Thursday, April 3, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၁၆ )

ဖေဖေနှင့်မေမေ မမသီတာညို ယောက်ကျားနောက်လိုက်သွားပြီ ဒီမှာစာရေးထားခဲ့တယ် သမီးဖြစ်သူ သီတာညို ယောက်ကျားနောက်
လိုက်သွားသည်ဆိုသော သတင်းကြောင့် ဦးခိုင်လင်း နှလုံးသွေးတို့ ရပ်တန့်သွားတော့မလို ဖြစ်ရပြီးရပ်နေရာကပင် လဲကြသွားတော့မည်
ဖြစ်တာကြောင့် ဒေါ်နွယ်နီတစ်ယောက် ခင်ပွန်းသည်ကို ဖေးမရှာသည် ဦးခိုင်လင်းကတော့ သူ၏မိသားစုအပေါ်ကို ချုပ်ချယ်မိသမျှနောင်
တရလို့မဆုံးတော့ပါပဲ နေရာတွင်နှလုံးသွေးရပ်ကာ လဲကြတော့မလိုဖြစ်နေချိန်မှာပဲ ဒေါ်နွယ်နီစိတ်ထိခိုက်ကာ .......

ကိုလင်းရယ် ရှင်သမီးကို မချုပ်ချယ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်တော့ဘူး အခုတော့ ကိုမင်းထက်ဇက်နှင့် မ၀ိုင်းငယ်တို့ကို ဘယ်လိုမျက်နှာပြ
ရပါပမလဲတော် ကျမတော့သေသာသေလိုက်ချင်တော့တယ် ကိုလင်း ........ ကိုလင်းရှင်ကျမပြောတာကြားလား ........

ဒေါ်နွယ်နီပြောနေပေမဲ့ ဦးခိုင်လင်းလုံးမမသိတော့တာကြောင့် သီတာနွယ်လဲ ညီထွဋ်ဆီကိုဖုန်းဆက်ကာ အကြောင်းကြးလိုက်တော့ ဗဟို
စည်ဆေးရုံမှ အရေးပေါ်ကားနှင့်လာကြိုကာ ဦးခိုင်လင်းကို အရေးပေါ်လူနာဖြစ် တင်ထားလိုက်ရလေတော့သည် ။

မောင်ညီထွဋ် မင်းအန်ကယ်ဘယ်လိုနေသေးလဲ .......

အခုတော့အောက်စီဂျင်လွတ်ပေးထားရတယ် သိပ်တော့မဆိုးရိမ်ပါနဲ့နော် ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားပေးမှာပါ ဒါနဲ့ အန်တီ
ငွေရောဘယ်လောက်သွင်းခဲ့ရလဲ ...........

အခုတော့ ဘာမှန်းမသိတာနဲ့ ငွေငါးသိန်းသွင်းထားတယ် ဘယ်လောက်ကုန်မယ်ဆိုတာတော့ မသိသေးပါဘူး .........

ရပါတယ်အန် ကျွန်တော်လူနာလို့ ပြောထားလိုက်ပါ့မယ် စိတ်အေးအေးသာထားပါနော် ........

သီတာညိုနှင့်သန့်စင်တို့ကတော့ ဒေးဒရဲဘက်သို့ ခရီးထွက်သွားကြပြီး လက်ခုပ်ကုန်းကန်းခြေတွင် အေးချမ်းစွာအနားယူကြသည်ပေါ့
သီတာညိုလဲမိမိလုပ်ရပ်ကို စိတ်မကောင်းဖြစ်နေရာက ရန်ကုန်သို့ဖုန်းပြန်ဆက်ရာ အိမ်တွင်ဖုန်းကိုင်မည့်သူ မရှိတာကြောင့် စိတ်ပူကာ
ကိုဟိန်းဆီကိုလှမ်းဆက်မေးတော့ ဦးခိုင်လင်းဆေးရုံတင်ထားရကြောင်းကို ကိုဟိန်းကပြောပြလိုက်တော့ သီတာညိုလဲရန်ကုန်ပြန်ရန်
သန့်စင်ကိုပြောပေမဲ့ ခွဲရမည်စိုးတာကြောင့် သီတာညိုကို သန့်စင်က ပြန်မလွှတ်တော့ပဲ လက်ခုပ်ကုန်းကမ်းခြေတွင်သာ ဆက်လက်နေ
ထိုင်လိုက်ကြသည် ကိုဟိန်းကတော့ သီတာညိုမရှိတော့တာကြောင့် မိခင်အား ဆူးလေးနဲ့ချစ်ကြိုက်နေကြောင်းကို ပြောပြလိုက်တော့
ကျောင်းပြီးလျှင်မိဘချင်းပြောကာ လက်ထပ်ပေးရန် ဒေါ်ဝိုင်းငယ်က စီဉ်ပေးလိုက်လေတော့၏ ...........

ဆူးလေး .........

ရှင်ကိုဟိန်း ...........

ဒီနေ့အိမ်လိုက်ခဲ့နော် ...............

ဖြစ်ပါ့မလားကိုရဲ့ တော်ကြာကို့မေမေက ပြောနေပါ့မယ် ဆူးမလိုက်ရဲပါဘူးကိုရယ် ........

မဆူပါဘူးလိုက်ခဲ့ပါ မေမေကဆူးနဲ့ကို့ကိုယ် သဘောတူလိုက်ပြီနော် ............

ဟယ်တကယ်ပေါ့လေ အဲဒါကြောင့်ကိုဟိန်းကို အရန်းချစ်နေရတာပေါ့ ရွှတ် ......

ဟင်........ဘယ်လို ဘာပြောတယ် ကိုမကြားလိုက်ဖူး ပြန်ပြောပါအုံး ပြီးတော့ပါးကိုပူထွက်သွားတာပဲ ဘာကောင်ကိုက်သွားတာလဲ
မသိပါဘူးကွာ ကြည့်ပေးပါအုံး .............

သွားလူလည်ကြီးလာမပြောနဲ့ နားရှက်တယ် ........ ဆက်ရန်

No comments: