Sunday, April 6, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၇ )

သူဇာလဲ ဖြစ်သမျှအကြောင်းတွေကို စန်ဒါအားရင်ဖွင့်ရင်း ငိုမိတာကြောင့် စန်ဒါလဲအရန်းသနားက မပြန်တော့ရန် ဒီမှာနေပါရန်ပြောလေ
တော့ သူဇာလဲ နေပြီးအလုပ်တစ်ခုရရန်ကြိုးစားလိုက်တော့ မိုးသောက်က စာရင်းစစ်အဖြစ်ခန့်ထားလိုက်လေတော့သည် ထိုနောက်ပိုင်း
မှာတော့ သူဇာလဲ ဦးချစ်လွန်းသူက တိုက်ခန်းငှါးပေတာကြောင့် တိုက်ခန်းမှာပဲနေလိုက်တော့သည် စန်ဒါနှင့်မိုးသောက်မှာတော့ တစ်ခါ
တလေလာပြီး အားပေဒစကားပြောကြလေသည် .........


၆ လခန့်ကြာသော်


မိုးသောက်တို့အုပ်စုက ဦးဘဟိန်းဆိုင်သို့သွားကာ မိုးသောက်နှင့်စန်ဒါလက်ထပ်တော့မှာမို့ မင်္ဂလာဆောင်ကို လာခဲ့ပါရန်သွားဖိတ်လေ
တော့ ဦးဟိန်းက စကားဏာထိုးသောလေသံနဲ့ ပြောလိုက်ပုံများ အားလုံးပွဲကြမတတ်ဖြစ်ရသည် .........

မင်းတို့ကောင်တွေများ အလုပ်ရတော့င့ါဆိုင်တောင်မလာကြဘူး အရင်ကတော့ဘကြီးဟိန်းလုပ်ပါအုံး ဦးလေးဟိန်းလုပ်ပါအုံးနဲ့ ဟင်းဟင်း
မပြေလိုက်ချင်ဘူး ကိုကိုမောင် နဲ့ခိုင်လင်းက အကျွေးကျန်သေးတယ်နော် ဆပ်သွားအုံး ဟိုကောင်မင်းထက်လဲ ရယ်မနေနဲ့ မန်နေဂျာတွေ
ဆိုတော့ လစာတွေအများကြီး ရတာပဲ ဘကြီးအကျွေးလေးတော့ ဆပ်ခဲ့ကြပါကွာ ........နော် ........နော် .......

ကဲပါဦးလေးရယ် ဆပ်မလို့လာကြတာပါ ကဲရော့ ဘယ်လောက်လဲ ပြောနော် ......

အောင်မာ တစ်ထောင်ထုတ်နဲ့မင်းက လာခြောက်တာပေါ့လေ မင်းတို့သုံးယောက်ပေါင်းလိုက်ရင် လေးသောင်းကျော်တယ်နော် ........

ဟာဒီအဖိုးကြီးတော့ စာရင်တွေ ပိုမှတ်ထားပြီထင်ပါတယ် .......

မင်းတိုမယုံရင်လဲ မပေးပါနဲ့ကွာ .......ရပါတယ် .......

စတာပါဦးလေးရယ် ရော့ပါကြသလောက်သာယူထားပေတော့ ........

အားလုံးပေးစရာရှိတာတွေ ပေးသွားကာဦးဘဟိန်းအားနူတ်ဆက်ပြီး ပြန်သွားကြလေသည် ၇ ရက်ခန့်အကြာမှာတော့ မိုးသောက်နှင့်
စန်ဒါတို့ စီဒိုးနားဟိုတယ်တွင် မင်္ဂလာဆောင်ကြပြီး ညစာစားပွဲကိုတော့ မြရိပ်ညိုဟိုတယ်မျက်ခင်းပြင်တွင် ကျင်းပကာ ချစ်သူနှစ်ဦးပျော်
ရွှင်ကြည်နူးစွာ ဘ၀ကိုထာဝရလက်တွဲလိုက်ကြလေသည် သူဇာထွန်းမှာတော့ မိုးသောက်နှင့် စန်ဒါတို့၏ ပြုံးပျော်နေသော မျက်နှာလေး
ကိုငေးကြည့်ရင်း ကိုဇော်ကို သတိရသွားတာကြောင့် ခေါင်းကိုခါရမ်းကာ လာသောဧည့်ပရိတ်သတ်များကို ဆက်လက်ဧည်ခံနေတော့
လေသည် မင်္ဂပွဲပြီးနောက်မှာတော့ သူဇာထွန်းလဲ မိဘများဆီကို မပြန်တာကြာပြီဖြစ်တာကြောင့် ပဲခူးသို့ပြန်သွားပြီးနောက်မှာတော့ ....ဆက်ရန်

No comments: