Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၅ )

ဟေ့ကောင် ဒီကိုလာအုံး မင်းလဲတစ်နေ့တစ်နေ့ လည်နေရတာနဲ့ အိမ်ကိုမကပ်ရဘူးနော် ..........

ကဲပါကိုချစ်လွန်းရယ် ကလေးကိုအေးဆေးပြောလဲရပါတယ်တော် ..........

မင်းကြောင့်ဒီကောင်ပျက်စီးနေတယ်ဆိုတာ မင်းသိရဲ့လား ...........

အဖေဘာပြောမလို့လဲ ........

အောင်မာမင်းက ငါ့ကိုဒီလိုပဲမေးရလား မင်းအခုကျောင်းပြီးတာလဲကြာပြီနော် မင်းဘာလုပ်မယ်ရည်ရွယ်ထားလဲ ငါကိုပြောစမ်း ........

ကျွန်တော်ကဘာလုပ်ရမှာလဲ ဖေဖေရှာထားတာတွေက တစ်သက်စာထိုင်စားလို့တောင်မကုန်ဘူး ......

မင်းဘ၀က ဒီလိုပဲသွားမှာမဟုတ်ဘူး အဲဒီတော့မင်းငါ့ကုမ္ပဏီမှာ အလုပ်လုပ်ရမယ်ဒါပဲ ...........

ဟုတ်ကဲ့ကျွန်တော် စဉ်းစားမည်ဟုပြောကာ ထွက်သွားသော သားဖြစ်သူကိုကြည့်ကာ ဦးချစ်လွန်းသူခေါင်းကိုသာ ရမ်းလိုက်ပြီး .....။

ဘယ်နဲ့လဲက မင်းသားပုံဆံ ကြည့်ကောင်းတယ်နော် .........

ကဲပါတော်ပြောမနေပါနဲ့ရှင် ကျွန်မပြောပေးပါ့မယ် ........

ညပိုင်းမှာတော့ ထမင်းစားပြီး အနောက်တိုင်းတေးသွားတို့ကို မိုးသောက်နားထောင်နေလိုက်တာ တစ်ခန်းလုံးပင်ဆူညံနေတော့သည်
မိခင်ဖြစ်သူကတော့သိလိုက်လေပြီ ဖခင်နှင့်အဆင်မပြေဖြစ်တိုင်း လုပ်နေကြမိုးသောက်ရဲ့လုပ်ရပ်က ဒေါ်လွမ်းလိုင်းအလွတ်ကျက်မိနေပြီ
ဒါနဲ့သားဖြစ်သူ၏အခန်းတခါးကိုခေါက်ကာ ခေါ်လိုက်တော့ မိုးသောက်ထွက်လာပြီး ..........

မေမေသားဘာဆက်လုပ်ရမှာလဲ သားဖေဖေနဲ့အတူ အလုပ်မလုပ်ချင်ဘူး .........

မင်းကိုမေမေပြောမယ် မင်းအဖေရှေ့မှာ လိမွ့ာအောင်နေပါ မင်းအဖေအကြောင်းလဲသိသားနဲ့ကွယ် သူ့ဆီမှာလုပ်ဆိုလဲ အခုတော့လုပ်
လိုက်ပါသားရယ် နောက်တော့ မေမေစီစဉ်ပေးပါ့မယ်ကွယ် .......

ဒါဆိုရင်လဲပြီးရော ဖေဖေပြောတာကို သားလက်ခံလိုက်မယ် .......

ဒီလိုမှာပေါ့သားရယ် ဟင်း ........ အခုမှပဲစိတ်ချမ်းသာရတော့တယ် ကဲသားအိပ်တော့မနက်ကြရင်မေမေ ပြောထားလိုက်မယ်နော် ...

မိသားစုတွေစကားပြောရင်း နံနက်ခင်းစာစားပြီး ဦးချစ်လွန်းသူ မိုးသောက်အားခေါ်ကာ ကုမ္ပဏီသို့ထွက်သွားလေသည် .....ဆက်ရန်

No comments: