Sunday, April 6, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၆ )

ဦးညီထွဋ် ဒေါ်သဇင်နဲ့အတူ ညီဖြစ်သူ မောင်စည်သူလဲပါလာပြီး မောင်စည်သူက ကားကိုကိုယ်တိုင်မောင်းကာ ညီအကိုမောင်နှမများ
ကုန်သို့ လာကြသည် ထောက်ကြံလမ်းဆံသို့ရောက်သောအခါ ကားရှေ့မှအမျိုးသမီးတစ်ဦးက အတင်းဖြတ်ပြေးတာကြောင့် မောင်စည်
သူကားကို မနည်းပရိတ်အုပ်လိုက်ရသည် ကားသံနဲ့အတူဘေးမှလူများ၏ ဆူညံသံမှာအတော်လေးကို မောင်စည်သူလန့်သွားပြီးထိုအမျိုး
သမီးအားဆင်းကြည့်ရာ ဘာမှတော့ထိခိုက်ဒဏ်ရာမရပါပဲ လန့်သွားတာကြောင့် မေ့လဲသွားတော့သည် ဦးညီထွဋ်လဲဆင်းကြည့်ပြီး ထိုအ
မျိုးသမီးကိုကားပေါ်သို့ပွေ့တင်ကာ နီးစပ်ရာဆေးခန်းသို့ဝင်ပေမဲ့ ဆေးခန်းပိတ်ထားတာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်လေ
တော့သည် ဆေးရုံကြီးကိုရောက်ပေမဲ့ ထိုအမျိုးသမီးမှာ သတိမရသေးတာကြောင့် အားလုံးကစောင့်နေပြီး ဦးညီထွဋ်က စန်ဒါဆီကိုဖုန်း
ဆက်ကာရန်ကုန်မှာရောက်နေကြောင်း ပြောလိုက်ပြီး ဒေါ်သဇင်နှင့်ဆက်ပြောခိုင်းလိုက်လေသည် ....။

သမီးလေး နေကောင်းတယ်မို့လား ........

ဟုတ်ကဲ့ကောင်းပါတယ်မေမေ မေမေတို့အခုဘယ်မှာရောက်နေပြီလဲ .........

ရန်ကုန်ဆေးရုံကြီးမှာပါ သမီးရယ် ........

ဟင်ဘယ်သူဘာဖြစ်လို့လဲ သမီးကိုပြောပါအုံးမေမေရယ် ရင်ပူလိုက်တာ .......

ဘယ်သူမှဘာမှမဖြစ်ပါဘူး လမ်းမှာလာရင်း အမျိုးသမီးတစ်ယောက်ကို ကားတိုက်မလိုဖြစ်ရာက မေ့လဲနေလို့ ဆေးရုံပို့လိုက်တာပါ .....

ဒါဆိုမေမေတို့က ဘယ်အချိန်မှရောက်မှာလဲဟင် သမီးလွမ်းလှပြီ မေမေရယ် ........

ကဲပါသမီးရယ် ရန်ကုန်ရောက်လာပြီပဲကွယ် တွေ့ရတော့မှာပါ သမီးရေ နောက်မှပြန်ဆက်တော့မယ်နော် ဆရာဝန်ထွက်လာပြီ ဘာပြော
မလဲမသိဘူး ဒါပဲနော် ..........

ဆရာဝန်ထွက်လာပြီး စိုးရိမ်စရာမရှိကြောင်း လူနာမှာလဲသတိရကြောင်း ပြောတာနဲ့ဝင်ကြည်လိုက်တော့ ထိုအမျိုးသမီးမှာ ကျေးဇူးတင်
ကြောင်းပြောနေတာကြောင့် ဦးညီထွဋ်နှင့် ဒေါ်သူဇာမှာ သိချင်တာလေးတွေကို မေးနေလိုက်ကြတော့သည် ထိုအမျိုးသမီးမှာ ထောက်
ကြံတွင်အိမ်ငှါးနဲ့နေကြောင်း တစ်ယောက်ထဲဖြစ်လို့ ဒုကွ့ရောက်ကြောင်းတို့ကို ပြောပြတာကြောင့် ဦးညီထွဋ်လဲသနားကာ ခေါ်လာလိုက်
တော့သည် ညပိုင်းစန်ဒါဆီရောက်တော့မှ ပိုပြီးသြသွားလိုက်ရတော့သည် .........

ဟယ် ....... မမသူဇာထွန်း ဘယ်လိုဖြစ်လို့ ဖေဖေတို့နဲ့ သိနေတာလဲ ........

ဟင် ..... သမီးတို့က သိနေကြတာလား ............

ဟုတ်ကဲ့သိနေပါတယ် မမကသမီးအပေါ်မှာ အရန်းကောင်းတာမေမေရဲ့ တကယ်ကို အမအရင်တစ်ယောက်လိုပါပဲ .......

ဟယ် ......ညီမလေးရယ် တွေ့မဲ့တွေ့တော့လဲ ဒီပုံနဲ့တွေ့ရတယ်လို့ကွယ် ........

လာပါမမရယ်ဘာမှအားမနာနဲ့နော် ဖေဖေနဲ့မေမေက စိတ်ကောင်းပါတယ် ဒါနဲ့ကိုဇော်ရောမမ ဘယ်ရောက်နေလဲ မပါလာဘူးလား .....

ကိုဇော်ဆိုတဲ့ အသံကြားလိုက်တာကြောင့် သူဇာထွန်းမျက်နှာပျက်သွားလေသည် ဒါကိုစန်ဒါကရိပ်မိတာကြောင့် ဆက်မမေးတော့ပါပဲ
စကားလမ်းကြောင်းလွှဲလိုက်လေတော့သည် ..........ဆက်ရန်

No comments: