Thursday, April 3, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၁၄ )

ညီထွဋ်လဲ သဇင်ကိုသွားကြိုကာ အိမ်သို့ဝင်လာပြီး သဇင်တို့မိသားစုနှင့် အိမ်တွင်ညစာစားပြီးမှာ သဇင်ကိုလိုက်ပို့လိုက်လေသည် သဇင်
မိဘများပါနေတာကြောင့် ညီထွဋ်နှင့်သဇင် လွတ်လပ်စွာစကားမပြောလိုက်ရပါ သဇင်သည်နှလုံးရောဂါအထူးကုအဖြစ် လန်းဒန်တွင်ပ
ညာသင်ကြားကာ ပြန်လာသူဖြစ်ပြီး မကြာမှီမှာပင် ကိုပိုင်အထူးကုဆေးရုံထူထောင်ရန် ညီထွဋ်နှင့်တိုင်ပင်ကာ လန်ဒန်တွင် ၈ နှစ်ကြာနေ
ထိုင်ပြီး ပြန်ရောက်လာသူဖြစ်လေသည် သဇင်ပြန်ရောက်လာပြီဖြစ်လို့ ညီထွဋ်လဲဝမ်းသာသွားသည် နောက်ရက်များမှာတော့ သဇင်နှင့်
ညီထွဋ်တို့ ကိုပိုင်ဆေးရုံဆောက်လုပ်ထားရာ နေပြည်တော်သို့ ခရီးထွက်ကြလေသည် .........။

နွယ်ရေ ..........

ရှင်ကိုလင်း ပြောလေ .............

မင်းသမီးကြီး ထမင်းရော စားရဲ့လား ..........

မစားပါဘူးကိုလင်းရယ် နွယ်တော့စိတ်ညစ်တော့တာပါပဲ သူ့ကောင်လေးက မိန်းမရူပ်တာ သေချာလို့လားကိုလင်းရယ် နွယ်ကြည့်ရတာ
တော့ခပ်အေးအေးပါ ..........

အေးတာတွေ မအေးတာတွေနားမလည်ဘူး တော်ကြာမင်းထက်တို့ကို ဘယ်လိုမျက်နှာပြရမှာလဲ ခက်တာပါပဲကွာ မစားလဲနေပါစေ ပစ်
ထားလိုက် နောက်ဆာရင် သူဆင်းလာလိမ့်မယ် ကဲကိုလင်းလဲ အလုပ်ကိစွ့ချိန်းထားတာရှိတယ် သွားတော့မယ် ချစ်လွန်းသူရေ ဖေဖေ
ဒီနေ့ကားယူသွားမယ် မင်းလဲလိုက်ခဲ့ မင်းထက်တို့အိမ်မှာဆင်းပေါ့ သွားကြမယ် .........။

သမီးငယ်ရေ သူ့အဖေသွားတုန်း သီတာညိုကို အောက်ဆင်းခဲ့လို့ သွားခေါ်လိုက် မေမေပြောစရာရှိတယ် .......

ဟုတ်ကဲ့ပါမေမေ သမီးသွားခေါ်လိုက်ပါ့မယ် ......... မမညိုမေမေခေါ်နေတယ် ........

သီတာညိုငိုနေရာက မိခင်ခေါ်နေတာကြောင့် ထလိုက်လာခဲ့ပြီး မိခင်နားတွင် အပစ်မဲ့တဲ့ကလေးငယ်လေးလိုထိုင်ကာ ငိုနေပြန်တော့မိခင်
ဖြစ်သူစိတ်မကောင်းဖြစ်ရသည်ပေါ့ ဒေါ်နွယ်နီကတော့ သမီးနှင်ယောက်ကျားကြားမှဗျာများနေတော့၏ .....။

ခက်တာပဲသမီးရယ် ညည်းကောင်လေးက အနေမအေးဘူးဆို ဟုတ်လား ..........

အရင်ကတော့ဟုတ်ပါတယ်မေမေ အခုတော့သူလဲသမီးတစ်ယောက်ထဲကိုပဲ ချစ်နေတာပါ သမီးတို့ချစ်ချင်းကို မခွဲပါနဲ့နော် ဖေဖေကိုသမီး
အရန်းကြောက်တယ်မေမေရယ် ဖေဖေကပုသိမ်မှာနေတုန်းကလိုပဲ စိတ်ဆိုးရင် အရန်းကျောက်စရာကောင်းတယ် ........

အခုတော့မေမေလဲဘာမှမပြောချင်ပါဘူး သမီးကျမ်းမာရေးက ရှိသေးတယ်မို့လား အစားလေးတော့မူမပျက်ပုံမှန်စားပေးပါ ......

ဟုတ်ကဲ့ပါမေမေ သမီးဆင်ချင်ပါ့မယ်နော် ...........ဆက်ရန်

No comments: