Wednesday, April 2, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၁၁ )

ကိုဟိန်းတစ်ယောက် ဒီမှာစကားကောင်းနေတာနဲ့ ဒီနေ့တော့ကျောင်းသို့ မသွားဖြစ်တော့ပါ လွမ်းတို့အတန်းတက်ပြီးသည်အထိ ကျောင်း
မှာပဲစောင့်နေလိုက်တော့သည် ညနေပိုင်းအတန်းပြီးတော့ ဆူးလေးအိမ်က ကားလာမကြိုတာနဲ့ ကိုဟိန်းလဲ သူ့ကားနှင်လိုက်ခဲ့ရန် ခေါ်
လာလိုက်ပြီး ဆူးလေးကိုလိုက်ပို့လိုက်တော့သည် ဆယ်မိုင်ကုန်းဗိုလ်တေဇလမ်းမှာ ဆူးလေးကဆင်းမယ်လုပ်တော့ ကိုဟိန်းကမဆင်းရန်
ပြောပြီးလမ်းထဲသို့ကားကိုချိုးကွေ့ကာ ၀င်သွားပြီးဆူးလေးကို အိမ်အထိလိုက်ပို့လိုက်သည် အမှန်တော့ ဆူးလေးရဲ့အိမ်ကို သူသိချင်တာ
ကြောင့် တဖက်လှဲ့နဲ့ လုပ်လိုက်ခြင်းဖြစ်ပါသည် လွမ်းလိုင်းကတော့ အကိုဖြစ်သူကို အကဲခတ်လိုက်ပြီး ချစ်လွန်းသူဘက်ကိုလှည့်ကာစ
ကားနာထိုးလိုက်တော့၏ .............

အင်း .......... ချစ်လွန်းသူတို့ကတော့ မပြောချင်ဘူး ကောင်မလေးများတွေ့လို့ကတော့ ဟင်းဟင်း.........

အယ်လွမ်းငါနဲ့ဘာဆိုင်လို့လဲ ဆူးလေးကိုတစ်ခါမှတောင် မကြည့်မိပါဘူးနော် .........

နှစ်ယောက်သားအတိုင်အဖေါက်ညီနေတာကြောင့် ကိုဟိန်းသဘောပေါက် အပိုတွေပြောမနေပါနဲ့ဆိုတဲ့ အကြည့်နဲ့လှည့်ကြည့်ကာ ။

ချစ်လွန်းသူရှေ့မှာလာထိုင်လေ ငါတစ်ယောက်ထဲထိုင်နေရင် မင်းတို့ရဲ့ ဒရိုင်ဖြစ်သွားလိမ့်မယ် ..........

အော်..........ဒီလိုလား တော်ကြာဆူးလေး ပြန်တက်လာရင် ဘယ်လိုလုပ်မလဲ ........

အဲဒီတော့လဲ နောက်ပြန်သွားပေါ့ ဟာဘာတွေလာပြောနေတာလဲ အခုမှဆင်းသွားတာ ဘယ်လိုပြန်တက်မှာလဲ ............

ကားပေါ်မှာတော့ အတွေးကိုယ်စီနှင့် အိမ်သို့ပြန်လာခဲ့ကြတော့သည် ဒီလိုနှင့် နေ့များစွာကိုဖြတ်သန်းရင်း တစ်နှစ်တာပြီးဆုံးချိန်ရောက်
ခဲ့ရတော့သည် တတိယနှစ်အစမှာတော့ ကိုဟိန်းနှင့်ဆူးလေးတို့ ချစ်သူဘ၀ကိုရောက်ခဲ့ရလေပြီးဖြစ်သလို လွမ်းနှင့်ချစ်လွန်းသူမှာလဲ
ချစ်သူဘ၀သို့ ရောက်ခဲ့ပါတော့သည် အချစ်ရဲ့အပျော်ရက်များစွာနှင့် တတိယနှစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်တော့သည် .....ဆက်ရန်

No comments: