Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၅ )

ကိုဇော် မင်းသားကတော့ လိမ်မာတယ်ကွာ သူ့အမေသာရှိနေရင် ဒီလိုပင်ပန်းမှာ မဟုတ်ဖူးနော် .........

တော်စမ်းပါ ဖိုးသားလေးရာ သူဇာအကြောင်း လာပြောမနေစမ်းပါနဲ့ နားခါးတယ် .......

မင်းကလဲကွာ ပြီးခဲ့တာတွေ မေ့လိုက်ပါတော့ကွာ စိတ်သစ်လူသစ်နဲ့ ဘ၀သစ်ကို ထူထောင်စမ်းပါ မင်းသားလဲအရွယ်ရောက်နေပြီ မင်းမှာ
တာဝန်တွေအများကြီး ရှိသေးတယ်နော် အခုသူကျောင်းကနေထွက်ပြီး ပန်းရံအလုပ်ကိုလုပ်နေရာ မင်းတို့တွေကြောင့်နော် ငါကတော့
အာကာမောင်ကို ဒီလိုပန်းရံအလုပ်သမားဘ၀နဲ့ ရေရှည်မသင့်တော်ဘူးလို့ ထင်တယ်နော် မင်းတို့ဓနူဖြူက ရောက်လာကာစကဆို အရန်း
ကိုပြေလည်တယ် ပြီးခဲ့တာတွေကို သတိရနေမဲ့အစား နောက်ဖြစ်လာမှာကို အကောင်းဆုံးဖြစ်စေချင်တာပါကွာ .......

အေးပါဖိုးသားလေးရယ် မင်းစေတနာကို ငါနားလည်ပါတယ်ကွာ ငါဒီလိုဘ၀မျိုးရောက်အောင် သူဇာပဲလုပ်ခဲ့တာလေ ငါတစ်နေ့တော့သူ့
ကိုလက်စားခြေကိုခြေရမယ် တစ်နေ့နေ့တော့ မင်းနဲ့ငါတွေ့ကြသေးတာပေါ့ သူဇာရယ် ......

ဟိုမှာ မင်းသားလာနေပြီ ငါလဲပြန်တော့မယ်ကွာ မင်းလဲကျမ်းမာအောင် ဂရုစိုက်နော် ငါပြောတာလဲမမေ့နဲ့အုံးနော် .......

မောင်အာကာရေ ဦးလေးပြန်လိုက်အုံးမယ်ကွာ ..........

အော် ..... ဟုတ်ကဲ့ပါ ဦးလေး ထမင်းစားပြီးမှ ပြန်ပါလား ဦးလေးရ ......

နေပါစေတော့ကွာ မင်းတို့သားအဖနှစ်ယောက် စားကြပါနော် ပြန်ပြီဟေ့ ..........

လာသားထိုင်ကွာ ရော့ဒါမင်းအတွက် ဖေဖေကဒါပဲစားတော့မယ် ...........

ဟာအဖေကလဲ မဟုတ်တာ ထမင်းအကူစားပါ သားကအအေးစားလို့ဘာမှ အဖြစ်ပါဘူး ပေးပါအဖေရယ် ........

အေးကွာအဖေလဲ သားလုပ်စာကိုစားနေရတာကြာပြီနော် ဘာမှကိုအသုံးမကြဖြစ်နေပါပြီ ........

ကဲပါအဖေရယ် ထမင်းစားခံနီး စိတ်မကောင်းစရာတွေ ပြောမနေပါနဲ့တော့နော် စားတော့နော် ..........

ဦးကိုဇော်နှင့်အာကာမောင်တို့ ထမင်းစားသောက်ပြီး ဒီနေ့တော့ အာကာမောင်ကို သိသင့်တာများပြောပြရန် ဦးကိုဇော်ဆုံးဖြတ်လိုက်လေ
တော့သည် အာကာမောင်အသက် ၂၀ ပြည့်ပြီဖြစ်လို့ မိခင်ဒေါ်သူဇာအကြောင်းကို ဦးကိုဇော်ပြောမည်အလုပ်မှာ အိမ်ရှေ့ကလာခေါ်သံ
ကြောင့် ကိုဇော်ပြောမည့်စကားကို ရပ်ကာသွားထွက်ကြည့်လိုက်တော့ ရပ်ကွက်လူကြီး ဦးအောင်မြင့်ဖြစ်နေသည် .......။

ဟာ ....... ဦးအောင်မြင့် ဘာကီစွ့ရှိလို့တုန်းဗျ ..........

ကင်းကျေးလာကောက်တာပါ မင်းပြီးခဲ့တဲ့လကလဲ ၂၀ ကျန်သေးတယ်နော် အခုလနဲ့ဆိုရင် ၂ လစာ ၄၀ ပေါ့ကွာ .......

ကဲရော့ပါဗျာ ခင်ဗျားတို့ကင်းကျေးတော့ ကောက်နေကြတာပဲနော် ကျုပ်တော့တစ်ခါမှ ကင်းတဲမှာ လူမတွေ့မိပါဘူး ............

ရှိပါတယ်ကွာ မင်းသတိမထားမိလို့ပါ ညတိုင်းစောင့်ကြပါတယ် ကဲငါလဲသွားလိုက်အုံးမယ်ဟေ့ ကင်းခတွေလိုက်စုလိုက်အုံးမယ် ......

သွားပါဗျာ စု ....... စု .........များများသာစုကြပါ ........

ကိုဇော်ပြောတာလဲမှန်ပါသည် ကင်းကြေးတော့ကောက်ကြပြီး ကင်းမစောင်သည်မှာ အတော်လေးပင်ကြာခဲ့ပါပြီ ကိုဇော်လဲအာကာမောင်
ကိုပြောမည့်စကားအား မပြောတော့ပဲ အာကာမောင်ကို အိပ်ခိုင်းလိုက်ပြီး ဆေးလိပ်တိုကိုမီးညှိ့ကာ ထိုင်နေလိုက်တော့သည် ......ဆက်ရန်

No comments: