Saturday, April 5, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၁ )

ဦးချစ်လွန်းသူမှာ မိုးသောက်၏ကြိုးစားလာမူ့ကို သဘောကြတာကြောင့် လုပ်ငန်းများခွဲပေးရန် တစ်ဘက်လှည့်ဖြင့် လူရှာခိုင်းသည်ကို
မိုးသောက်မသိပါ ညနေပိုင်းတော့ ဦးချစ်လွန်းသူက စောစောပြန်ခိုင်းတာကြောင့် စန်ဒါကိုဝင်ကြိုကာ ရှစ်မိုင်သို့လိုက်ပို့ပြီး သူငယ်ချင်း
များရှိရာသို့သွားကာ လုပ်ငန်းကိစွ့များပြောတာကြောင့် ခိုင်းလင်း မင်းထက်ဇက် မိုးယကွ့နှင့်ကိုကိုမောင်တို့အား လုပ်ငန်အကြောင်းပြော
ပြလိုက်တော့အားလုံးက စိတ်ဝင်စားကြသည် ဒါနဲ့လေးယောက်စလုံးက မိုးသောက်နဲ့အတူတွဲလုပ်ရန် သဘောတူလိုက်ကြပြီး နောက်
နေ့နံနက်မှာတော့ မိုးသောက်ရှိရာ ရုံးခန်းသို့သွားကြလေသည် ရုံးခန်းသို့ရောက်တယ်ဆိုရင် ဧည့်ခန်းမှာထိုင်စောင့်ရန် မန်နေဂျာမလေး
နွယ်နီကပြောတာကြောင့် ထိုင်စောင့်ရင်း လူငယ်သဘာဝစကားများပြောကာ ရယ်မောနေကြသည် မိနှစ်အနည်းငယ်မှာပဲ နွယ်နီပြန်
ရောက်လာပြီး ကော်ဖီနှင့်မုန့်များ လာချပေးတာကြောင့် အားလုံးက နွယ်နီကိုကြည့်ကာ ဝေဖန်နေကြသည် ........

ကိုကိုမောင် မန်နေဂျာမလေးက လှတယ်နော် ဟိဟိ .........

ခိုင်လင်းရာ မင်းကတော့ မမြင်လိုက်နဲ့ မြင်တာနဲ့လှတယ်ဆိုတာကြီးပဲ ...........

တကယ်ရော မလှလို့လား ...........

လှတယ်လေ ဘာဖြစ်လို့လဲ ......

ဟင်စောစောက မင်းပြောတော့ဘာလေး ညာလေးနဲ့ မင်းအမျိုးမျိုးမလုပ်နဲ့နော် .........

မင်းတို့သေချာစဉ်းစားကြပါအုံးကွာ ငါပြောတဲံအထဲမှာ မလှပါဘူးလို့ တစ်ခွန်းမှမပါသေးပါဘူး ....... ဟား ဟား

သူတို့တွေစကားကောင်းနေစဉ် ၀ိုင်ရောက်လာပြီး ဦးချစ်လွန်းသူက သူ့ရုံးခန်းအားလာရန် လာခေါ်တာကြောင့် ၀ိုင်ခေါ်ဆောင်ရာသို့
လေးယောက်သားလိုက်သွားကြလေသည် ရုံးခန်းရောက်တော့ ဦးချစ်လွန်းသူက မေးသင့်တာများကိုမေးပြီး ပါလာသောစာရွက်စာတန်း
များကိုယူကြည့်ကာ နွယ်နီကိုခေါ်ပြီး လုပ်ငန်းများနေရာချပေးရန် လိုက်ပြခိုင်းလိုက်သည် မိုးသောက်ကတော့မန်ယူနှင့်လီဗာပူးပွဲကိုကြည့်
နေတာကြောင့်အိပ်ယာထနောက်ကြနေသည်ထင်ပါရဲ့ လုပ်ငန်းခွင့်သို့ရောက်မလာသေးပါ ဦးချစ်လွန်းသူလဲ ရွှေသန်လျင်ကားရောင်းဝယ်
ရေးက အစည်းအဝေးရှိကြောင်းပြောတာနှင့် ဗိုလ်တစ်ထောင်ရုံးချုပ်သို့ နွယ်နီကိုခေါ်ကာ ထွက်သွားတော့သည် .......ဆက်ရန်

No comments: