Thursday, April 3, 2008

နားလည်မူ့တွေပေးနိုင်ခဲ့မယ်ဆိုရင်

အပိုင်း ( ၁၈ )

သီတာညိုကို ခေါ်လာကာ ကိုဟိန်းနှင့်ဆူးလေးတို့ ရန်ကုန်ကိုပြန်ရောက်လာပြီး သီတာညိုကိုတော့ ကိုဟိန်းကအိမ်တွင်ထားကာ
ချစ်လွန်းသူအား ဖုန်းဆက်ကာ ပွဲရုံသို့လာပါရန်ခေါ်လိုက်လေသည် ချစ်လွန်းသူပွဲရုံရောက်တော့ ကိုဟိန်းကအားလုံးကို ရှင်းပြလိုက်ပြီး
ချစ်လွန်းသူကို အိမ်သို့ခေါ်သွားကာ သီတာညိုနှင့်တွေ့ပေးလိုက်လေသည် သီတာညို၏အဖြစ်ကို မြင်လိုက်ရသော ချစ်လွန်းသူမှာ မျက်
ရည်များပင်ကြခဲ့ရ၏ သီတာညိုမှာလဲ ချစ်လွန်းသူကိုမြင်ကာ ဖက်ပြီးငိုတော့လေသည် ဒေါ်ဝိုင်းငယ်ကတော့ သီတာညိုကိုကြည့်ကာစိတ်
မကောင်းဖြစ်ပြီး ဒေါ်နွယ်နီကိုပါ လှမ်းခေါ်လိုက်သည် ကံကောင်းချင်တော့ ဦးခိုင်လင်းအိမ်မှာမရှိသောကြောင့် ဒေါ်နွယ်နီလဲ သီတာညိုကို
အိမ်သို့ပြန်ခေါ်လာကာ ရေချိုးအ၀တ်အစားလဲခိုင်းပြီး အခန်းအတွင်းတွင်နေရန်မှာကာ ပြန်ဆင်းလာလေသည် .........။

အိမ်အောက်ရောက်တော့ ဦးခိုင်လင်းပြန်လာတာနှင့်တိုးလေသည် ဒေါ်နွယ်နီလဲ ဘာပြောရမှန်းမသိဖြစ်ကာ ကြောင်အမ်းအမ်းကြည့်နေ
လိုက်ပြီး ..........

နွယ်မင်းဘာဖြစ်နေတာလဲ မင်းကြည့်ရတာလဲ တုန်တုန်ရင်ရင်နဲ့ပါလား ..........

အော်........ဘာမှမဖြစ်ပါဘူး ကျမရေအေးသွားယူလိုက်ပါအုံးမယ် ........

ဦခိုင်လင်းကတော့ ဘာမှမပြောပဲ သတင်းစာကိုဖတ်နေလိုက်ပြီး သီတာညိုဘယ်အချိန်က ပြန်ရောက်တာလဲ မေးလိုက်ရာ ဒေါ်နွယ်နီလဲ
မေ့ပြီးနေ့လည်ကဟုပြန်ဖြေလိုက်တော့သည် ဦးခိုင်လင်းဘာမှာ မပြောသေးပါပဲ သီတာညိုကို အောက်သို့ဆင်းလာရန် ချစ်လွန်းသူအား
ခေါ်ခိုင်းလိုက်ပြီး ...........သီတာညိုကိုမြင်လိုက်တယ်ဆိုရင်ပဲ ...........

ခွေးအမိုက်မ နင်မိဘမျက်နှာကို အိုးမဲသုတ်ကောင်မ ကဲဟာ ........ ပါးကိုဘယ်ပြန်ညာပြန်ရိုက်လိုက်ပြီး ......

နင်အခုငါမျက်စိရှေကထွက်သွား နင့်မျက်နှာကို ငါမမြင်ချင်ဘူး နင်ကြောင့်အရှက်ရတယ်သလား နင်အခုဘာလာပြန်လုပ်တာလဲ နင်မ
ရှက်ပေမဲ့ ငါရှက်တယ် .......

ကိုလင်းရှင်လုပ်ပြန်ပြီလား ရှင်ကြောင့်သမီးဒီလိုဖြစ်ရတာ ရှင်သာသားသမီးတွေကို အရင်ထဲက မချုပ်ချယ်ဘူး မရက်စက်ဘူးဆိုရင်ဒီလို
ဘ၀မျိုးကိုရောက်မှာမဟုတ်ဘူး ရှင်ကိုမပြောချင်လို့ ရှင်ကျမတို့မိသားစုကို တစ်စက်ကလေးမှနားလည်မူ့မပေးဘူး ရှင်ဟာလေ အရန်းကို
ရက်စက်တဲ့ယောက်ကျားပဲ ရှင်သမီးကို မမြင်ချင်ရင် ကျမပါလိုက်သွားမယ် ရှင်ပဲဒီမှာနေခဲ့ ရှင်ဟာဘယ်တော့မှ နားလည်မူ့ပေးနိုင်မဲ့သူ
မဟုတ်တော့ဘူး ............

ဒေါ်နွယ်နီလဲ ပြောရင်စိတ်မကောင်းဖြစ်ကာ ငိုတော့သည် ဦးခိုင်လင်းလဲ သူ၏အမှားများကို ပြန်လည်မြင်ရောင်ကာ ချစ်လွန်းသူကို ကား
ထုတ်ခိုင်းပြီး ဦးမင်ထက်နှင့် သံလမ်းဘီယာဆိုင်တွင်သွားထိုင်ရင် ဘီယာနှင့်အရက်များကိုသောက် ဦးမင်းထက်အားရင်ဖွင့်တော့သည် .။
ဦးမင်းထက်လဲ အကြိုးအကြောင်းပြောပြကာ ဦးခိုင်လင်းကို ပြန်လွှတ်လိုက်လေတော့သည် ညပိုင်းတော့မူးနေတာနှင့်ဘာမှမပြောနိုင်
တော့ပါပဲ ဦးခိုင်လင်းအိပ်ပျော်သွားပြီး နံနက်လင်းမှာပေါ့ ဒေါ်နွယ်နီနှင့် သီတာညိုကိုခေါ်ကာ ညတုန်းကအဖြစ်အပျက်တွေအတွက်မိသား
စုအားလုံးကိုတောင်းပန်ကာ အားလုံးကို နားလည်မူ့ပေးလိုက်ပြီး ချစ်လွန်းသူနှင့်လွမ်းလိုင်းတို့ကိုပါ ထိမ်မြားလက်ထပ်ပေးလိုက်လေတော့
သည် ............ဒီမျှနဲ့ ကျေနပ်နှစ်သိပ်ပေးကြပါနော် ဆက်လက်ကြိုးစားသွားပါအုံးမည် ......... ။

No comments: