Saturday, April 5, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၂ )

သားရေ အိပ်ယာမထသေးဘူးလား မင်းဖေဖေဖုန်းဆက်တယ်နော် အိပ်ယာနိုးရင် လာခဲ့ပါတဲ့ ထတော့နော် .......

မေမေရေသားနိုးနေပါပြီ ရေချိုးနေလို့ပါ သားဆင်းလာခဲ့မယ်နော် အော် ........ မေမေရေ ဦးရဲအောင်ကို ကားဖုန်သုတ်ထားပေးပါလို့
ပြောထားလိုက်ပါအုံးနော် သားဒီနေ့ မာစီဒီးယူသွားမယ်နော် ...........

အေးအေးမေမေပြောထားလိုက်မယ် သားမြန်မြန်လုပ်နော် ...........

ဒေါ်လွမ်းလိုင်းလဲ သားဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့ အ၇င်ကလိုမဟုတ်တော့ပါပဲ တည့်နေတာကြောင့် စိတ်ချမ်းသာရ၏ ချက်ချင်းပင်ပြန်
ဆင်းလာကာ ဦးရဲအောင်အား ကားဖုန်သုတ်ရန် လာပြောပြီး ပန်းသီးနှင့် မာလကာသီးများကိုပေးကာ အိမ်ထဲသို့ပြန်ဝင်လာပြီး သားဖြစ်
သူအတွက် နံနက်စာကို ပြင်ဆင်နေတော့သည် .........

မေမေရေ သားလာပြီနော် သားမနက်စာမစားတော့ဘူး သွားတော့မယ်နော် .......

ဟဲ့ ........ သားရေ မောင်မိုးသောက် ဒီမှာအဆင်သင့်ဖြစ်နေပြီ ရော့ရော့စားသွားလိုက်ပါ .........

သားအချိန်မရတော့ဘူးမေမေ သားမေ့နေတာဒီနေ့သူငယ်ချင်းတွေကို အလုပ်ထဲကိုခေါ်ထားတာ အခုမှသတိရတယ် .......

ကဲကဲ ဒါဆိုလဲ မေမေထည့်ပေးလိုက်မယ် ကားပေါ်မှာစားသွားတော့နော် ..........

ဟုတ်ကဲ့ပါမေမေ ဖြစ်ပါတယ် မြန်မြန်နော် .... ဦးရဲအောင်ရေ ကားအဆင်သင့်ဖြစ်ပြီလား ........

အဆင်သင့်ပါပဲ မောင်မိုးသောက်ရေ ..........

ဒါဆိုလဲသွားကြမယ် ဦးရဲအောင်ဒီနေ့ကျွန်တော်နဲ့လိုက်ခဲ့ပါ ပြီးမှရုံးကကားနဲ့ ပြန်ပို့ခိုင်းလိုက်မယ် .......

ဦးရဲအောင်ကို ကားမောင်းခိုင်းကာ မိုးသောက်တစ်ယောက် ရုံးသို့သွားလေသည် ရုံးရောက်တော့ ၀ိုင်ကလာကြိုပြီး ဦးချစ်လွန်းသူနှင့်
နွယ်နီတို့မရှိကြောင်းပြောကာ မင်းထက်တို့လေးယောက်ရှိရာနေရာသို့ လိုက်ပို့ပြီး ပြန်လာလေသည် မိုးသောက်လဲ သူငယ်ချင်းများကို
အလုပ်အတွက်အဆင်ပြေမပြေမေးရာ သူငယ်ချင်းများက အဆင်ပြေသည်ဆိုတာကြောင့် မိုးသောက်စိတ်အေးသွားရသည် ...........

မင်းတို့အားလုံး နေ့လည်စာအတွက် ငါပဲစီစဉ်ပေးမယ်နော် ထမင်းစားချိန်ကြရင် ငါ့ရုံးခန်းကိုလာခဲ့ပါ အခုတော့ အလုပ်ရှိသေးလို့
ငါသွားလိုက်အုံးမယ်နော် လိုအပ်တာရှိရင် ငါကိုအချိန်မရွေးပြောနိုင်ပါတယ် ခိုင်လင်းနှင့် မင်းထက်က လိုအပ်တာတော့ ၀ိုင်နှင့်နွယ်နီပါလို့
လှမ်းပြောလိုက်တာကြောင့် မိုးသောက်လဲ ရယ်ကာလှည့်ထွက်လာတော့သည် ......

အခန်းထဲရှိ ဖုန်းကိုကောက်ကိုင်ကာ ၀ိုင်အားရုံးခန်းကိုလာရန် လှမ်းခေါ်လိုက်ပြီး Shwefamily မှပစွ့ည်းစားရင်းများကို ယူလာခိုင်းကာစစ်
ဆေးရန် ၀ိုင်နှင့်အတူအလုပ်ရူပ်နေခိုက် စန်ဒါဆီမှဖုန်းဝင်လာကြောင့် စကားပြောနေပြီး ၀ိုင်အားအပြင်ခဏထွက်ပေးရန် လက်ကာပြတာ
ကြောင့် ၀ိုင်လဲအပြင်ထွက်ကာ ကော်ဖီခန်းသို့သွားပြီ ကော်ဖီဖျော်နေလိုက်တော့သည် ........ဆက်ရန်

No comments: