Sunday, April 6, 2008

ပူလောင်တဲ့အချစ်မျိုးကိုမလိုချင်ဘူး

အပိုင်း ( ၁၈ ) ဇာတ်သိမ်းပိုင်း

သူဇာထွန်းတစ်ယောက် နေရာဟောင်းလေးကို ပြန်ရောက်တယ်ဆိုရင်ပဲ အရင်းတုန်းက ကိုဇော်နဲ့နှစ်ယောက်တူ နေခဲ့တဲ့နေရာလေးက
အရန်းပြောင်းလွဲသွားပြီး နှစ်ထပ်တိုက်လေးတစ်လုံးက သပ်ရပ်ခန်းနားစွာ တည်ရှိနေတာကြောင့် စိတ်ထဲတွင်တော့ ကိုဇော်ရောင်းလိုက်
ပြီထင်ကာ ပိုပြီးတော့ကိုဇော်ကို စိတ်နာသွားမိသည် မိဘများရှိရာသို့ သူဇာထွန်းသွားတော့ အိမ်ပြောင်းသွားကြောင်း သိရလေသည် အ
နားမှလူများကို ဘယ်ပြောင်းသွားလဲဟု သူဇာထွန်းတစ်ယောက် မေးရန်မေ့လာတာကြောင့် တစ်ယောက်ထဲအတွေးလွန်ကာပြန်လျှောက်
လာကာ စောစောက တိုက်ကလေးရှေ့ရောက်တာကြောင့် သူဇာထွန်းစိတ်မကုန်သေးပါပဲ ရပ်ကြည့်နေလိုက်မိသည် တိုက်ကလေး၏
ဆေးသုတ်ထားပုံ ပြင်ဆင်ထားပုံမှာ သူဇာထွန်းအရန်းနှစ်သော ဒီဇိုင်းဖြစ်နေတာကြောင့် ရပ်ကြည့်နေခိုက် အနားသို့ လူရွယ်တစ်ဦးလာ
ရပ်ပြီး ..............

အရန်းလှတယ်နော် ..........

သူဇာထွန်းလဲ လှည့်မကြည့်ပါပဲ ဒီလူဘယ်လိုလူစားလဲဟုတွေးကာ ရှင်ဘာစကားပြောတာလဲဟု ပြန်ပြောလိုက်လေသည် အနောက်မှာ
ရပ်နေသောလူရွယ်က ကြိုက်လားဟု ထပ်မေးပြန်တော့ သူဇာထွန်းလဲ လာနှောက်ယှက်သည်ထင်ကာ ထွက်သွားမည်လုပ်တော့မှ ...

သူဇာ အိမ်လေးကိုသဘောကြလား .........

ကြိုက်တာမကြိုက်တာရှင်အပူမပါပါဘူး ကိုယ့်လမ်းကိုသွားပါ လာနောက်မနေပါနဲ့ ဒါနဲ့ရှင်က ကျွန်နာမည်ကို ဘယ်လိုသိလဲ .......

လူကိုလဲလှည့်ကြည့်ပါအုံး သူဇာရယ် သူဇာကားပေါ်ကဆင်းလာထဲက မောင်လိုက်ကြည့်နေတာပါ ........

ဟင် ....... ကိုဇော် .......

ဟုတ်ပါတယ်မောင်ပါသူဇာ မောင်ကိုခွင့်လွှတ်ပါနော် မောင်းပန်ပါတယ် သူဇာစေတနာတွေကို မောင်နားလည်လိုက်ပါပြီနော် ဒီအိမ်က
မောင်သူဇာအတွက် ဆောက်ပေးထားတာပါ အိမ်ထဲမှာ သူဇာဖေဖေနဲ့မေမေလဲရှိနေပါတယ် အရင်တုန်းတော့ မောင်လဲမသိစိတ်နဲ့မိုက်
ခဲ့တာပါကွာ အခုတော့မောင်းနည်လိုက်ပါပြီ ဒါကြောင့်သူဇာနှစ်သက်တဲ့ ဟောဒီမြေနေရာမှာ သူဇာအတွက်ဒီတိုက်လေးကို ဆောက်ပေး
ရင်းမောင်သူဇာကို စောင့်နေခဲ့တာပါ ..........

လာနောက်မနေပါနဲ့ရှင် ကျွန်မရှင်ကိုမယုံရဲတော့ပါဘူး ရှင်ပေးခဲ့တဲ့ဒဏ်ရာတွေဟာ ပြန်တွေးတိုင်း ရင်နာလို့မဆုံးတော့ပါဘူး ဟင်းးးးးးး

မောင်တကယ်ပြောနေတာပါသူဇာ လာလာအိမ်ထဲဝင်လိုက်နော် မယုံရင်လဲ သူဇာဖေဖေနဲ့မေမေကို မောင်ခေါ်လိုက်မယ်နော် .......

ကိုဇော်ခေါ်လိုက်တာကြောင့် သူဇာ၏ဖေဖေနှင့်မေမေထွက်လာကာ သူဇာကိုခေါ်တာကြောင့် သူဇာလဲမလိုက်ချင်လိုက်ချင်နှင့် အိမ်ထဲသို့
ဝင်လိုက်သွားတော့သည် အိမ်ထဲရောက်တော့မိဘများက အကြောင်းစုံရှင်းပြလေသည် သူဇာလဲမိဘတွေက အာမခံစွာပြောနေတာဆို
တော့ လက်ခံလိုက်ရသည် ဒါပေမဲ့ဘာကြောင့်ဒီလောက်ဖြစ်လာသည်ကိုတော့ သူဇာက မသင်ကာသလိုကြည့်တာကြောင့် ကိုဇော်က
သူဖြစ်လာပုံကို ပြန်ပြောပြလိုက်တော့သည် ..........။

ဒီလိုသူဇာရဲ့ သူဇာထွက်သွားပြီးနောက်ပိုင်းမှာ မောင်က နဒီအိမ်ကိုသွားတယ်လေ သူကငွေမရှိတော့ မောင်ကိုလက်မခံဘူးပေါ့
မောင်လဲကြာလာတော့ နဒီကိုစိတ်နာသွားပြီး စီးပွါးရေးကို ပြန်လည်ရုံးကန်ရင်း တစ်နေ့မှာတော့ မောင်လဲစိတ်ညစ်ညစ်နဲ့ ရှိသမျှကိုပုံ
အောပြီး ဘောလုံးပွဲလောင်းလိုက်တာ ၄၀၀ ကျော်လောက်ရတယ်လေ အဲဒါနဲ့မောင် မကောင်းတဲ့အလုပ်တွေကို စွန့်လိုက်ပြီး ဒီအိမ်
ကိုဆောက်ကာ သူဇာဖေဖေနဲ့မေမေကို ခေါ်တင်ပြီး မောင်လူကောင်းတစ်ယောက်ဖြစ်အောင် နေခဲ့တယ်ဆိုပါတော့ကွယ် ......

ကောင်းပါပြီမောင်ရယ် အခုလိုကြားရတာ သူဇာဝမ်းသာပါတယ် ဒါပေမဲ့သူဇာမောင်နဲ့တော့ အတူမနေရဲတော့ပါဘူးနော် အခုလဲ သူဇာ
ဖေဖေနဲ့မေမေကို လာခေါ်တာပါ ရန်ကုန်ကိုပြောင်းတော့မယ်လေ သူဇာကိုသူဌေးက တိုက်ခန်းပေးထားပါတယ် သူဇာတစ်ယောက်ထဲ
ဖြစ်တော့ မေမေတို့ရှိတော့ပိုကောင်းတာပေါ့နော် ........

သူဇာကလက်မခံတော့ဘူးဆိုတာကြောင့် ကိုဇော်စိတ်ဓါတ်ကြကာ ထွက်သွားမည်အလုပ်မှာတော့ မိဘများက သူဇာအား ပြန်လည်နား
ချတာကြောင့် သူဇာလဲ မိဘတွေကို မလွန်ဆန်ချင်တာကြောင့် ကိုဇော်ကို ပြန်လက်ခံကာ ထာဝရချစ်ခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းရန်
အင်းအားအပြည့်နဲ့ ချစ်သူရင်ခွင်ကိုဝင်ကာ အားကိုးပါသည်ဟုသော အပြုံးကလေးနှင့် ဖက်ထားလိုက်တော့သည် .........ဒီမျှနဲ့ကျေနပ်
ပေးကြပါနော် ဆက်လက်ကြိုးစားပါအုံးမည် .........။

No comments: