Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အခန်း ( ၈ )

ဟယ်ဘယ်ကနေဘယ်လို ရောက်လာတာလဲ .........

ဒီလိုပဲပေါ့ သူဇာရယ် မောင်ကတွေ့ချင်သူပဲ လိုက်ရှာရတာပေါ့ တစ်နှစ်ကျော်တောင် ခွဲထားရက်တယ်နော် ........

ကိုယ့်အပစ်နဲ့ကိုလေ လာပြောမနေပါနဲ့ ဒီကတော့ ကိုဇော်အိမ်ထောင်ကျသွားပြီထင်နေတာ ........

ဖြစ်ရလေသူဇာရယ် မောင်ဘ၀နဲ့ချီပြီးပြောလိုက်မယ် မောင်အခုအချိန်အထိ သူဇာကိုပဲချစ်ခဲ့တာပါကွာ အရင်တုန်းကဖြစ်ခဲ့တာတွေ
မေ့ထားလိုက်တော့နော် အားလုံးကို မောင်တောင်းပန်ပါတယ် အခုတော့မောင်နားလည်ပါပြီ သူဇာရယ် စိတ်မဆိုးနဲ့တော့နော် .........

ဒါနဲ့မောင်ကအခုဘယ်မှတဲတာလဲ ပြောပါအုံး .........

အခုမှရောက်တာလေ ဘယ်မှာတည်းရမည်တော့ မသိသေးပါဘူး အခုစန်ဒါရုံးသွားတော့မှာပေါ့လေ ........

ဟုတ်ကဲ့သွားတော့မှာပေါ့ ဖယ်ရီကားလာတော့မယ်မောင်ရဲ့ ဒါဆိုလဲ သူဇာနဲ့လိုက်ခဲ့နော် သူဇာရုံးတက်ရင် မောင်ကစောင့်နေပေါ့
နေလည်ထမင်းစားချိန်ကြရင် သူဇာခွင့်ယူပြီး ပြန်လာခဲ့မယ်နော် မောင်ဒီနေ့သူဇာအိမ်ပဲလိုက်ခဲ့ပေါ့နော် .......

သူဇာနှင့်ကိုဇော်တို့မှာ ပဲခူးတွင်အတူနေကြပြီး ကလေးဘထဲက အတူကြီးပျင်းလာခဲ့ရာ ကျောင်းတက်တော့လဲအတူတူ ကျောင်းပြီးသွား
တော့ ကိုဇော်ကပဲခူးတွင် ဆန်စပါးအရောင်းအ၀ယ်လုပ်ပြီး ကျန်နေခဲ့သည် သူဇာထွန်းကတော့ ကွန်ပြူတာဆက်တက်ကာ ရန်ကုန်တွင်
အလုပ်လာလုပ်နေသည် ဒါကိုကိုဇော်က နားလည်မူ့မပေးရာကနေ သူဇာထွန်းလဲ မိဘများရှိရာသိုငွေ့ပိုကာ လူကိုယ်တိုင်မပြန်ပဲနေလိုက်
သည်မှာ တစ်နှစ်ကျော်အတွင်း ကိုဇော်ပင်အတော်လေး လူကြီးဆန်လာသည်ဟု သူဇာထွန်းထင်မြင်မိလေသည် .....။

သူဇာ ...... သူဇာ .......ဘာတွေတွေးနေတာလဲ ..........

အော် .......ဘာမှမဟုတ်ပါဘူးမောင်ရဲ့ ဘာဖြစ်လို့လဲ စကားမပြောပဲ ညိမ်နေလို့လား ......

ဟုတ်တယ်လေ .......

ပြောလို့ဖြစ်မလားမောင်ရဲ့ ကားပေါ်မှာက လူတွေနဲ့လေ အေးဆေးနေစမ်းပါ တော်ကြာပြောနေအုံးမယ် .....

ပြောတော့လဲဘာဖြစ်လဲ သူဇာရဲ့ချစ်သူပါလို့ ပြောလိုက်ပေါ့ ............

အောင်မာတစ်နှစ်ကျော်ပစ်ထားပြီး အခုမှလာအပိုမပြောနဲ့ ဘယ်သူမှယုံမှာမဟုတ်ဖူး .......

သူဇာထွန်းတစ်ယောက် ရုံးကိုရောက်သွားတယ်ဆိုရင်ပဲ လုပ်လက်စများကို လက်စဖြတ်နေချိန် ဖုန်းဝင်လာတာကြောင့် ကောက်ကိုင်
လိုက်တော့ စန်ဒါဖြစ်နေသည် စန်ဒါကသူအလုပ်ဝင်နေရပြီဖြစ်ကြောင်းကို သူဇာထွန်းအားပြောပြပြီး ဖုန်းချသွားလေသည် နေ့လည် ၁၂
နာရီထိုးမှာတော့ သူဇာထွန်းလဲ အလုပ်တွေကို လက်စဖြတ်ပြီး ဌါနမှူးကိုပြောကာ ခွင့်ယူလာလေသည် ......ဆက်ရန်

No comments: