Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၂ )

ကောင်းကင်တွင် လကထဲထိန်ထိန် သာနေတာကြောင့် စည်သူတစ်ယောက် အိပ်မပျော်ပဲ ဖြစ်နေလေသည် အိမ်ရှေ့ဝရန်တာတွင်ထိုင်နေ
ရင်းက ငယ်စဉ်ကအကြောင်းတွေကို စည်သူပြန်စဉ်းစားနေမိတော့သည် ဖခင်ဦးကိုကိုမောင်ရှိနေစဉ်က စည်သူတို့မိသားစုဘ၀လေး သာ
ယာခဲ့ဘူးသည် ဦးကိုကိုမောင်သည် ဘုရားလူကြီးတစ်ယောက်ဖြစ်ပြီး မိသားစုကိုလဲ သိပ်ချစ်သောသူတစ်ဦးဖြစ်လေသည် စသည်သူငယ်
စဉ်က ဦးကိုကိုမောင်သည် အထက်တန်းပြကျောင်းစရာ တစ်ဦးဖြစ်ပြီး မိခင်ဒေါ်ငွေလှမှာက ဓနူဖြူနှင့်သပြုရွာသို့ ရေနံဆီကုန်ကူးသူဖြစ်
လေသည် စည်သူမှာမှာက မွေးချင်းညီအကိုမောင်နှမဆိုလို့ တစ်ယောက်မှမရှိပါ တစ်ဦးတည်းသောသားဖြစ်တာကြောင့် မိခင်ရောဖခင်ပါ
အသစ်အဆန်းလေးများပေါ်လာလျှင် စည်သူအတွက်သာဖြစ်ခဲ့ရသည် စည်သူအတွက်အမှတ်တရ ဖြစ်ခဲ့သည်က မဟာသင်္ကြန်ပင်ဖြစ်
လေသည် သင်္ကြန်ရောက်ခံနီးတိုင်း မိသားစုတွေစုကာ ဓနူဖြူသို့ ဈေးသွားဝယ်တတ်ကြပြီး ဒေါ်ငွေလှက စည်သူအတွက် သင်္ကြန်ဆင်လှ
လှလေးတွေကို ရှပ်အင်ကျီချုပ်ပေးတတ်သလို ဦးကိုကိုမောင်ကလဲ စည်သူအတွက် သင်္ကြန်ပြွတ်လှလှလေးတွေကို ၀ယ်ပေးတတ်သည်

သားလေးရေ မေမေဆီကိုလာပါအုံးကွယ် ...........

ဟုတ်ကဲ့ပါမေမေ .......

ဒါလေးက မေမေသားနဲ့လိုက်တယ်နော် ကိုကိုမောင် သားကိုကြည့်ပါအုံးတော့ ချောလိုက်တာ ရှင်လူပျိုတုန်းက အတိုင်းပဲနော် .....

ဟာမင်းကလဲ ကလေးရှေ့မှာ ဘာတွေလာပြောနေတာလဲ ဟုတ်ပါ့ဟေ့ ဖေဖေသားကတော့ လူချောပဲကွ ဘယ်နဲ့လဲ သားကြိုက်တယ်
မို့လား ဖေဖေငွေရှင်းလိုက်တော့မယ်နော် ........

ဟုတ်ကဲ့ကြိုက်ပါတယ်ဖေဖေ .......

ဦးကိုကိုမောင်ဟာ သားဖြစ်သူစိတ်ကြိုက် ဇနီးဖြစ်သူ စိတ်ကြိုက်ကို ၀ယ်ပေးတတ်သလို ဇနီးဖြစ်သူမှာလဲ ဦးကိုကိုမောင်အတွက် ပုဆိုး
နှင့် အင်ကျီအဖြူများကို ၀ယ်ပေးတတ်လေသည် မိသားစုတွေ ပျော်စရာမျးနှင့်သာ တွေ့ဆုံခဲ့ရသော မောင်စည်သူတစ်ယောက် တစ်နေ့
မှာတော့ မမျှော်လင့်ပါပဲ ဦးကိုကိုမောင် သပြုမှညောင်တုန်းမြို့သို့ စက်လှေဖြင့်သွားရာ လေမုန်းတိုင်းဒဏ်ကြောင့် ဦးကိုကိုမောင်ဆုံးသွား
သည်ဟု စည်သူသိလိုက်ရလေသည် ဖခင်ကြီးရဲ့ သတင်းကိုကြားထဲက စည်သူတစ်ယောက် နေ့တိုင်းမြစ်ကမ်းစပ်တွင် သွားထိုင်နေပြီး
ဖခင်ကိုသာ မျှော်လေသည် ဒေါ်ငွေလှမှာ စည်သူကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည် ..........ဆက်ရန်

No comments: