Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၇ )

မိုးသောက်တစ်ယောက် ချစ်သူစန်ဒါစိတ်ဆိုးနေမှန်းသိတာကြောင့် မိုးယကွ့ကိုသွားခေါ်ကာ စန်ဒါရှိရာ ရှစ်မိုင်သို့ချီတက်ခဲ့လေသည် ဟို
ရောက်ရင်လိမ်ရမည်ကိုလဲ မိုးယကွ့နှင့် တိုင်ပင်ထားလိုက်လေသည် ရှစ်မိုင်သို့ရောက်တော့ စန်ဒါကိုဖုန်းဆက်ပြီး အောက်သို့ဆင်းလာရန်
ခေါ်လိုက်လေသည် ပထမတော့စန်ဒါဆင်းမလာပါ မိုးသောက်ခဏခဏ ဖုန်းဆက်တာကြောင့် အိမ်ကသိမှာစိုးတာနဲ့ မုန့်စားမည်လိမ်ကာ
ဆင်းလာလေသည် အောက်ရောက်တော့ မိုးယကွ့လဲပါလာတာကြောင့် စန်ဒါပြောချင်သောစကားတို့ မပြောသေးပဲ ရေငုံနူတ်ပိတ်နေ
လိုက်ပြီး ............

အချိန်မရှိမှ ဘာလာလုပ်တာလဲ အားနာမူ့ကို မရှိဘူး .........

လာပါစန်ဒါရယ် ဟိုဆိုင်မှာ အအေးသောက်ရင်းပြောကြတာပေါ့နော် ........

ကိုမိုးယကွ့ပါလို့နော် ဟင်းဟင်း မသိရင်ခက်မယ် သူများတုန်းက ဘယ်လိုပုံဆံနဲ့ဆက်ဆံလဲ သိတတယ်နော် ......

သိပါတယ်ကွာ ကိုအရေးကြီးလို့မ၀င်ဖြစ်တာပါ ........

ပြီးတာပဲလေ စန်ဒါယုံပါတယ် နောက်တစ်မြင်ရင်တော့ စန်ဒါကိုအပစ်မဆိုနဲ့နော် .....

စန်ဒါစိတ်ကောက်နေတာလေးက ချစ်စရာလေးနော် .......ဟဲဟဲ

သွားပါအခုမှ မျက်နှာချိုလာသွေးမနေပါနဲ့ ဒီမှာစိတ်ညစ်လို့ ထမင်းမစားရသေးဘူးသိလား ထမင်းသုတ်စားချင်တယ် လိုက်ကျွေးမလား
သမိုင်းလမ်းဆုံမှာ သွားစားရမှာ အအေးဘိုးရှင်းလိုက် သွားကြမယ် ......

အအေးဘိုးရှင်းကာ မိုးသောက်နှင့်မိုးယကွ့တို့ကိုခေါ်ကာ သမိုင်းလမ်းဆုံမှ ထမင်းသုတ်ဆိုင်သို့ရောက်လာကြသည် စားပြီးတော့
စန်ဒါကိုပြန်ပို့ကာ မိုးသောက်ပြန်သွားလေသည် .....။

ပဲခူးကနေ ကိုဇော်တစ်ယောက် ရန်ကုန်သို့တက်လာပြီး သူဇာထွန်းရှိရာသို့ စံရိပ်ငြိမ်သို့ရောက်လာလေသည် လိမ်စာအရရှာနေပြီး မတွေ့
တာနဲ့စံရိမ်ငြိမ်မှတ်တိုင်တွင် ရပ်နေခိုက် သူဇာထွန်းထွက်လာတာကို ကိုဇော်အမှတ်မထင် တွေ့လိုက်တာကြောင့် ပျော်သွားသည် သူဇာ
ထွန်းကတော့ သတိမထားမိပါ အနားကပ်လာတော့မှ ကိုဇော်မှန်းသူသိလိုက်သည် သူဇာထွန်းတစ်ယောက်ကိုဇော်ကို တွေ့လိုက်တာနဲ့
အံသြသွားပြီ .........ဆက်ရန်

No comments: