Thursday, April 3, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း( ၁၅ )

ညီထွဋ်က ဆောက်လုပ်ပြီးစီးသွားသော နေပြည်တော်မှ အထူးကုဆေးရုံကို သဇင်အားလိုက်ပြရာ အမဖြစ်မတူးတူးနှင့်ညီမလေး သူဇာ
ထွန်းလဲလိုက်ပါလာလေသည် အားလုံးက ၅ ထပ်ဆေးရုံကြီးကို သဘောကြနေကြသည် ညီထွဋ်နှင့်သဇင်တို့မှာ မျိုးရိုးစင်ဆက်ကချမ်း
သာသူများဖြစ်တာကြောင့် ကိုယ်ပိုင်ဆေးရုံကြီးကို မိသားစုနှစ်စုပေါင်းကာ ဆောက်လုပ်ထားခြင်းဖြစ်လေသည် ဦးကကြီးနှင်ဦးချီရွန်တို့
ကဆေးရုံကြီးပြီးစီးမူ့အခြေအနေကိုလိုက်ပြကာ ညီထွဋ်နှင့်ငဇင်တို့က လိုအပ်သည်များကို မှားကြားကာ ရန်ကုန်သို့ပြန်လာခဲ့တော့သည်

သဇင်ဘယ်လိုလဲ သဘောကြရဲ့လား ..........

ဟုတ်ကဲ့ရှင့် .......သဘောကြပါတယ် ကိုကိုလဲဆေးရုံကြီးအတွက်အတော်လေးကို ပင်ပန်းမှာပဲနော် .........

မပင်ပန်းပါဘူး သဇင်ရယ် ကိုကိုကငွေထုတ်ပေးပြီးတစ်ခါတစ်လေမှ လာကြည့်ဖြစ်တာပါ ဆိုက်တာဝန်ကို ဦးကကြီးကယူပေးထားတာပေါ့
အော်....ညီမလေးမနေ့က ကိုလေးကို ပြောထားတာကိုလေးမေ့နေတယ် သဇင် သူဇာထွန်းကမေးနေတယ် သူ့အတွက်ဘာမှမပါဘူးလား
တဲ့လေ အဲဒီကိစွ့ရှင်းကြပါအုံးကွာ ........

ဟာကိုလေးကလဲ သူဇာရှေ့မှာမေးရလား ကိုလေးကို မခေါ်တော့ဘူး .......

ကဲကဲကလေးစိတ်ကောက်နေပြီ မြန်မြန်ဖြေလိုက်နော် .........

ပါတာပေါ့ ညီမလေးရယ် မမတူးတူးအတွက်ပါ ပါလာတယ်နော် ဒီနေ့အိမ်ကိုလိုက်ခဲ့ကြအုံးလေ အိမ်မှာထမင်းစားပြီးမှပြန်ကြပေါ့ လက်
ဆောင်တွေလဲ တစ်ခါထဲယူသွားနော် ကိုကိုအတွက်က နာရီပါလာတယ် ကဲဘယ်လိုလဲညီမလေး စိတ်ချမ်းသာပြီလား .......

ရပါတယ်မမရယ် အခုတော့စိတ်အေးရတာပေါ့ ..........

အန်မယူဘူးများပြောမလားလို့ မမညျီကတော့ကွာ မပြောချင်ဘူး ........

အမဖြစ်သူမတူးတူးက ညီမဖြစ်သူ၏ ခေါင်းလေးကို ပုတ်ကာပြောလိုက်လေသည် ရန်ကုန်ပြန်ရောက်ပြီး ညစာကိုသဇင်အိမ်တွင်စားကာ
ညီထွဋ်တို့မောင်နှမသုံးယောက် အိမ်ပြန်ရောက်လာတော့ ကိုဇော်ကဦးခိုင်လင်း ဖုန်းဆက်ကြောင်းပြောတာနဲ့ ပြန်ဆက်လိုက်တော့ လာ
မည်အပတ်တွင် ကိုဟိန်းနှင့်သီတာညိုတို့၏ စေ့စပ်ပွဲဖြစ်ကြောင်းသိလိုက်ရလေသည် ..........

ကြာသပတေးနေ့သို့ရောက်သော သီတာညို၏အတန်းဖေါ်သူငယ်ချင်း ငွေလနှင့် ngwe တို့အိမ်သို့ရောက်လာပြီး လက်ကြိတ်ထိုးကာ
သီတာညိုအားစာတစ်စောင်ပေးကာ ပြန်သွားကြတော့သည် သီတာညိုလဲ စာရတယ်ဆိုရင်ပဲ မိဘများမသိရလေအောင် ခါးကြားလိမ်
ကာအိပ်ခန်းသို့ဝင်သွားလေပြီး စာကိုဖတ်လိုက်တော့ သန့်စင်စီမှစာဖြစ်တာကြောင့် ၀မ်းသာသွားတော့သည် ......လာမည်တနင်္ဂနွေနေ့
မှာတော့ သီတာညိုတစ်ယောက် သန့်စင်နောက်သို့ လိုက်သွားပြီး ........ဆက်ရန်

No comments: