Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၃ )

ဖြူဖြူထွန်းရှိရာသို့ စန်ဒါရောက်လာပြီး မိုးသောက်ကိုလာမေးလေသည် ဖြူဖြူထွန်းနှင့်မိုးသောက်မှာ ငယ်သူငယ်ချင်းများဖြစ်တာကြောင့်
သိများသိလေမဘားဆိုတဲ့ အသိနဲ့ရောက်လာခြင်းဖြစ်သည် သို့သော်ဖြူဖြူထွန်းကလဲ အိမ်မှာမရှိတာကြောင့် စန်ဒါအခက်တွေ့ရသည်
စန်ဒါလဲ စိတ်ညစ်ညစ်နှင့်ပြန်လာရာ ခိုင်လင်းနှင့်လမ်းမှာတွေ့လေသည် ခိုင်လင်းက ဦးအောင်မြင့်ဆိုင်တွင် မိုးသောက်ရှိနေကြောင်းပြော
လိုက်တာကြောင့် စန်ဒါရောက်လာလေသည် ...........

ကိုမိုး ...........

ဘယ်သူလဲ ဘယ်ကကိုမိုးလဲ ဒီမှာမရှိဘူး (မူးနေသောလေသံနဲ့)

ကိုမိုးအရန်းမူးနေပြီထင်တယ် ကိုမင်းထက်တို့က မပြောကြဘူးလားရှင် ခက်တော့တာပဲ ကိုမိုးရယ် ........

ကိုယကွ့ကူပါအုံးရှင် ကားငှါးပြီး ပြန်ပို့ရအောင်နော် .......

ကားငှါးဘို့မလိုဘူး သူ့ကားပါတယ် ဒီအတိုင်းပြန်ရင်ပြသနာတက်မှာ ကဲမထူးတော့ပါဘူး နင်ပါလိုက်ခဲ့ပေတော့ အိမ်ကိုခေါ်သွားမယ်

မိုးယကွ့မှာ အိမ်သို့ခေါ်သွားပြီး မိုးသောက်ကို ရေပတ်တိုက်ကာ အိမ်မှာပဲသိပ်ထားလိုက်ပြီး စန်ဒါကိုတော့ သူ့အခန်းကိုပေးကာ စောင့်နေ
ခိုင်းလိုက်သည် မနက်လင်းတော့ စန်ဒါကိုမိုးသောက်တွေ့လိုက်တော့ အံသြသွားပြီး ...........

ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ .......

ဘယ်လိုဖြစ်ရမလဲ ကိုမိုးမနေ့ကလူမှန်းမသိအောင်မူးနေတာနဲ့ ဒီကိုခေါ်လာပြီး သိပ်ထားရတာလေ ကိုမိုးယကွ့ကတော့ စားစရာတွေ
သွားဝယ်နေတယ် ခက်တာပဲကိုမိုးရယ် ရော့ဒီမှာသွားတိုက်ဆေးနဲ့ မျက်နှာသုတ်ပ၀ါ မျက်နှာသစ်ရေချိုးပြီးရင်ပြောစရာရှိတယ် .......

မိုးသောက်ရေချိုးပြီး ပြန်ရောက်လာတော့ စန်ဒါလဲအကြောင်းပြောပြလိုက်တော့ မိုးသောက်နားလည်သဘောပေါက်သွားပြီး စန်ဒါကိုလဲ
အထင်လွဲခဲ့တာတွေကို ပြန်တောင်ပန်လိုက်လေသည် စန်ဒါကတော့ ရုံးအားရက်ဖြစ်တာကြောင့်ဒီနေ့ မိုးယကွ့အိမ်မှာပဲ အနားယူလိုက်
ပြီး ညနေစောင်းမှ ပြန်သွားလေသည် ........

စန်ဒါ .........

ပြောလေကိုမိုး ...........

မနက်ဖြန်ကြရင် ကိုမိုးလာကြိုမယ် စောင့်နေနော် .......

ဟုတ်ကဲ့ပါရှင် စောင့်နေပါ့မယ် ..........

ကိုမိုးက နားလည်မူရသွားသဖြင့် စန်ဒါလဲစိတ်ချမ်းသာသွားလေသည် တနင်္လာနေ့ညနေမှာတော့ နေဇော်က ရုံးဆင်းချိန်တွင် စန်ဒါဆီကို
ရောက်လာပြီး အတူပြန်လိုက်မလားဟုမေးပေမဲ့ စန်ဒါကတော့ မိုးသောက်ကို ကတိပေးထားတာကြောင့် မိုးသောက်အလာကိုသာစောင့်
နေလိုက်တော့သည် .........ဆက်ရန်

No comments: