Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၄ )

စည်သူတစ်ယောက် စဉ်းလိုက်တာ ၄ နာရီထိုးမှဝင်အိပ်ဖြစ်တော့သည် ညနေစောင်းတော့ အာကာမောင်ရှိရာသို့ သွားတော့အလုပ်ကအ
ဆင်ပြေသည်ဆိုတာနဲ့ စည်သူလက်သမားအလုပ်ကို ၀င်ရောက်လုပ်ကိုင်ရန် နောက်တနေ့နက်နက်မှာတော့ အာကာမောင်နှင့်အတူလိုက်
သွားလေသည် ဆိုက်ထဲရောက်တော့ ဦးမင်းထက်နှင့်ဝင်တွေ့ကာ လုပ်ရမည့်လုပ်ငန်းတွေကို ၀င်ဆွေးနွေးလေသည် ဦးမင်းထက်တွင် ကို
ဟိန်းဆိုသော လက်သမားခေါင်းဆောင်တစ်ယောက် ရှိနေတာကြောင့်စည်သူကို ကိုဟိန်းထံတွင်သွားမေးရန် လွှတ်လိုက်လေတော့သည်

ကိုဟိန်းဆိုတာ အကိုလားခင်ဗျာ ... ........

အေးဟုတ်တယ် ဘာဖြစ်လို့လဲညီလေး ............

အော် .......... ကျွန်တော်က ဒီနေ့မှရောက်လာတဲ့ လူသစ်ပါ ဦးမင်းထက်က အကို့ဆီကိုလွှတ်လိုက်လို့လာခဲ့တာပါ .........

ဒါနဲ့ ငါ့ညီကဘာတွေလုပ်တတ်လဲကွ ပြောပါအုံး မတတ်သေးဘူးဆိုရင်တော့ ဒီသစ်တွေ အပေါ်ကိုထမ်းရမယ် မင်းလုပ်နိုင်ပါ့မလား .....

ကျွန်တော်တတ်ပါတယ် အဆောင်အဦးနဲ့ပတ်သက်ရင် ကျောက်ပုံးကျောက်ခွက်လောက်တော့ ဖြစ်ပါတယ် အကိုခိုင်းကြည့်ပါ ......

အေးဒါဆိုရင်ငါနဲ့လိုက်ခဲ့ အပေါ်ထပ်မှာ တီတိုင်တွေရိုက်စရာ ရှိတယ် ..........

ဟုတ်ကဲ့ဖြစ်ပါတယ်အကို ........

ကိုဟိန်းမှာ ဦးမင်းထက်၏ စိတ်ချရသောခေါင်းဆောင်တစ်ဦးဖြစ်ပြီး အလုပ်လုပ်ရာမှာလဲ သေသပ်တာကြောင့် ဦးမင်းထက်က အစစအရာ
ရာ ကိုဟိန်းကိုလုပ်ပိုင်ခွင့်ပေးထားလိုက်လေသည် ကိုဟိန်းကတော့ ကျန်အလုပ်သမားများကို နေရာချကာ စည်သူကိုနမူနာအဖြစ် တိုင်
တွေရိုက်ရမည့် အတိုင်းအတာကို ရိုက်ပြကာ အဒီအတိုင်းလုပ်ရန်မှာပြီး ထွက်သွားလေတော့သည် နေ့လည်ထမင်းစားချိန်ရောက်တော့
စည်သူလုပ်ထားတာကို ကိုဟိန်းကလာစစ်ကာ သဘောကြသွားလေသည် ညနေပိုင်းငွေရှင်းတော့ စည်သူကို တစ်နေ့တာအတွက် ငွေ
၉၀ ကျပ်ကိုထုတ်ပေးလိုက်တော့ စည်သူလဲ သဘောကြသွားသည် သူအရင်လုပ်ခဲ့သော ဦးပါပါးဆိုက်မှာက ၈၅ ကျပ်သာရခြင်းကြောင့်
ဖြစ်လေသည် ........။

ကျေးဇူးတင်တယ် စည်သူရာ ဦးမင်းထက်က လူကောင်းတစ်ယောက် ခေါ်လာပေးလို့ ငါ့ကိုဒီနေ့ ၂၀ ကျပ်ပိုပေးလိုက်တယ်ကွာ မင်းကြိုး
စားနော် နောက်ပိုင်းမင်းလက်ရည်တက်လာရင် ဒီထက်ပိုရမှာကွ သူ့မှာက အလုပ်တွေအများကြီးပဲ နောက်ပြီးပြောရအုံးမယ် ဦးမင်းထက်
မှာက အကိုကြီးတစ်ယောက် ရှိသေးတယ်ကွ သိပ်သဘောကောင်းတာ မင်းနောက်လာရင် တွေ့ပါလိမ့်မယ် ..........

ဒါနဲ့နေပါအုံးကွ မင်းခေါ်နေတဲ့ ဦးမင်းထက်ဆိုတာ အသက်က ၃၀ လောက်ပဲ ရှိအုံးမှာပါ ဘာကြောင့်ဦးမင်းထက်လို့ ခေါ်တာလဲ .......

ဒါကငါတို့နောက်ခေါ်ကြတာကွ အရင်ကပန်းရံမလေးတွေ ရောက်လာရင် သူကငန်းနေကြလေ မုန့်ဖိုးလဲ ပိုပေးသေးတာကွ နောက်ပိုင်း
မှာတော့ ကောင်မလေးတွေက ဦးမင်းထက် ....... ဦးမင်းထက်ခေါ်ရာက ငါတို့လဲ ဦးမင်းထက်ဖြစ်သွားတယ် ဆိုပါတော့ကွာ ......

အော် ....... ဒီလိုပေါ့လေ ဒါကြောင့်ငါက စဉ်းစားနေတာ အရွယ်ကောင်း ဦးတပ်ခေါ်တော့ တစ်မျိုးပါလို့ ဟားဟား သွားမယ်တော်ကြာ
ကားတွေက ကြပ်လာတော့မှာ ငါကအကြောင်းမဟုတ်ဘူးဟေ့ မင်းကရှစ်မိုင်ဆိုတော့ ပိုဆိုးတယ် ဟိုမှာ ၄၃ လာပြီလိုက်သွားတော့နော်
မနက်ကြမှ ဆုံကြတာပေါ့ ........

သားရေ ပြန်လာပြီလားကွ ဘယ်နဲ့လဲ မောလာပြီလား .........

မမောပါဘူး ဖေဖေရယ် ဒါနဲ့ဖေဖေရော ကျမ်းမာရေးကောင်းရဲ့လား ရေရောချိုးပြီးပြီလား ဒီမှာဖေဖေအတွက် ခေါက်ဆွဲကျော်ပါလာတယ်
ပူတုန်းဖေဖေစားလိုက်နော် သားလဲခဏနားပြီး ထမင်းချက်တော့မယ် .........

မလိုပါဘူးသားရယ် ဖေဖေချက်ထားပါတယ် မင်းသာနာပြီးရေချိုးလိုက်ပါ ပြီးတော့ထမင်းအတူ စားကြမယ်နော် .........

ဟာဖေဖေကလဲ ဘာလို့ချက်ရတာလဲ သားချက်မှာပေါ့ နောက်မလုပ်ထားပါနဲ့နော် .....

ကဲပါသားရယ် ဖေဖေလဲ တဖက်တလမ်းက ကူညီပေးပါရစေကွယ် .....သွားသွားရေချိုးတော့ ဖေဖေလဲဗိုက်ဆာနေပြီ .....ဆက်ရန်

No comments: