Thursday, April 3, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁ )

ရုံ့းလုပ်ငန်းတွေနဲ့ တစ်နေကုန်လူပ်ရှားရုန်းကန်ရင်း သူဇာထွန်းတစ်ယောက် စိတ်တွေရူပ်ရှက်ခတ်နေသည် ဌါနမှူးကလဲတစ်နေကုန်အလို
မကြရင် ဟောက်စားလုပ်နေတာကြောင့် ဒီနေ့စနေနေ့လဲဖြစ်တော့ စိတ်ပြေလက်ပြောက်ဆိုပြီး အင်းလျားကန်ဘောင်ပေါ်တွင် သွားထိုင်
နေလိုက်ပြီး နံနက်ခင်းလေနူအေးကို ရူရိုက်ရင်းက ခပ်လှမ်းလှမ်းခုံမှ ချစ်သူနှစ်ဦး ပျော်ရွှင်ကြည်နူးနေတာကို မြင်လိုက်ရတော့ အော် .သူ
တို့များတော့ ပျော်နေလိုက်ကြတာနော် အခုအချိန်ဆို ကိုဇော်တစ်ယောက် ဘယ်လိုများနေပါလိမ့်မလဲလို့ တွေးနေရင်းက ရန်ဖြစ်သံလိုသဲ့
သဲ့ကြားလိုက်တာကြောင့် ကြည့်လိုက်တော့ စောစောက ပျော်ရွှင်နေတဲ့ ချစ်သူနှစ်ဦး စကားများနေရင်းက ကောင်လေးကောင်းမလေးကို
အော်ဟစ်ကာထွက်သွားလေသည် ကောင်မလေးလဲ စိတ်မကောင်းဖြစ်ကာ ခုံတွင်ထိုင်ငိုနေတော့ သူဇာထွန်းလဲ မနေသာတော့ပါ ......။

ညီမလေး .......... ညီမလေး ဘာဖြစ်တာလဲ မမဘာကူညီပေးရမလဲဟင် ..........

ဒီလိုပြောလိုက်တော့မှာ ကောင်မလေးလဲ အားကိုးအားထားရကာ သူဇာထွန်း၏ ရင်ခွင်ထဲသို့ ခေါင်းကလေးတိုးကာ ငိုးနေတော့သည် ။

တိတ်ပါညီမလေးရယ် ဘာဖြစ်တာလဲ မမကိုပြောပါအုံး မမကူညီနိုင်တာဆိုရင် ကူညီပေးပါ့မယ် ဒါနဲ့ညီမလေးနာမည် ဘယ်လိုခေါ်လဲ
မမနာမည်က သူဇာထွန်းပါ နေတာက စံရိပ်ငြိမ်မှာပါ ညီမလေးအကြောင်းပြောပါအုံး ............

ညီမလေးနာမည်က စန်ဒါပါမမ နေတာက ရှစ်မိုင်မှာပါ စောစောကပြန်သွားသူက ညီမလေးရဲ့ချစ်သူပါ ကိုမိုးသောက်တဲ့လေ သူကအရန်း
စိတ်ကြီးတာမမရဲ့ ချစ်တတ်တာလဲ သူများနဲ့မတူဘူးလေ အခုလဲညီမလေးကို အထင်လွဲသွားပြီး သူပြန်သွားတာပါ ..........

ဖြစ်ရလေညီမလေးရယ် ညီမလေးက ဘာများလုပ်မိလို့လဲ ..........

ညီမလေးက ဘဏ် ၃ မှာအလုပ်လုပ်တာပါမမ ပြန်တော့မိုးတွေကလဲ အရန်းရွာတယ်လေ အဲဒါနဲ့ ကိုနေဇော်က သူ့ကားနဲ့လိုက်ပို့တာပါ
အဲဒါကိုသူ့သူငယ်ချင်း မိုးယကွ့က သူ့ကိုပြောလိုက်တယ်လေ စတွေ့တုန်းကတော့ သူဘာမှမပြောသေးပါဘူး သူကညီမလေးကို လက်
ထပ်ခွင့်တောင်းတယ်လေ ညီမလေးကလဲ ဖေဖေနဲ့မေမေက နယ်မှာမို့လား ပြီးတော့သူက ချမ်းသာတဲ့အသိုင်း အ၀ိုင်းကဆိုတော့ ညီမက
စိုရိမ်မိတယ်လေ ဖေဖေနဲ့မေမေကို မပြောရတာတစ်ကြောင်း သူတို့မိသားစုထဲကို အခုလိုပုံစံမျိုးနဲ့ မ၀င်ရဲတာကြောင့် သူ့ရဲ့လက်ထပ်ခွင့်
တောင်းတာကို ညီမလေးကငြင်းလိုက်တာပါမမ အဲဒါကိုသူက နားလည်မူ့လွဲပြီး ကိုနေဇော်နဲ့စွတ်စွဲကာ ညီမကိုအထင်လွဲနေတာပါ .......။

ညီမလေးကရော နေဇော်ကို ရိုးသားစွာခင်တာပဲမို့လား ..........

ဟုတ်ကဲ့ပါမမ ..........

ညီမလေးက အခုမမကိုပြောပြတာတွေ သူ့ကိုပြောပြလိုက်ပြီလား .........

မပြောပါဘူးမမ ညီမလေးစိတ်ထဲမှာ ရှိနေတာပါ သူ့ကိုတော့ အခုတော့မဖြစ်သေးပါဘူး ကိုမိုးသောက်ရယ်လို့ ပြောလိုက်တာပါ ......ဆက်ရန်

No comments: