Saturday, April 5, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၄ )

မင်းကို ငါပြောထားတယ်မို့လား ငါလုပ်ထားတာတွေဘာမှဝင်မရူပ်ပါနဲ့လို့ အတန်တန်ပြောထားရဲ့သားနဲ့ကွာ ........ငါ ........တောက်

ရှင်လက်မပါချင်ပါနဲ့ ရှင်ကလဲမှားသေးတယ် ရှင်ကပဲဒေါသတစ်ကြီးနဲ့ တစ်ချိန်တုန်းက ရှင်ပြောခဲ့တာတွေ မေ့ကုန်ပြီမို့လား ...

မင်းကိုငါဘာတွေပြောဘူးလဲ မင်းကိုစားစရာအပြည်နဲ့ အိမ်မှာထားပေးတာပဲ မင်းကဘာများထပ်လိုချင်သေးလို့လဲ မင်းတို့မိန်းမတွေက
ရလေလိုလေ ဖြစ်နေကြတာပေါ့လေ ဟုတ်လား ..........

အော် .........ရှင်ကအခုတော့ ဒီစကားမျိုးပြောတယ်ပေါ့လေ အေးပေါ့ ဟိုကောင်မက ဆေးကောင်းနေတာကိုး မပြောလိုက်ချင်ဘူး ...

မင်းသူများကို ဘာမှပြောစရာမလိုဘူးကွ မင်းငါထားတဲ့အတိုင်းနေ မနေနိုင်ရန် ညောင်းဒါပဲ .........

အော် .......ရှင်တို့ယောက်ကျားတွေက ငွေပေးထားရင် ပြည့်စုံပြီလို့ထင်နေကြတယ်ပေါ့လေ ကျွန်မလိုချင်တာက ငွေမဟုတ်ဘူးရှင့်
ကျွန်မလိုချင်တာက ရှင်ရင်ထဲကလာတဲ့ စေတနာ မေတ္တာကိုပဲလိုချင်တာပါ ပြီးတော့ထပ်ပြောလိုက်မယ် ဒီလိုသောကမီးတွေပူလောင်
နေတဲ့ ရှင့်ရဲ့ချစ်ချင်းကိုလဲ ကျွန်မ မလိုချင်တာအမှန်ပဲ အဲဒီတော့ရှင်အကောင်းဆုံလမ်းကို ရွေးချယ်ပါ ကျွန်မတော့ဘာမှ မပြောချင်ဘူး

ကိုဇော်တစ်ယောက် သူကမှားနေတာကြောင့် ဆက်မပြောတော့ပါပဲ အ၀တ်အစားလဲကာ ပြန်ထွက်သွားပြီး အပေါင်းအသင်းများနှင့်အ
တူအရက်သောက်နေလိုက်သည် သူဇာကတော့ တစ်ယောက်ကနေ နှစ်ယောက်မဖြစ်ချင်တာကြောင့် သောကမီးကို ရင်ဝယ်ပိုက်ကာ
အခန်းအတွင်းဝင်ပြီး ငိုနေလိုက်တော့သည် ဒီလိုနှင့်နေလာရာ ကိုဇော်မှာ သူ့မူများကို မပြင်သည့်အပြင် နဒီဆီသို့သာ ၀င်ထွက်သွားလာ
မြဲလုပ်နေတာကြောင့် သူဇာလဲ ကိုဇော်မရှိခင် အိမ်မှထွက်သွားတော့သည် ကိုဇော်ပြန်ရောက်လာတော့ သူဇာအ၀တ်အစားနှင့် အသုံးအ
ဆောင်များ ဘာတစ်ခုမှမတွေ့တာကြောင့် သူဇာမ်ဘများရှိရာသို့ သွားမေးလေသည် သူဇာအိမ်ကလဲ သူဇာဒီကိုမလာကြောင်းပြောတာ
ကြောင့် ကိုဇော်လဲ ပဲခူးရှိကားဂိတ်များကို လိုက်ရှာပေမဲ့သူဇာကို ရှာလို့မတွေ့တော့ပါ ........

နောက်ပိုင်းတွင်တော့ ဘောလုံးပွဲကလဲရူံး ဖဲနှင့်အရက်ပါဖက်လာသော ကိုဇော်ကို နဒီကလဲသိပ်မကြည်တော့ပါ မိဘများကသဘောမကြ
လို့အိမ်သို့မလာရန် တွေ့ချင်လျှင်ပဲလာတွေ့မည်ဟု ပြောလိုက်ပြီး ကိုဇော်အားပြန်လွှတ်လိုက်လေသည် ........ဆက်ရန်

No comments: