Saturday, April 5, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၀ )

ဧည့်သည်တွေပြန်သွားတာကြောင့် သူဇာထွန်းနှင့်ကိုဇော်တို့ ဟိုတုန်းက တူနှစ်ဆုံခဲ့တာလေးတွေကို ပြန်ပြောကြကာ အတော်ပင်ညဥ့်
နက်လာလေသည် ညပိုင်းတော့ အိပ်ချိန်လဲရောက်နေတာကြောင့် သူဇာထွန်းက ကိုဇော်ကိုအိမ်ရှေ့ခန်းတွင် အိပ်ယာခင်းပေးပြီး သူဇာ
ထွန်းကတော့ အိမ်ခန်းအတွင်းဝင်ရန် ပြင်ဆင်နေခိုက် ကိုဇော်ကစကား ပြောချင်သေးတယ်ဆိုတာကြောင့် သူဇာပြန်ထိုင်လိုက်သည် ။

မောင်ရယ်အိပ်တော့လေ နောက်ရက်တွေအများကြီး ကျန်သေးတာပဲ အေးဆေးပြောပေါ့ ..........

မောင်မအိပ်ချင်သေးလို့ပါ သူရယ်ရယ် ထိုင်ပါအုံးနော် သူဇာလဲရုံးကို မနက်ဖြန် မသွားရဘူးမို့လား .........

ဟုတ်မသွားရပါဘူး သူဇာကမောင်ပင်ပန်းလာလို့ ပြောတာပါ သူဇာလဲသိပ်ပြီးတော့ အိပ်ချင်လှတယ်မဟုတ်ပါဘူး .......

မောင်သူဇာမေမေကို ပြောခဲ့တယ် သူဇာနဲ့မောင်တွေ့ပြီးရင် သူဇာဆီမှာ မောင်လက်ထပ်ခွင့် တောင်းမယ်လို့ဆိုတော့ သူဇာမေမေက
ဘာပြောတယ်ထင်လဲ သူ့သမီးကို စိတ်ချမ်းသာအောင်ထားနိုင်ရင် လက်ခံပါ့မယ်တဲ့ အဲဒါသူဇာဘယ်လိုသဘောရလဲ ......

သူဇာကတော့ ဘာမှမပြောလိုပါဘူး မောင်လဲစီးပွါးရေး အဆင်ပြေတယ် ပြီးတော့သူဇာကိုလဲ စိတ်ချမ်းသာအောင် ထားမယ်ဆိုရင်တော့
သူဇာငြင်းစရာမရှိပါဘူးနော် မောင်သာအဓိကပါ မောင်ရယ် .......

ဒါဆိုရင် မောင်လဲစိတ်ချမ်းသာရပြီ မောင်ကတိပေးတယ်နော် သူဇာကိုထ၀ရစိတ်ချမ်းသာအောင် ထားပေးပါမယ် ကဲသူဇာလဲသွားအိပ်
တော့နော် အော် ........ မနက်စောစောထနော် ရွှေတိဂုံဘုရားမှာ ရွှေသင်္ကန်းသွားလှူကြမယ်နော် ....

ဟုတ်ကဲ့ပါရှင် မောင်သာစောစောထဘို့ စိတ်ကူးထားပါ သူဇာကခြောက်နာရီထိုးတာနဲ့ နိုးပါတယ် ကဲမောင်လဲအိပ်တော့နော် ....

မနက်ပိုင်းတွင်တော့ စောစောထကာ ရွှေတိဂုံဘုရားသို့သွားကာ ရွှေသင်္ကန်းများပက်လှူပြီး သူဇာနှင့်အတူ ရန်ကုန်မြို့ထဲသို့ လျှောက်
လည်ကြလေသည် ချစ်သူနှစ်ဦး၏ ပျော်ရွှင်ကြည်နူးဖွယ်ရာနေ့လေးတွေကို ဖြတ်သန်းရင်း ၇ ရက်ကြာနေထိုင်ပြီး ကိုဇော်တစ်ယောက်
ပဲခူးသို့ပြန်သွားပြီး သူဇာနှင့်လက်ထပ်ရန် မိခင်ဖြစ်သူ ဒေါ်နှင်းဆီမှာ ခွင့်တောင်းလိုက်လေသည် ဒေါ်နှင်းဆီလဲ သမီးဖြစ်သူပေးလိုက်
သောစာနှင့် ငွေတို့ကိုလက်ခံကာ ကိုဇော်အား လူကြီးမိဘများနှင့် အရင်လာတောင်းရန် ချိန်းဆိုလိုက်လေသည် .....

သားရေမင်းကိုဖေဖေပြောစရာရှိတယ် လာပါအုံးကွာ ...........

ဘာများလဲဖေဖေ သားဘာလုပ်ပေးရမလဲ ..........

မင်းနဲ့အတူ ကျောင်းပြီးတဲ့ သူငယ်ချင်းတွေက ဘာတွေလုပ်နေကြလဲ သူတို့တွေကို မင်းလုပ်ငန်းမှာ သုံးရင်အဆင်ပြေမလား .......

ပြောမတတ်သေးဘူးဖေဖေရ သူတို့ကတော့ အလုပ်တော့မရှိကြပါဘူး သားမေးကြည့်ပေးမယ်လေ လုပ်မယ်ဆိုရင်တော့ အဆင်ပြောတာ
ပေါ့နော် သားလဲအဖေါ်ရပါတယ် ဖေဖေက ဘယ်နေရာတွေမှာ ခိုင်းမှာလဲ .........

လာမည့်အပတ်မှာ ကားပစွ့ည်းတွေဝင်မယ်လေ အဲဒီအခါမှာလူလိုတယ် စာရင်းနိုင်တော့ ပိုကောင်းတာပေါ့ ဒီမှာရှိတဲ့ကောင်တွေကပြီးခဲ့
တဲ့အပတ်က ခွင့်ယူထားတာ ပြန်မရောက်သေးဘူးလေ သူတို့ကို အမှီလာဘို့ပြောလိုက်တာ ရောက်မလာဘူး အဲဒီတော့သားသူငယ်
ချင်းတွေထဲက စိတ်ချရမယ်ထင်လို့ပါ ပြီးတော့သူတို့ စိတ်ဝင်စားရင် ဒီမှာဖေဖေရာထူးပေးပြီး ခန့်ထားလိုက်ပါမယ် ......

ဟုတ်ကဲ့ပါ ဖေဖေသားညနေသူတို့ဆီကိုသွားပြီး မေးလိုက်ပါမယ် ...... ဆက်ရန်

No comments: