နားလည်ပါတယ်နော် ကဲအခုညိုဘာစားမှာလဲ .........

ညိုနန်းကြီးသုတ်ပဲစားတော့မယ် မောင်ရယ် .....ဒါနဲ့မောင်ကိုပြောရအုံးမယ် အခုတလောမောင် ဆေးလိပ်တွေ အရန်းသောက်တယ်နော်

ဒီလိုပါပဲ ညိုရယ် မောင်လဲညိုနဲ့ ဝေးရမှာကိုတွေးပြီး ပူနေမိတာနဲ့ အလုလိုများများသောက်ဖြစ်တာပါ ........

မောင်ရယ်မသောက်နဲ့လို့ ညိုမပြောချင်ပါဘူး စိတ်ညစ်တာတော့ မှန်တာပေါ့နော် ရှော့သောက်ပါလား .........

ဟုတ်ပါညိုရယ် မောင်ရှော့သောက်ပါမယ် ကဲစားစားပြီးရင်အတန်းတက်ရအုံးမယ် ..........

ဒီနေ့တော့ ကိုဟိန်းတစ်ယောက် ကျောင်းကိုမသွားသေးပဲ အိမ်ရှေ့မှာ ယောင်လည်လည်လုပ်နေတာကြောင့် လွမ်းလိုင်းကကျောင်းလိုက်
ပို့ရန်ပူစာနေတာကြောင့် ညီမဖြစ်သူကို စိတ်ချမ်းသာစေရန် လိုက်သွားပြီး ချစ်လွန်းသူကိုဝင်ခေါ်ကာ ကျောင်းသို့လိုက်ပို့ပေးလိုက်သည်
ကျောင်းထဲကိုကားဝင်လိုက်တာနဲ့ လွမ်း၏သူငယ်ချင်းသုံးယောက်ကို တွေ့လိုက်တာကြောင့် လွမ်းကကားရပ်ခိုင်းကာ သူငယ်ချင်းများနှင့်
ကိုဟိန်းကို မိတ်ဆက်ပေးလိုက်လေသည် ............

ကိုကို ဒါညီမလေးရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ သူကတော့ စံပယ် အရန်းအစားပုတ်တယ် သူကတော့ နှင်းဆီတဲ့ ဒီတစ်ယောက်က
တော့ ဆူးလေးပါ သဘောကောင်းတယ်နော် နှင်းဆီကတော့ ဆူးများလို့ ညီမလေးကြောက်တယ် အဟိ.........

ဟုတ်ကဲ့ပါ တွေ့ရတာဝမ်းသာပါတယ် ကဲဒီနေ့တော့ ခင်မင်မူ့အရ ကျွန်တော်ကပဲဧည့်ခံပါရစေနော် စားချင်တာမှာစားနိုင်ပါတယ် .......

သူငယ်ချင်းကသုံးယောက်ဆိုပေမဲ့ ကိုဟိန်းတစ်ယောက် မြင်မြင်ချင်း ဆူးလေးကိုစိတ်ဝင်စားသွားပြီး ဆူးလေးနှင့်မျက်နှာချင်းဆိုင်ထိုင်ကာ
ဆူးလေးကို အသေအချာစိုက်ကြည့်နေတော့ ဆူးလေးအနေရခက်နေသည် ဒါကိုသတိထားမိသော နှင်းဆီက စကားစလိုက်တော့သည်

ဒါနဲ့အကိုက နာမည်လဲ မပြောသေးဘူးနော် ............

အော်............အင်း ........ ဟုတ်ကဲ့ပြောဘို့ မေ့နေတယ် ညီမလေးက ပြောထားပြီးထင်နေတာ အခုပြောပြမယ်နော် နာမည်ကတော့
ကိုဟိန်းပါ နည်းပညာကျောင်းသားတစ်ယောက်ပေါ့ အခုလက်ရှိသန်လျင်မှာ တက်နေပါတယ် ........ဆက်ရန်

No comments: