Friday, April 4, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၉ )

နှစ်ယောက်သားကားငှါးကာ ပြန်လာပြီး လှည်းတန်းဈေးသို့ဝင်ကာ ဟင်းချက်စရာများဝယ်လာပြီး အိမ်သို့ပြန်လာကြလေသည်
ကိုဇော်နှင့် သူဇာထွန်းတို့ချက်ပြုပြီး ရေချိုးသူကချိုး ထမင်းဝိုင်းပြင်သူကပြင်နှင့် အရန်းကိုပျော်နေကြသည်ပေါ့ သူဇာကတော့ အခုမှပြန်
တွေ့ရသောချစ်သူမောင့်အတွက် အကောင်းဆုံးစီမံထားလိုက်သည် ..........

မောင်ရေ မြန်မြန်လုပ်နော် သူဇာဗိုက်ဆာနေပြီ ..........

အင်းပါသူဇာရဲ့ မောင်ကရေချိုးတာမြန်ပါတယ် ...............

ကိုဇော်တစ်ယောက်ရေချိုးနေတာကြောင့် သူဇာထွန်းလဲ ကော်ဖီမူန့်ကုန်နေတာနဲ့ သွားထွက်ဝယ်လေသည် ကိုဇော်ရေချိုးပြန်ထွက်လာ
တော့သူဇာကိုမတွေ့လို့ လိုက်ကြည့်နေတုန်း သူဇာပြန်ရောက်လာလေသည် .........

ဘယ်သွားနေတာလဲ မောင်ပြန်ထွက်လာတော့ သူဇာကိုမတွေ့လို့ စိတ်ပူသွားတယ် .......

အောင်မလေးမောင်ရယ် ဒီမှာသူဇာနေတာ တစ်နှစ်ကျော်ပါပြီတော် ဘာမှပြသနာမရှိပါဘူး ကဲလာထမင်းစားကြမယ် ......

ဝက်သား ကြက်အသဲအမြစ် ပုဇွန်ကြော် နှင့် ချင်ပေါင်ဟင်းတို့မှာ စားချင်စရာ ချက်ထားတာကြောင့် ဒီနေ့တော့ချစ်သူနှစ်ဦးအတွက်
ထမင်းမိန်မှာသေချာပါတော့သည် မောင်စားသူဇာစားနှင့် အသဲတုံးလေးများကလဲ ထမင်းဝိုင်းတွင် အလွန်တရာမှကြည့်ကောင်းနေသည်

ကဲပါမောင်ရယ် စားစမ်းပါ သူဇာကအသဲမစားဘူး အမြစ်ပဲစားမယ်နော် အသဲကမောင်ကြိုက်မှန်းသိလို့ ၀ယ်လာတာပါ စားနော် ......

ကိုဇော်ကလဲ သူဇာကြိုက်တတ်သော ၀တ်သားအသားလေးတွေနှင့် ကြက်အမြစ်ကို ဆယ်ထည့်ပေးလိုက်တော့သည် ထမင်းစားပြီး
သူဇာက ပန်းကန်တွေဆေးကာ ကိုဇော်ကတော့ ဟင်းတွေကိုသိမ်းရင် သူဇာဆေးပြီးသောပန်းကန်တို့ကို ယူလာကာပန်းကန်စင်တွင်
စီထားလိုက်လေသည် သူဇာကတော့ အသင့်ပါလာသော သင်္ဘောသီးမှည့်နှင့် ဖရဲသီးတို့ကို လှပစွာလှီးနေပြီး ဧည့်ခန်းတွင်ချထားကာ
ကိုဇော်ကို စောင့်နေသည် .........

ဟယ်ဧည့်သည်တွေလာတယ်တော့ ဒုကွ့ပါပဲကိုဇော်ရေ ..........

ဘယ်သူတွေလဲ မောင်ကိုတွေ့လို့ ဘာမှမဖြစ်ပါဘူးနော် .......

မဖြစ်ပါဘူး မောင်ဒီမှာထိုင်နေ သူဇာထွက်တွေ့လိုက်မယ် ........ ဟယ်.....မောင်လေးနဲ့ညီမလေး ဘယ်ကနေလှည့်လာတာလဲ ...

ဒီကိုပဲလာခဲ့တာပါ စန်ဒါပြန်လာတော့ ကိုမိုးက လာကြိုတယ်လေ စန်ဒါလဲမမနဲ့မတွေ့ရတာ ကြာတော့ဝင်လာခဲ့တာပါ ဒီမှာမမအတွက်
လိမ်မော်သီးပါခာတယ်နော် ပြီးတော့စတော်ဘယ်ရီတွေလဲ ကောင်းတာနဲ့ ၀ယ်လာခဲ့တယ်မမရဲ့ .........

ကဲလာလာအိမ်ထဲဝင်ကြအုံး ဒီမှာမမပြောတဲ့ ကိုဇော်ဆိုတာ သူပေါ့မှတ်ထားနော် သူလဲဒီနေ့ပဲရောက်တာနဲ့ မမလဲခွင့်ယူပြီးပြန်လာခဲ့
တာပေါ့နော် အတော်ပဲချိန်းထားရင်တောင်လွဲအုံးမယ် ဒါနဲ့ညီမလေးတို့ ထမင်းစားကြမလား အဆင့်သင့်ပဲနော် .....

အို .....နေပါစေမမရယ် ညီမလေးတို့ ၃၂ လမ်းကကျေးအိုးသောက်လာတယ် ..........

ဧည်သည်ရောက်နေတာကြောင့် စန်ဒါက မိုးသောက်ကိုလက်ကုတ်ကာ ပြန်ရန်မျက်စပစ်လိုက်တော့ မိုးအထာသိလိုက်ပြီး အလုပ်ရှိသေး
လို့ပြန်ရန်ခွင့်တောင်းကာ ထပြန်သွားလေသည် .........ဆက်ရန်

No comments: