Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၃ )

သားရေ ညနေစောင်းပြီကွယ် ထမင်းစားရအောင်နော် ..........

ဟုတ်ကဲ့ပါမေမေ သားလာခဲ့ပါ့မယ် ..........

သားအမိနှစ်ယောက်ထမင်းစားကာ ညဘက်မှာတော့ ဘုရာဝတ်တက်ကာ အိပ်ကြလေသည် မိခင်ဖြစ်သူက အရောင်းအ၀ယ်လုပ်ရင်း
သားဖြစ်သူကို ထိမ်းကြောင်းခဲ့လေသည် စသည်သူကတော့ ၆ တန်းကျောင်းသားအရွယ်ဆိုတော့ အနီးနားရှိ ရေနံဆီဖေါက်သည်များ
ကိုသာလိုက်ပို့ရင်း ကျောင်းတက်ရလေသည် ကျောင်းမှရွယ်တူသူငယ်ချင်းများက စသည်သူဘ၀ပြောင်းလွှဲမူ့ကို ဟားတိုက်ရယ်ကြသည်
ထိုအထဲတွင်အဆိုးဆုံးက မိုးယကွ့ပင်ဖြစ်သည် မိုးယကွ့မိဘများက စည်သူအမေနှင့် စီးပွါးရေးပြိုင်ဘက်ဖြစ်ပြီး ဦးကိုကိုမောင်ဆုံးပါးသွား
ထဲက မိုးယကွ့ခ၏မိခင် ဒေါ်ဝိုင်းငယ်မှာ စီးပွါးရေးလုပ်ငန်းကို အရင်ထက်တိုးချဲ့ကာ ဒေါ်ငွေလှကို အပြိုင်အဆိုင်လိုက်လေတော့သည်ရေနံ
ဆီဆိုတာကလဲ အမိန့်အရမဟုတ်လေတော့ ရဲအုပ်ခိုင်လင်းကို လပ်ထိုးကာ ဒေါ်ငွေလှကို အကြိမ်ကြိမ်ဖမ်းခိုင်းခဲ့ဘူးသည်လေ ဒီလိုနှင့်ဒေါ်
ငွေလှလဲ စီးပွါးရေးထိခိုက်လာကာ စည်သူ ၇ တန်းနှစ်မှာပင် ဒေါ်ငွေလှအားကိုးရှာသည်ဆိုကာ စက်လှေသမား ဦးမိုးသောက်နှင့် နောက်
အိမ်ထောင်ကို ထူထောင်လိုက်တော့သည် ဒေါ်ငွေလှနှင့်ဦးမိုးသောက်တို့ ယူလိုက်ထဲက စသည်သူတစ်ယောက် ဆိုးမှန်းမသိဆိုးခဲ့သည် ။

၇ တန်းကျောင်းသားဘ၀တွင် အာကာမောင်နှင့်ပေါင်းက ညောင်ချောင်းရွာတွင် ထန်းရေသွားသောက်တတ်ပြီး မိခင်စကားကိုလဲ ဆန့်
ကျင်လာတတ်သည် မိခင်ပြောသမျှကို စည်သူတစ်ယောက် အကောင်းမြင်ရမှန်း မသိလေတော့ စည်သူပြန်ပြောတိုင်း ဦးမိုးသောက်က
ဝင်ပါတတ်လေသည် ၀င်ပါတိုင်းလဲဒေါ်ငွေလှမှာ စည်သူကိုသာအပြစ်ပြောတတ်တာကြောင့် စည်သူပိုပြီးစိတ်ကျဉ်းကျပ်ကာ ထွက်ပေါက်
ရှာတော့သည် ညတိုင်းဗိဒီယိုကြည့် ဆေးလိမ်သောက်နှင့် ပျက်စီးလာတော့ ဒေါ်ငွေလှမနေသာတာကြောင့် စည်သူကိုရိုက်လေသည် ။

နင်အရန်းကို အကျင့်ပျက်နေပါလား မိမဆုံးမ ဖမဆုံးမကို ဖြစ်နေတော့တာပဲ နင်အခုမှ ၇ တန်းပဲရှိသေးတယ် အခုလိုဖြစ်နေရင်
နောက်ဆိုမလွယ်တော့ဘူး ငါမပြောလိုက်ချင်းဘူးနော် ........

အမေဘယ်ပြောချင်ပါ့မလဲ အမေယောက်ကျားလေးကတောင် ဒီထက်ဆိုးနေတာကို ဘယ်ပြောလို့ဖြစ်ပါ့မလဲ .........

ဘာနင်ငါ့ကို ခံပြောတယ်ပေါ့လေ နင့်ကိုငါမွေးထားတာ ဆရာပြန်လုပ်စရာမလိုဘူး ..........ကဲဟယ် ကဲဟယ် .......

ဟေ့ ........ ငွေလှငါနားပူမခံချင်ဘူးနော် အေးအေးဆေးဆေးသောက်ပါရစေ ........

ခင်ဗျားကြီးနာပူမခံချင်ရင် သပြုသင်းဂျိုးင်းမှာသွားသောက်ပါလား .........

ဟေ့ကောင်ခွေးမသား မင်းကငါ့ကို ဘာစကားပြောတာလဲ ........

ဟဲ့ စည်နင်လူကြီးကို ဘယ်လိုပြောလိုက်တာလဲ .......

အမေကြားတဲ့အတိုင်းပဲလေ .......

နင်တော့ငါလုပ်ရင်သေတော့မယ် သွားအိပ်တော့ သွားသွား ........

ကိုမိုးသောက် ကျွန်မတောင်းပန်ပါတယ်ရှင် ကလေးကိုဗွေမယူပါနဲ့နော် ......

သွားစန်းပါငွေလှရယ် ငါ့ဘ၀ကို အနစ်နာခံပြီး နင်ကိုယူထားတာနော် အခုတော့နင်သားက ငါ့ကိုပါစောကားလာပြီ ......

ကဲပါရှင်ပြောမနေပါနဲ့တော့ ဒီမှာညနေကကြော်ထားတဲ့ ကြက်သားကြော်လေးစားကြည့်ပါအုံး ......

အေးအဲဒီလိုမှပေါ့ မိန်းမရယ် ........

ဒီအသံကို စည်သူကြားတော့ တောက်ခေါက်လိုက်သည် ညနေစောင်းစည်သူထမင်းစားတော့ ဒေါ်ငွေလှမှာ ဘာမှမရှိဘူးဆိုကာငါးကြော်
နဲ့ပဲကျွေးခဲ့သည် အခုတော့ လင်ငယ်ကို ကြက်ကျော်ကျွေးရလေမလားဆိုပြီး ဒေါသမီးတို့ပေါက်ကွဲရသည် ဒီလိုနဲ့နေ့စဉ်ရက်စက် မိခင်ကို
နှိပ်စက် စည်သူကိုပါ နှိပ်စက်တာကြောင့် စည်သူ ၁၀ တန်းကျောင်းသား ဘ၀အရောက်မှာတော့ ဦးမိုးသောက်ခေါင်းကို အရက်ပုလင်းနှင့်
ရိုက်ကာ ကွဲသွားသောပုလင်းနှင့် ရင်ဝကိုထိုးကာ အိမ်မှထွက်ပြေးသွားတော့သည် ရဲအုပ်ခိုင်လင်းနှင့်အဖွဲ့လဲ ကြားကြားချင်းလိုက်ရာ စည်
သူမှာ ရဲအုပ်ခိုင်လင်းနှင့်အဖွဲ့ကိုပါ ခုခံရင်းထွက်ပြေးလွတ်မြောက်သွားတော့သည် ........ဆက်ရန်

No comments: