Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၂ )

ဒါဆိုညီမလေးက မှားတာပေါ့ သူ့ကိုသေချာပြောပြသင့်ပါတယ် ယောက်ကျားလေးဆိုတာက သ၀န်တိုအရန်းမြန်တယ် ညီမလေးရဲ့ သူ
တို့ကသာ ဟိုငန်းဒီငန်းလုပ်ချင်တာ မိန်းကလေးတွေကခင်လို့ ယောက်ကျားလေးတစ်ယောက်နဲ့များ စကားပြောမိရင် ပြောလို့မဆုံးတော့
ဘူးလေ မမမှာလဲ အရင်တုန်းက ကိုဇော်ဆိုတဲ့ သူချစ်ရှိခဲ့ဘူးတယ်လေ သူနဲ့မမလဲ အဲဒီလိုပဲပေါ့ ဒါနားလည်မူ့လွဲရာကနေ မမလဲပဲခူးမှာမ
နေတော့ပဲ ရန်ကုန်မှာ လာနေရတာပေါ့ မမပြောချင်တာတော့ သူ့ကိုနားလည်အောင် ပြောပါနော် ညီမလေးတို့ အဆင်ပြေမှာပါ ကဲမမ
လဲပြန်လိုက်အုံးမယ်နော် မမနဲ့တွေ့ချင်တယ်ဆိုရင်တော့ စနေနေ့တိုင်း ဒီအင်းလျားကန်မှာပဲ တွေ့လို့ရပါတယ် .....။

ဟုတ်ကဲ့ပါမမ မမကိုအရန်းကျေးဇူးတင်ပါတယ် ညီမလေးလဲ ကိုမိုးသောက်ကို နားလည်အောင်ပြောပြလိုက်ပါ့မယ် .........

မိုးသောက်မှာ ချစ်သူနဲ့အဆင်မပြေတာကြောင့် ဦးဘဟိန်းလဘက်ရည်ဆိုင်တွင်ထိုင်ကာ ဆေးလိမ်ကိုတစ်လိပ်ပြီးတစ်လိပ် သောက်နေ
လိုက်ပြီး အတွေးတွေနှင့်ရူပ်ထွေးနေစဉ် မိုးယကွ့နှင့်ကိုကိုမောင် ရောက်လာကာ ဘိလိယက်သွားထိုးရန် လာခေါ်လေသည် မိုးသောက်
ကလဲ စိတ်ညစ်နေတာကြောင့် ပိုက်ဆံရှင်းကာ လိုက်သွားတော့ မင်းထက်နှင့်ခိုင်လင်းက စောင့်နေတာကို တွေ့လိုက်ပြီး နှစ်ယောက်စီ
တွဲကာ စနူကာဆော့နေလိုက်သည် လူကမမျှတာကြောင့် မင်းထက်က ဘေးမှာထိုင်စောင့်ပေးပြီး မိုးယကွ့နှင့်ကိုကိုကတစ်တွဲ ခိုင်လင်းနဲ့
မိုးသောက်ကတစ်တွဲ တွဲကာဆော့နေလိုက်ကြသည် မိုးသောက်တစ်ယောက် အတွေးတို့ဘယ်လောက်ကြာသွားသည်ကို သတိထားမိ
ဟန်မတူပါ ချော့ကိုကိုင်ပြီး ကျူတံကိုပွတ်နေတာ ချော့တစ်တုံးပင်ကုန်တော့မည် ..........

ဟေ့ကောင် မိုးသောက် မင်းအလှည့်ရောက်တာ ကြာနေပြီကွ .........

တော်ပြီကွာငါမဆော့ချင်ဘူး ငါ့အစားမင်းထက်ပဲဆော့တော့ ကိုအောင်မြင့်ဆိုင်သွားပြီး အရက်သောက်နေတာပဲကောင်းတယ် ......

မင်းကလဲကွာ မင်းကောင်မလေးက ရိုးရိုးသားသာခင်တာလဲ ဖြစ်မှာပေါ့ သေချာလဲမေးပါအုံးကွာ .........

မင်းတို့မသိပါဘူးကွာ ငါတို့နှစ်ယောက် ကြိုက်တာ သုံးနှစ်ရှိပြီ အခုအချိန်အထိကို ဘာမှန်းမသိဘူး ..........

အဲဒါတော့ မပြောနဲ့လေကွာ သူလဲမပြည့်စုံတော့ မင်းကိုရှိနာတာပေါ့ မင်းလဲဒါတွေသိရဲ့သားနဲ့ကွာ ......

တော်ပြီကွာမင်းတို့ပြောချင် အဲဒီမှာပြောပြီးကျန်ခဲ့ကြ ငါတော့ကိုအောင်မြင်ဆိုင်ကို သွားပြီဟေ့ ..........

မိုးယကွ့ ဒီကောင်ဘာဖြစ်တာလဲ ငါတို့ကိုပြောပါအုံး .........

ဒီလိုကွ ............မိုးယကွ့က မနက်ကဖြစ်သမျှကိုပြောပြလိုက်ပြီး သူငယ်ချင်းများ မိုးသောက်နောက်သို့ လိုက်သွားကြသည် ....ဆက်ရန်

No comments: