Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၆ )

ဝိုင်ရေ ........

ရှင်အန်ကယ် ၀ိုင်ဘာလုပ်ပေးရမလဲ ...........

နွယ်နီကို လွှတ်လိုက်ပါအုံးကွယ် အန်ကယ်ခေါ်နေတယ်ပြောလိုက်နော် .........

ဟုတ်ကဲ့ရှင့် ..............

သားဒီမှာလာထိုင် မင်းကိုဖေဖေလုပ်ငန်းစဉ်တွေ ပြောပြပေးမယ် ဖေဖေမန်နေဂျာမလေး လာလိမ့်မယ်နော် .......

ဒေါက်........ဒေါက်.........ဒေါက် ..........

ဝင်လာခဲ့သမီးရေ ဒီမှာအန်ကယ်သားပါလာတယ် သူ့အတွက်အလုပ်စားပွဲနှင့်နေရာကို လိုက်ပြလိုက်ပါ
ပြီးရင်အန်ကယ်မှာထားတဲ့အတိုင်း လုပ်ပေးလိုက်နော် အန်ကယ်စိတ်ချမယ်နော် .........

ဟုတ်ကဲ့ပါအန်ကယ် စိတ်ချပါရှင် ..........

သားလိုက်သွားနော် အဲဒီမှာဖေဖေအားလုံး စီစဉ်ထားတယ် ........

မိုးသောက်လိုက်သွားပြီး သူ့အခန်းနှင့်အလုပ်စားပွဲ ကွန်ပြူတို့ ထားရှိသော နေရာကိုမိုးသောက်ကြည့်ကာ သဘောကြနေတုန်း နွယ်နီမှာ
ဖိုင်တွဲများတစ်ထပ်ကြီးလာချကာ စာရင်းစစ်ရန်ပြောသောကြောင့် မိုးသောက်စိတ်လေသွား၏ တစ်နေ့တာလုပ်ရမည့်လုပ်ငန်းမှာ မနည်း
ပါလားဟုတွေးရင်း စားရင်များကိုကြည့်နေစဉ် နွယ်နီက ကော်ဖီတစ်ခွက်လာချပေးသွားပြီး .........

ကိုမိုသောက် လိုအပ်တာရှိရင် ကျွန်မကိုပြောပါရှင် ......

အော် ........ဟုတ်ကဲ့ပါ .....

ဒီလိုနှင့်အလုပ်တွေများနေတာကြောင့် မိုးသောက်နှင့် စန်ဒါတို့မတွေ့ရသည်မှာ နှစ်လနီးပါးကြာခဲ့သည် တစ်နေ့တစ်နေ့ဖုန်းနဲ့သာ ဆက်
သွယ်နေရပြီး သူငယ်ချင်းများနှင့်လဲ ဝေးကွာနေခဲ့သည် မိုးသောက်ဟာ စန်ဒါနဲ့ဝေးကွာနေပေမဲ့ မန်နေဂျာမလေး နွယ်နီရဲ့ ပြုစုမူ့ကြောင့်
စန်ဒါကိုပင်မေ့နေလေသည် စန်ဒါကတော့ချစ်သူကိုယုံကြည်ထားသူ ဖြစ်တာကြောင့် အေးဆေးစွာလုပ်ငန်းခွင်ဝင်နေသည် တစ်နေ့မှာ
တော့ စန်ဒါကိုဌါနမှူးက အရေးကြီးလုပ်ငန်းရှိတာကြောင့် အပြင်သို့ခေါ်သွားလေသည် ဖြစ်ချင်တော့ ဆူးလေအ၀ိုင်းပတ်မှာ မဟာဗနွု့လ
ပန်းခြံဘက်မှ လမ်းလျှောက်လာသော မိုးသောက်နှင့်နွယ်နီကို အမှတ်မထင်တွေ့သွားလေသည် ညနေပိုင်းမိုးသောက်ဖုန်းကိုမျှော်နေပေ
မဲ့ဖုန်းကရောက်မလာပါ စန်ဒါဒေါသထွက်ရလေသည် ဒါနဲ့မိုးသောက်ဆီကို ဖုန်းဆက်ပြန်တော့လဲ မိုးသောက်ကဖုန်းမကိုင်တာကြောင့်
ပိုပြီးစိတ်တိုရသည်ပေါ့ ညပိုင်းစန်ဒါအိမ်ရောက်မှ ဖုန်းလာနေသည်ဟု လာခေါ်တော့ စန်ဒါလိုက်သွားလေသည် ........

ဟဲလို ........စန်ဒါပြောနေပါတယ် ..........

စန်ဒါကိုပါ ဒီနေ့စန်ဒါပြန်ရောက်တာ နောက်ကြတယ်နော် ..........

ဟင်းဟုတ်တယ် အလုပ်များနေလို့ ဘယ်နဲ့လဲကိုမိုးရော ကျူရတာ အဆင်ပြေရဲ့လား ဒီကစန်ဒါကို မေ့နေပြီလား ......

ဘာတွေလာပြောနေတာလဲ ကိုနားမလည်ရပါလား ......

ဘယ်နားလည်မလဲ ပျော်နေတော့မေ့နေပြီပေါ့ ..........

အော် ........ စန်ဒါထင်သလိုမဟုတ်ပါဘူးကွာ စန်ဒါဒီနေ့ ကိုမိုးတို့ကို တွေ့လိုက်ပြီထင်တယ် ဖေဖေခိုင်းလိုက်လို့ပါ စန်ဒါရယ် ရင်းနှီမြုတ်
နှံ့မူ့ရုံးကိုသွားတာပါ ကိုအချိန်မရလို့ စန်တာရုံးကိုမ၀င်တာပါနော် နားလည်ပေးပါကွာ ဒါနဲ့အခုထမင်းစားပြီးပြီလား .......

သွားပါလာပြောမနေပါနဲ့ ဒီနေ့ထမင်းမစားတော့ဘူး အခုဖုန်းပြောပြီးအိပ်တော့မယ် ဒါပဲနော် .......

စန်ဒါဖုန်းချပြီးထွက်သွားလေသည် မိုးသောက်သိလိုက်ပါပြီ အော် ......... အချစ်ဆိုတာ ပူလောင်ချင်းပါလားလို့ သူတွေးနေမိသည်ပေါ့
တစ်ခါတရံမှာ အချစ်ဟာအေးချမ်းမလိုနဲ့ တစ်ခါတရံမှာ ပူုလောင်နေပါလားနော်ဟုတွေးကာ ဖုန်းကိုချထားပြီး မိခင်ဖြစ်သူကိုခွင့်တောင်းကာ
စန်ဒါရှိရာသို့ မိုးသောက်ထွက်လာလေသည် ..........ဆက်ရန်

No comments: