Saturday, April 5, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၅ )

ကိုမိုး ..........

ပြောလေစန်ဒါ ဘာဖြစ်လို့လဲ အိမ်မလိုက်ချင်ဘူးလား ............

မဟုတ်ရပါဘူး ကိုမိုးရဲ့ ဒီနေ့ထူးထူးခြားခြား မမသူဇာထွန်းကို သတိရလို့ပါ အဆင်ရောပြောရဲ့လား မသိဘူးနော် .......

ပြောမှာပါစန်ဒါရယ် ကိုဇော်က သူ့ကိုအရန်းချစ်တာပဲဟာ ပြီးတော့ မမသူဇာထွန်းက စိတ်ကောင်းရှိတာပဲ ပူမနေပါနဲ့ကွာ .......

မမနဲ့တစ်ခါလောက် ပြန်တွေ့ရရင်ကောင်းမယ်နော် ......

နောက်တော့လဲတွေ့ရမှာပေါ့ကွာ ကဲအိမ်ထဲဝင်ရတော့မယ် ဖေဖေနဲ့မေမေကို စကားပြောရင်သတိလေးနဲ့ပြောနော် .......

စိတ်ချပါကိုမိုးရယ် စန်ဒါသဘောပေါက်ပါတယ် ......

စန်ဒါကို မိုးသောက်မိဘများကတွေ့ချင်တယ်ဆိုတာကြောင့် တနင်္ဂနွေနေ့နံနက်မှာ ကိုဇော်ကသွားခေါ်လာပြီး မိဘများနှင့်တွေ့ဆုံပေးလေ
တော့သည် အိမ်ရောက်တော့ ဒေါ်လွမ်းလိုင်းက စန်ဒါကိုကြည့်ကာ အကဲခတ်လိုက်ပြီး စန်ဒါကိုထိုင်ရန်လက်ညှိုးညွှန်ပြတာကြောင့် စန်ဒါ
လဲထိုင်လိုက်တော့ ဦးချစ်လွန်းသူက သတင်းစာကို ဘေးချကာ စန်ဒါအားစတင်မိတ်ဆက်တော့သည် ..........

သမီးလေးက ဘယ်မှာနေတာလဲကွဲ့ .......အန်ကယ်ကို ပြောပါအုံး .........

သမီးက ရှစ်မိုင်မှာ အဒေါ်တွေနဲ့နေတာပါရှင် ဖေဖေနဲ့မေမေကတော့ တောင်ကြီးမှာနေကြပါတယ် ......

သမီးရန်ကုန်ကိုရောက်တာ ကြာပြီလား ........

ဟုတ်ကဲ့ရှင့် ကြာပါပြီ ၁၀ တန်းအောင်ပြီးထဲကပါအန်ကယ် ဒီမှာပဲကျောင်းဆက်တက်ရင်း အလုပ်လုပ်နေတာပါ ........

သမီးတို့မောင်မိုးသောက်နဲ့ ချစ်ခင်နေတာ မိဘတွေရော သိကြလားကွဲ့ .......

ဟုတ်ကဲ့သိပါတယ် ဖေဖေနှင့်မေမေကို သမီးပြောထားပါတယ် ........

သမီးအဖေဖေနဲ့မေမေက နာမည်ဘယ်လိုခေါ်လဲ ........

ဖေဖေက ဦးညီထွဋ်ပါ မေမေကတော့ ဒေါ်သဇင်ပါရှင် .........

ဟင်ကိုညီထွဋ်သမီးပေါ့လေ အော် ........ တိုက်ဆိုင်လိုက်တာကွယ် သမီးဖေဖေကပြောဘူးတယ် အန်ကယ်တို့တောင်ကြီးမှနေတုန်းက
သမီးတို့နဲ့ အိမ်ချင်းကပ်ရက်ပေါ့ သမီးနဲ့မောင်မိုးသောက်က လပဲခြားတာကွဲ့ မောင်မိုးသောက်က တစ်လပဲသမီးထက်ကြီးတာလေ သမီး
တစ်နှစ်သမီးမှာ အန်ကယ်တို့က ရန်ကုန်ကို ပြောင်းလာတာပေါ့ နောက်ပိုင်းတော့ အန်ကယ်လဲ ကိုညီထွဋ်နဲ့ မဆုံဖြစ်တာ အခုထိဆိုပါ
တော့ကွယ် အေးကောင်းပါတယ်ကွယ် အန်ကယ်ဝမ်းသာပါတယ် ဒါနဲ့သမီးမိဘတွေရော ကျမ်းမာရေးကောင်းကြလား .........

ဟုတ်ကဲ့ရှင့်ကောင်းပါတယ် မနေ့ကတောင်သမီးဖေဖေနဲ့ စကားပြောဖြစ်သေးတယ် ဖေဖေလဲရန်ကုန်ကိုလာမယ်ပြောပါတယ် အခုဖေဖေ
ကားကိုစစ်ဆေးနေပါတယ် ဖေဖေရောမေမေပါ လာကြမှာပါ .......

ကဲအန်ကယ်လဲ စကားကောင်းနေတာနဲ့ မေ့နေတယ်ကွယ် သမီးတို့အေးဆေးနေကြအုံး အန်ကယ်နဲ့အန်တီ မဟာစည်ဆရာတော်ဆီသွား
လိုက်အုံးမယ် ပြန်လာမှအတူ ထမင်းစားကြမယ်နော် ဒါနဲ့သမီးကဘယ်သွားစရာရှိသေးလဲ .......

အော် ......... မရှိပါဘူးအန် ဒီမှာပဲနေပြီး အိမ်ပြန်မှာပါ .........

သားရေ မေမေတို့အပြင်သွားမယ် သမီးလေးကို ဂရုစိုက်လိုက်နော် ........

ဟုတ်ကဲ့ပါမေမေ စိတ်ချပါ .........ဆက်ရန်

No comments: