Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၆ )

နောက်တစ်နေ့နံနက်မှာတော့ အာကာမောင်အလုပ်ထဲသို့ ရောက်သွားတော့ ပစွ့ည်းများကူသယ်ရန် ဦးမင်းထက်က စော်ဘွားကြီးကုန်း
အဝေးကားဝင်းမှ သူဇာထွန်းဆောက်လုပ်ရေး အရောင်းဆိုင်သို့ ခေါ်သွားလေသည် သူဇာထွန်းဆိုင်ကိုမြင်တော့ အာကာမောင် မိခင်၏
ရက်စက်ခဲ့မူ့ကို သတိရမိသည် ဒါပေမဲ့သူတွေးထားသည်က ဒီဆိုင်ရှင်မှာ သူအမေမဟုတ်လောက်ဘူးထင်ကာ ဆိုင်ထဲသို့ ၀င်လိုက်သွား
လေတော့သည် ဆိုင်ထဲသို့လူဝင်လာတာကြောင့် မသူဇာမှာ ဖုန်းပြောနေရာက ကိုသန့်စင်ကိုလှမ်းခေါ်ကာ ဈေးရောင်းခိုင်းလိုက်လေပြီး
ဖုန်းကိုသာဆက်ပြောနေ၏ အာကာမောင်လဲ ရေဆာတာကြောင့် ရေသွားတောင်းသောက်ရာမှ မသူဇာကိုအမှတ်မထင်တွေ့သွားပြီး ....
မသူဇာမှာလဲ အာကာမောင်ကိုတွေ့တာကြောင့် ဖုန်းပြောနေရင်းက အသံတို့တုန်လာတော့ ဖုန်းကိုချကာ .........

ဟင် ........ မင်း ......... မင်း ........အာကာမောင်မို့လား ........

မဟုတ်ဘူး ဘာလုပ်မလို့လဲ ခင်ဗျားကို ကျုပ်မသိဘူး .......

ဟဲ့ ....... ကောင်လေး ခဏနေအုံး .........

အာကာမောင်က ချက်ချင်းပြန်ထွက်လာပြီး အရှေ့တွင်ရပ်နေလိုက်သည် ဦးမင်းထက်နှင့်ကိုသန့်စင်ကတော့ ပစွ့ည်းများကိုချိန်သင်တာချိန်
ရေတွက်သင့်တာတွေကို ရေတွက်နေတာကြောင့် သတိထားမိဟန်တော့ မတူပါဘူး မသူဇာမှာလဲ အာကာမောင်ကို မြင်လိုက်ပေမဲ့ ကို
သန့်စင်သိမှာစိုးတာကြောင့် မခေါ်ရဲတော့ပါပဲ ရပ်ကြည့်နေလိုက်သည် ဦးမင်းထက်နှင့်ကိုသန့်စင်တို့ အားလုံးပြီးဆုံးချိန်မှာတော့ အာကာ
မောင်က ပစွ့ည်းများကို ကားပေါ်တင်နေလိုက်တော့သည် မသူဇာမှာ သားဖြစ်သူ၏ မလှပတဲ့ဘ၀ကို ကြည့်နေကာ စိတ်မကောင်းဖြစ်ပြီး
ငွေရှင်းကောင်တာတွင် ဦးမင်းထက်ငွေရှင်းတုန်း ကိုသန့်စင်ကို ငွေစစ်ခိုင်းကာ ဦးမင်းထက်ကားနံပတ်ကို သွားမှတ်လိုက်ပြီး ပြန်လာကာ
မူမပျက်ပြန်နေလိုက်တော့သည် ဦးမင်းထက်လဲ ငွေရှင်းကာပြန်သွားတော့ အာကာမောင်မျက်နှာ မကောင်းတာကြောင့် သတိထားမိကာ

ညီလေးမင်းနေမကောင်းဘူးလား မင်းကြည့်ရတာ အလာတုန်းကနဲ့မတူဘူးနော် ............

အော် ......... မဟုတ်ပါဘူးအကိုကောင်းပါတယ် စောစောကပစွ့ည်းတင်ရင် လက်ကိုထိသွားလို့ပါ ဘာမှမဖြစ်ပါဘူး ........

ကဲလာကားပေါ်တက် လမ်းသစ်လမ်းက ဒေါ်ညိမ်းမလှဆိုင်မှာ ထမင်းသွားစားကြမယ်ကွာ ပြီးမှပြန်ကြတာပေါ့ မင်းလဲဆိုက်ထဲရောက်ရင်
နားပြီးမှ အလုပ်လုပ်တော့နော် ပစွ့ည်းတွေချရင်တော့ သေချာလုပ်ကြကွာ ကိုဟိန်းကိုလဲ ပြောလိုက်အုံး ငါကတော့ အကိုလာမှာမို့ သိပ်
ပြီးတော့မကြည့်အားတော့ဘူး ရောက်တာနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ရအုံးမယ် သူကသာ ပြင်ဆင်မယ်ပြောနေတာဆိုက်ထဲမှာက သူ့
အကိုဆိုသူက ရောက်နေသည် ထမင်းစားနေတုန်း ကိုဟိန်းက ကိုညီထွဋ်နှင့် အင်ဂျင်နီယာမလေး ရွှေဖြိုးတို့ရောက်နေကြောင်းလှမ်းပြော
တာကြောင့် ထမင်းကိုအမြန်စားကာ ဆိုက်ထဲသို့ ပြန်လာလိုက်တော့သည် ........ဆက်ရန်

No comments: