Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၄ )

မိုးသောက်လာဦး ...............

မိခင်ကြီး ဒေါ်လွမ်း၏ ခေါ်သံကြောင့် မိုးသောက်မှာလန့်သွားပြီး အနားတွင်လာထိုင်ကာ ........

မင်းမနေ့က ဘယ်သွားနေလဲ မင်းအဖေသိရင်မလွယ်ဘူးနော် မေမေမင်းကိုစကားအပိုတွေမပြောချင်ဘူး သွားတာလာတာဆင်ချင်ပါ ....

ဟုတ်ကဲ့ပါ မေမေသားဆင်ချင်ပါ့မယ် .............

ဒါအခုဘယ်သွားအုံးမှာလဲ ညနေကြရင်စောစောပြန်လာနော် ........

ဟုတ်ကဲ့ပါမေမေ ..........

မိုးသောက်မှာဦးချစ်လွန်းသူ ဒေါ်လွမ်းလိုင်းတို့၏တစ်ဦးတည်းသော သားဖြစ်ပြီးမိဘပိုက်ဆံကို ဖြုန်းနေသူဟုပင် ပြောရမလောက်ဆိုးနေ
သူပါ ကျောင်းပြီးထဲက ဘာမှမလုပ်ပဲအားလျှင် အရက်သောက် ဘိလိယက်ထိုးနှင့်အချိန်ကုန်တတ်သူပါ ဒီနေ့မနက်တော့ စန်ဒါက အမ
တစ်ယောက်နှင့် ချိန်းထားသည်ဆိုတာကြောင့် လိုက်ပို့ရန်အိမ်မှထွက်လာလေသည် စန်ဒါကိုသွားကြိုကာ စံရိပ်ငြိမ်ရှိ သူဇာထွန်း၏ အိမ်
သို့ရောက်လာကြသည် သူဇာထွန်းကလဲ စန်ဒါနှင့်မိုးသောက်လာမည်ဆိုတာကြောင့် အခန်းဝတွင်စောင့်နေလိုက်သည် .......

မောင်လေးနှင့်ညီမလေး လာဒီမှာထိုင်ကြကွယ် မမကတော့ အခန်းငှါးနေရတာကွဲ့ အခန်းကတော့ကျည်းတယ်နော် .......

ရပါတယ်မမရယ် ဒါကအရေးမကြီးပါဘူး ကျွန်တော်နေတတ်ပါတယ် ဆိုကရေးတီးပြောသလိုပေါ့နော် မိတ်ကောင်းဆွေကောင်းအတွက်
ကတော့ ဒီအခန်းဟာ အကျယ်ကြီးပါ .........

မင်းကဒီလိုတော့လဲ သိသားပဲ .........

ဟာ ........ မမကလဲလုပ်ပြီ .........

ဒါနဲ့မင်းနာမည်က မိုးသောက်နော် .........

ဟုတ်ပါတယ်မမ .........

အခုလိုမင်းတို့တွေနားလည်မူ့ရတာကို မမ၀မ်းသာတယ်ကွယ် မမမှာလဲအရင်တုန်းက မင်းလိုပဲ အရန်းသ၀န်တိုတတ်တဲ့ ချစ်သူတစ်ဦးရှိခဲ့
ဘူးပါတယ် ချစ်သူရယ်လို့ဖြစ်လာရင် နားလည်မူ့ရှိတတ်ရတယ်ကွဲ့ ပြီးတော့ဆုံးဖြတ်ချက်လဲ မှားလို့မရဘူး မမတို့တုန်းကသူဆုံးဖြတ်ချက်
မှားသွားလို့ အခုဆိုရင် ခွဲနေကြတာ တစ်နှစ်ကျော်ပေါ့ သူကတော့ မှားမှန်းသိလို့ မမကိုတောင်းပန်ပါတယ် မမလဲစဉ်းစားဆင်ချင်တတ်တဲ့
သူတစ်ယောက်ဖြစ်အောင် ဒီအတိုင်းပဲခွင့်မလွှတ်ဘူးဆိုပြီး ပစ်ထားလိုက်တာပေါ့ မမလဲမမချစ်သူပဲဘယ်ခွဲချင်ပါ့မလဲ ထစ်ကနဲ့ဆိုစိတ်ဆိုး
တတ်တဲ့ဥာဏ်လေးကို ဖြောက်ပါကွယ် မမနဲ့စန်ဒါစတွေ့တုန်းကဆိုရင် မင်းထားသွားစန်ဒါလေငိုလိုက်တာ မမကြည့်ပြီးစိတ်မကောင်းဖြစ်
ရတယ် ဒါနဲ့ပဲစန်ဒါကို မမနှစ်သိပ့်ပေးခဲ့တယ် ကဲမမလဲပြောတာတွေများသွားပြီ မောင်လေးစိတ်ညစ်သွားပြီလား .......

မညစ်ပါဘူးမမရယ် ကျွန်တော်သဘောပေါက်ပါပြီ နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူးနော် ကတိပေးပါတယ် .........

ကော်ဖီသောက်လိုက်ပါအုံးကွယ် စကားကောင်းနေတာနဲ့ အေးကုန်ပါပြီ ဒီနေ့မင်းတို့မမဆီမှာ ထမင်းစားကြနော် အချိန်ရတယ်မို့လား ....

ဟယ်မမရယ် အားနာစရာကြီးရှင် မမကိုဒုကွ့ပေးသလိုဖြစ်နေပါပြီ ........

ရပါတယ်ကွယ် မမလဲမိဘနဲ့ဝေးနေတော့ မင်းတို့နဲ့ခင်ရတာ ၀မ်းသာပါတယ် နောက်ကိုလဲ အားရင်လာလည်ကြနော် .......

နေ့လည်ပိုင်း သူဇာထွန်းက ထမင်းကျွေးတာကြောင့် မိုးသောက်နှင့် စန်ဒါတို့ထမင်းအတူစားပြီး န၀ဒေးရုံတွင်ရုပ်ရှင်ကြည့်ရန်
သူဇာထွန်းကိုပါ ခေါ်သွားပြီးရုပ်ရှင်ကြည့်ကာ ညနေစောင်းမှအိမ်သို့ပြန်သွားလေသည် .......ဆက်ရန်

No comments: