Thursday, April 3, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၁၃ )

ကဲလာထမင်းစားကြမယ်ဟေ့ နွယ်ထည့်စားနော် အားမနာပါနဲ့ .......

ဟုတ်ကဲ့ပါ မမသူဇာ ..........

ကိုလေး ဒါကကိုလေးအရန်းကြိုက်တာဆိုတော့ အရင်ဦးချမယ်နော် ...........

အော် .......... ဒီကလေးနဲ့ ငပိချက်ဦးချရတယ်လို့ ငါးရန့်အူလေးဆို တော်သေးတယ် .........

စတာပါကိုလေးရယ် ဒီမှာငါးရန်အူပါ ငပိချက်က ညီမလေးအထဲကို ထည့်မလို့ပါ အဟိ ..........

ဟင်းတွေကလဲ ကောင်းနေတာကြောင့် ဒီနေ့တော့ ဆိုင်သွားရတာလွတ်သွားကြလို့ မောင်နှမတွေ ပျော်နေကြသည်ပေါ့ ထမင်းစားနေ
တုန်းဖုန်းဝင်လာတာကြောင့် ညီထွဋ်ဖုန်းကိုင်လိုက်ပြီး ဟုတ်ကဲ့လာခဲ့ပါမယ်ဆိုပြီး ဖုန်းလိုက်တာကြောင့် သူဇာနွယ်အကိဖြစ်သူကို မသင်
ကာဖြစ်ရလေသည် ........

ကိုလေး ဘယ်သူလဲ မှန်မှန်ပြောနော် မဟုတ်ပါဘူး ညီမလေးရယ် ........

ညီမလေးသိပါတယ် ဒီလေသံက တစ်ယောက်ယောက်က ခေါ်တဲ့အသံပါနော် .........

ကဲကဲစားကြပြီးတော့ ပြောပြမယ် .......

မရဘူး အခုပြော မစားပဲနားထောင်နေမှာနော် .........

ကဲကဲပြောပါ့မယ်ကွာ သဇင်အိမ်ကဖုန်းဆက်တာပါ ဒီနေသဇင်လန်ဒန်ကနေ ပြန်ရောက်မယ်တဲ့လေ အဲဒါသွားကြိုကြမယ် ကိုလေး
၃ နာရီထိုးရင် သွားရမယ် ........

ညီထွဋ်က သဇင်ကိုသွားကြိုအမည်ဆိုတာကြောင့် သီတာနွယ်မျက်နှာပျက်ကာ ထမင်းစားဝိုင်းမှ ဘာမှမပြောပဲထသွားတာကြောင့်
သူဇာနွယ်က ဘာဖြစ်တာလဲဟု ညီထွဋ်ကို မေးငေါ့ကာမေးလိုက်တော့ ညီထွဋ်လဲအသံတိတ်ပင် ခေါင်းခါပြလိုက်လေသည် သူဇာထွန်း
ရိပ်မိလိုက်ပါပြီ သီတာနွယ်တစ်ယောက် ညီထွဋ်ကို တဖက်သတ်ကြိုက်နေလေသည် ညီထွဋ်ကတော့ သီတာနွယ်ကို ညီမလေးလိုသာ
သဘောထားခဲ့ခြင်းဖြစ်လေ၏ ညီထွဋ်စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါ ညနေ ၃ နာရီထိုးတော့ ညီထွဋ်လဲ အပြင်သို့
ထွက်သွားလေတော့၏ ................။

သီတာနွယ် ........ သီတာနွယ် ..........

ရှင် ....... ရှင် ........ မမသူဇာထွန်း

ဘာတွေတွေးနေတာလဲ ညီမလေး ..........

အော်ဘာရယ်မဟုတ်ပါဘူး မမသူဇာ စောစောက ပြောတဲ့မသဇင်ဆိုတာက ကိုကြီးချစ်သူလားဟင် ........

ဟုတ်တယ်နွယ်ရဲ့ သူတို့က မကြာခင်လက်ထပ်ကြတော့မှာလေ ဘာဖြစ်လို့လဲ .......

အော် ........ ဘာမှမဖြစ်ပါဘူး အကိုတစ်ယောက်ဆုံရူံးသွားရသလို ရင်ထဲမှာခံစားရလို့ပါ .......

မသူဇာနားလည်ပါတယနွယ် စိတ်ထဲမှာ ဘာမှမထားပဲ ပျော်ပျော်ရွှင်ရွှင်နေနော် ရော့ဒီမှာ ပန်းသီးစားလိုက်အုံးနော် .......

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် မသူဇာထွန်း ........

ဒီနေ့တော့ သူဇာထွန်းက သီတာနွယ်ကို အိမ်ထိလိုက်ပို့ပြီးမှ အိမ်သို့ပြန်သွားရတော့သည် သီတာနွယ်အိမ်ရောက်တော့ ပြသနာစလေပြီ
ဦးခိုင်လင်းတစ်ယောက် သောင်းကျန်းနေတာကြောင့် သူဇာထွန်းပင်အိမ်ထဲ မ၀င်ရဲဖြစ်ရသည် ဒီနေ့မှဖြစ်ချင်တော့ ဦးအောင်အောင်နေမ
ကောင်းလို့ ဦးခိုင်လင်းနှင့် ဒေါ်နွယ်နီတို့ သီတာညိုအား သွားကြိုကြရာ သီတာညိုနှင့် သန့်စင်တို့ကို ဦးခိုင်လင်းမိသွားပြီး သမီးဖြစ်သူကို
လဲ အိမ်ထဲကအိမ်ပြင်မထွက်ရန် အမိန့်ထုတ်လိုက်တော့သည် သီတာညိုအား အခန်းအတွင်းထည့်ကာ သော့ပိတ်ထားလိုက်လေသည် .ဆက်ရန်

No comments: