Saturday, April 5, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၃ )

အရောင်းအ၀ယ်နှင့် လုပ်ငန်းများအောင်မြင်လာတာကြောင့် ကိုဇော်တစ်ယောက်အရန်းကို ပျော်နေပြီးသူဇာထွန်းကိုလဲ ၀င်ငွေမည်မျှရနေ
ကြောင်းခဏခဏ ပြောနေပြီးအလုပ်မှလဲ မင်္ဂလာဆောင်ပြီးရင် ထွက်ရန်ခဏခဏပြောလေသည် ကိုဇော်ပြန်သွားပြီး တစ်နှစ်ကျော်ကြာ
မှာတော့ နှစ်ဘက်မိဘများ၏ သဘောတူညီမူ့ဖြင့် ပဲခူးမြို့တွင်အကြီးအကျယ်မင်္ဂလာ ဆောင်လိုက်ကြလေသည် ချစ်စခင်စကြင်နာစမှာ
တော့ပျော်ရွှင်နေကြပြီး ၂ နှစ်ကျော်ကြာအတူနေလာစဉ်မှာတော့ ကိုဇော်တစ်ယောက် စတင်စီးကမ်းပျက်တော့သည် အိမ်ကိုလဲပုံမှန်မ
ပြန်တော့ပါပဲ ဆန်ဝယ်နေသည် စပါးဝယ်နေသည်ဟု အကြောင်းပြကာ ကိုဇော်ခြေလှမ်းတို့ပျက်ခဲ့ပါသည် နောက်ပိုင်းတွင်သူဇာလဲ မနေ
နိုင်တော့ပါပဲ နီးစပ်ရာသို့စုံစမ်းလိုက်ရာ ပဲခူးဘုရားကြီးနားက နဒီ ဆိုသောမိန်းကလေးနှင့် ညိစွန်းနေကြောင်းကို သူဇာသိလိုက်ရပါသည်
ကိုဇော်ပြန်ရောက်လာတဲ့ ရက်များကို သူဇာဘာမှမပြောသေးပဲ မသိသလိုသာနေပြီး ...........

မောင်အရောင်း အ၀ယ်တွေများနေတော့ သိပ်ပင်ပန်းနေလားဟင် သူဇာဘာကူညီပေးရမလဲ ..........

ဘာမှကူစရာမလိုပါဘူး မင်းသာအိမ်မှာအေးဆေးနေစမ်းပါ ငါ့အလုပ်ကိုငါနားလည်ပါတယ် .......

ဟင်မောင်ဘယ်လိုပြောလိုက်တယ် တသက်လုံးက မောင်လို့သုံးနေပြီး အခုတော့ငါဆိုတာက ဘာသဘောလဲ အခုမှအိမ်ထောင်သက်
နှစ်နှစ်ကျော်ပဲ ရှိသေးတာနော် မောင်ဘာတွေဖြစ်နေလဲ ............

သွားစမ်းပါကွာ ဝေးဝေးမှာသွားနေစမ်းပါ ငါအေးအေးဆေးဆေးနေချင်တယ် သွားသွားအိပ်ချင်ရင်လဲအိပ်တော့ကွာ.......

သူဇာထွန်းလဲစိတ်မကောင်းဖြစ်ကာ ငိုပြီးထွက်သွားလေသည် အရင်တုန်းကတော့ ဟုတ်မလိုနဲ့ အခုတော့ယောက်ကျားဖြစ်သူ၏ ပြောင်း
လွှဲမူ့ကို သူဇာတစ်ယောက်မုန်းတီးနေသည် မိဘတွေကိုပြောပြန်ရင်လဲ စိတ်ဆင်းရဲမှာစိုးတာကြောင့် သူဇာတစ်ယောက်ဒီလိုပဲ စိတ်ဆင်း
ရဲခံနေရင်းက ကိုဇော်၏ခြေလှမ်းတို့ ပျက်မှန်းမသိပိုပျက်လာတာကြောင့် သူဇာသီးမခံနိုင်တော့ပါပဲ ပဲခူးဘုရားကြီးနားကို သွားရောက်ကာ
နဒီအကြောင်းကို စုံစမ်းတော့ နဒီဟာ ယောက်ကျားလေးတွေကို ချူစားမြှူစားနေကြောင်းကို သူဇာသိသွားပြီး နဒီတစ်ယောက်ထဲ ရှိနေ
တဲ့အချိန်ကို သူဇာဝင်သွားကာ နဒီအားပြော သူဟာအိုဇော်မိန်းမပါလို့ ပြောပြတော့ နဒီနှင့်ပြသနာ အနည်းငယ်တက်ကာ ရပ်ကွက်လူ
ကြီး ဦးရဲနောင်အိပ်သို့ ရောက်ရလေသည် ဒီသတင်းကို ကိုဇော်ကြားသိသောအခါ သူဇာထွန်းအားပြသနာရှာတော့သည် .....ဆက်ရန်

No comments: