Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၁ )

ဧရာဝတီတိုင်း ဓနူဖြူမြို့နယ် သပြုကျေးရွာမှာ ဒေါ်ငွေလှတစ်ယောက် ယင်းမာဆေးပေါ့လိုက်ကို မီးညှိ့ပြီးသောက်လိုက်ရင်းက သားဖြစ်သူ
မောင်စည်သူကို သတိရနေမိသည် သားဖြစ်သူကိုလဲ ကျမ်းမာချမ်းသာပါစေဟု ဒေါ်ငွေလှနေ့တိုင်း ဆုတောင်းရသည်မှာ အမောပေါ့ သား
ဖြစ်သူ မောင်စည်သူကတော့ နယ်မှထွက်လာတာ ၅ နှစ်ကျော်ကြာခဲ့လေပြီ မိခင်ဆီကို ပြန်ချင်ပေမဲ့ ပထွေးဖြစ်သူ ဦးမိုးသောက်ကို မျက်
နှာချင်းမဆိုင်ချင်တာကြောင့် မပြန်ပဲနေခဲ့လေသည် ဒီလိုနဲ့တစ်နေ့မှာတော့ သပြုရွာမှ သူငယ်ချင်းဖြစ်သူက ရန်ကုန်သို့ရောက်လာကြောင့်
မောင်စည်သူ သွားရောက်တွေ့ဆုံကာ သူငယ်ချင်းအား မိခင်ကြီးအကြောင်းကို မေးလိုက်ပြီး မောင်စည်သူ စိတ်မကောင်းဖြစ်ရလေသည်
သားကိုခွင့်လွှတ်ပါ အမေလို့သာ စည်သူပြောနိုင်ခဲ့လေသည် သူငယ်ချင်းဖြစ်သူ အာကာမောင်ကတော့ စည်သူကိုနှစ်သိပ့်ကာ အားပေး
စကားပြောရသည်ပေါ့ အာကာမောင်အားပေးလေ စည်သူဒေါထွက်လေဖြစ်ရပုံက ဦးမိုးသောက်မှာ တစ်နေကုန်အရက်သောက်ပြီး ဘာမှ
ကိုလုပ်စားချင်စိတ် မရှိသူပါ ရွာထဲမှာ ကြက်တိုက်မယ် ဖဲရိုက်မယ် ဂျင်လောင်းမယ်ဆိုရင် ဦးမိုးသောက်ငွေထွက်လာတတ်ပြီး ဒေါ်ငွေလှက
ငွေလိုပါတယ်ဆိုရင် ရိုက်နှက်တတ်တဲ့ ဦးမိုးသောက်ကို စည်သူဒေါသထွက်မှာ မှားမည်မထင်ပါ စည်သူကအခုပင်ထပြန်မည်ဆိုတော့ ...

ဟေ့ကောင်မင်းပြန်လို့အဖြစ်ဖသးဘူး ရွာထဲမှာက မင်းသတင်းကို ရဲအုပ်ခိုင်လင်းနဲ့အဖွဲ့က စောင့်ကြည့်နေတာလေ ........

ငါပြန်ပြီး ညဘက်ခိုးဝင်မယ်လေကွာ ရုပ်ဖျက်ထားရင်တော့ ဘယ်သူမှမသိလောက်ပါဘူး စိတ်မပူပါနဲ့ကွာ ........

မဖြစ်ပါဘူးကွာ မင်းအမေကပြန်မလာရန် သေချာမှာလိုက်တာကွ မင်းပြန်လို့ တစ်ခုခုဖြစ်ရင် ငါဒေါ်ငွေလှကို ဘယ်လိုမျက်နှာပြရမလဲ ....

အေးကွာ ဒါဆိုလဲ ငါမပြန်တော့ပါဘူး ဒါနဲ့မင်းက ဘယ်မှအလုပ်လုပ်နေတာလဲ ..........

ငါသံလမ်းမှာ ပန်းရံလုပ်နေတာကွ မင်းသိတဲံအတိုင်း ရွာမှာကလဲ စားဝတ်နေရေး အဆင်ပြေတာမဟုတ်ဘူးလေ .........

အေးကွာ ငါလဲအလုပ်ပြတ်နေတယ် မင်းအလုပ်မှာ ငါ့ကိုပြောပေးပါလား ငါကလက်သမားတော့ ဖြစ်ပါတယ်ကွာ ........

အေးရတယ်လေ ငါလဲအလုပ်ထဲကို ဒီနေ့ပဲပြန်ရောက်တာ မနက်ကြမှ ဦးမင်းထက်ကို မေးလာခဲ့မယ် ဒါနဲ့မင်းအခု ဘယ်မှနေတာလဲ .....

ငါအခုတော့က ကုလားကျောင်းမှတ်တိုင်မှာပါ ............

ဒါဆိုနီးတာပေါ့ကွာ အဆင်ပြေမှာပါ ........

အေးလေဒါဆိုငါလဲ ပြန်တော့မယ် မင်းသေချာပြောလာနော် မနက်ဖြန်ညနေ ငါတစ်ခေါက်ပြန်လာခဲ့မယ် ..........

ကောင်းပါပြီကွာ ငါပြောလာပါ့မယ် စိတ်သာချပါ ..........ဆက်ရန်

No comments: