Wednesday, April 2, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၁၂ )

သူဇာထွန်းတစ်ယောက် ကျောင်းပြီးသွားပြီဖြစ်လို့ ဗဟိုစည်အထူးကု ဆေးရုံတွင် အကိုဖြစ်သူအား ၀ိုင်းကူနေတော့သည် သီတာနွယ်က
တော့ ဆေးကျောင်းဒုတိယနှစ်တက်နေပြီး ကျောင်းအားရက်များမှာ ဗဟိုစည်ဆေးရုံသို့ရောက်လာကာ ဒေါက်တာညီထွဋ်နှ့အတူ လူနာ
များကို ၀ိုင်းဝန်းကြည့်ရူ့စစ်ဆေးပေးပြီး ညီထွဋ်ကလဲ အချိန်ရရင်ရသလို သီတာနွယ်အား စာသင်ပေးခြင်းလက်တွေ့များ ပြသပေးခြင်းတို့
ကြောင့် သီတာနွယ်တစ်ယောက် အတော်လေးပင် ကျွမ်းကျင်လာသည် ဆရာဝန်မလေး သူဇာထွန်းကတော့ အကိုဖြစ်သူကိုလဲကူရ ရန်
ကုန်ဆေးရုံကြီးမှာလဲ တာဝန်ယူထားရတာကြောင့် ဗဟိုစည်အထူးကုဆေးရုံတွင် အချိန်ပြည့်မရှိနိုင်ပါ ..........

ဟယ်လို ညီမလေးလား ဘာအရေးကြီးလို့လဲ .............

ဘာမှမအရေးမကြီးပါဘူး စောစောက မမတူးဖုန်းဆက်တယ် ကိုလေးဆီကိုဖုန်းဆက်တာ မကိုင်လို့တဲ့လေ နေ့လည်စာကို မမတူးက
ကိုဇော်ကိုလာပို့ခိုင်းမယ်တဲ့ အပြင်မှာမစားထားနဲ့တဲ့နော် အခုကိုလေးဘာလုပ်နေလဲ .........

ဒီနေ့မွေးလူနာရောက်နေလို့ အခုပဲခွဲခန်းထဲကထွက်လာ ထိုင်တုန်းရှိသေးတယ် ညီမလေးဆီကဖုန်းလာတာပဲ ဆိုပါတော့ကွာ ညီမလေး
ရေဂျူတီပြီးသွားပြီလား အခုဘာတွေလုပ်နေလဲ ........

ကိုလေးရေ ခဏနားနေတာပါ လူနာရောက်လာလို့လေ လူနာက သွေးလိုနေတာနဲ့ ညီမလေးအသိထဲက သွေးလှူမဲ့လူတွေကို ဖုန်းဆက်
ခေါ်ရင်း မမတူးဆီကဖုန်းဝင်လာတာနဲ့ ကိုကိုနဲ့ဆက်ပြောဖြစ်တယ်ဆိုပါတော့ ဂျူတီပြီးရင် ကိုလေးဆီကို လာခဲ့မယ်နော် ထမင်းစားစောင့်
နေအုံး ဒါပဲနော် ကိုလေးသွေးလှူမဲ့ လူတွေလာနေကြပြီ ........ ဘိုင် ဘိုင် ......

ကိုကြီးရေ ဒီမှာကော်ဖီပါ ............ပူပူလေးသောက်လိုက်အုံးနော် .........

အော်.........ရပါတယ် နွယ်ရယ် အလကားဒုကွ့ရှာလို့ကွယ် ..........

ဒီလိုပဲ ဘယ်ဟုတ်ပါ့မလဲ ကိုကြီးအကူအညီတွေကြောင့် သီတာနွယ်လဲ ပညာတွေအများကြီးရနေပါပြီနော် ဒါကြောင့်နွယ်က ကိုကြီးကို
တတ်နိုင်တဲ့ဘက်က ပြန်ကူတာပါ ......

ကောင်းပါပြီကွယ် ဒါနဲ့နွယ်ထမင်းစားပြီးပြီလား မစားရသေးရင် စောင့်အုံးနော် ဒီနေ့ကိုကြီးမမက နေ့လည်စာလာပို့လိမ့်မယ် ........

မစားရသေးပါဘူး ကိုကြီး အဟဲ မမတူးတူးလက်ရာ စားရအုံးမယ်ပေါ့ စောင့်မယ်နော် အခုနွယ်အောက်မှာ ဧည်သည်ရောက်နေလို့ ခဏ
စွားတွေ့လိုက်အုံးမယ်နော် ........

ကောင်းပြီလေ သွားပါအေးဆေးပေါ့နော် .............

ကိုဇော်တစ်ယောက် နေ့လည်စာလာပို့တာကြောင့် နေ့လည်စာကို အတူစားသောက်ရန် ပြင်ဆင်ကြတော့သည် ။

ကိုဇော်ရေ မမနေကောင်းတယ်မို့လား .........

ဟုတ်ကဲ့ကောင်းပါတယ် အကို့ဆီကို ဖုန်းဆက်မရလို့တဲ့ မမပြောနေတယ် .........

အော်.......အေး စောစောက ခွဲခန်းဝင်နေလို့ အခုတော့ မမတူးကို အကိုဖုန်းပြန်ဆက်လိုက်ပြီ ဒါနဲ့မင်းရော စားခဲ့ပြီလား မစားရသေးရင်
အတူဝင်စားနော် ဘာဟင်းတွေလဲကွ ပြစမ်းပါအုံး ..........

ဒါကအာလူးနဲ့ ကြက်သားပါ ဒါကတော့ ငါးရန်အူဟင်းလေ ဒါကတော့ မိုကန်စွန်း ဒါကဒညင်းဝက်နဲ့ ၀က်သားကို အချိုချက်ထားတယ်
ဒါက ဆူးပုတ်ရွက်နဲ့ ကြက်ဥမွေကျော်ပါ ဒါကတော့ပဲကုလားဟင်းပါ တို့စရာနဲ့ငပိချက်လဲပါတယ်နော် အကိုစားကောင်းမှာသေချာပါတယ်

များလိုက်တာကွယ် မမတူးတော့ပင်ပန်းတော့မှာပဲ ..........

ဟုတ်တယ်အကိုရေ မနက်က ဆယ်မိုင်ကုန်းဈေးကိုသွားပြီး အကိုတို့အတွက် စီစဉ်တော့တာပဲ အပြင်မှာစားရင် အဆင်မပြေမှာဆိုးလို့တဲ့
လေ မမတူးကတော့ အရန်းတော်တဲ့ အမတစ်ယောက်ပါ အော် ........ ဒါနဲ့ ကျွန်တော် အကို့ကိုပြောရအုံးမယ် ပဲခူးကကျွန်တော်အမ
တစ်ယောက်က အလုပ်လာရှာရင်း ကျွန်တော်နဲ့တွေ့တယ် အဲဒါမမတူးကိုကူဘို့ လူများလိုအုံးမလားမသိဘူး မမတူးကိုကျွန်တော်မပြော
ရဲလို့ပါအကို လိုအပ်မယ်ဆိုရင် ခေါ်ပေးပါလား .........။

သူကလူလွတ်လား အိမ်ထောင်သည်လား တခြားတော့မဟုတ်ဘူးကွ အိမ်ထောင်သည်ဆိုရင် အရက်သောက်တဲ့ ယောက်ကျားပါလာမှာ
ဆိုးလို့ပါ အရက်သောက်တဲ့သူပါရင် ဖေဖေလာရင်ဖြစ်မှာ မဟုတ်ဘူး ဖေဖေကအရက်သမားဆို အရန်းမုန်းတာကွ အဲဒါကြောင့်ပါ ......

လူလွတ်ပါအကို အသက်ကတော့ ၃၀ ကျော်လေးပဲရှိပါသေးတယ် ......

အေးကောင်းပါတယ် ခေါ်လိုက်ပါ အကိုမမတူးကို ဖုန်းဆက်လိုက်မယ်နော် ဟောအတောပဲ သူဇာထွန်းလဲလာပြီ သီတာနွယ်ကို ဟိုဘက်
အဆောင်မှာ သွားခေါ်လိုက်ပြီးရင် မင်းပြန်တော့နော် ........ဆက်ရန်

No comments: