Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၇ )

စည်သူရေ အရှေ့က ဆိုင်မှာအအေးတစ်လုံးနဲ့ ကော်ဖီတစ်ခွက် သွားယူလာခဲ့ကွာ ဒီဆိုက်ကလို့ပြောလိုက်ပါ .........

ဟုတ်ကဲ့ပါ ကိုဟိန်း .........

အကိုရောက်နေတာ ကြာပြီလား ..........

မကြာသေးပါဘူးညီလေးရယ် လမ်းမတော်က အဆောက်အဦးက အရေးကြီးနေတာနဲ့ တစ်နေကုန် အဲဒီမှာပဲ ရှိနေတာလေ ဘယ်နဲ့လဲ
ပစွ့ည်းတွေ ၀ယ်ရတာအဆင်ပြေရဲ့လား ဒီနေ့မင်း မသူဇာနဲ့တွေ့သေးလား ..........

ဟုတ်ကဲ့တွေ့ပါတယ် ကိုသန့်စင်လဲ ဆိုင်မှာရှိနေတယ် ဒါနဲ့အကိုဘိလပ်မြေ အိပ် ၁၀၀ မှာထားတယ်ဆို မသူဇာပြောလိုက်တယ် ......

အေးဟုတ်တယ်ညီလေးရေ ဈေးတွေက တက်လိုက်ကြလိုက်နဲ့မို့ အကိုလဲကြိုမှာထားရတယ် သင်္ကြန်ကလဲနီးနေပြီလေ နောက်ရက်ဆို
ဘိလပ်မြေကရေစိုမှာလဲ ကြောက်ရတယ် အဲဒါကြောင့်မှထားရတာ ဒီမှာထားစရာရှိတယမို့လား ........

ဟုတ်ကဲ့ရှိပါတယ် ...... အော်ဒီမှာ ကော်ဖီနဲ့အအေးရပြီ ကော်ဖီက ရွှေဖြိုးအတွက်ထင်တယ် ........

ဟုတ်ပါတယ်ရှင် ........

ဒါဆိုရင်နေရာလုပ်ထားလိုက် မနက်ကြရင်ပို့ခိုင်းလိုက်မယ် ရွှေဖြိုးရေ စစ်စရာတွေကို အမြန်စစ်နော် အကိုသွားစရာရှိနေသေးတယ် ....

ဟုတ်ကဲ့ပါ ကိုညီ ဒါနဲ့ဘယ်အချိန်သွားရမှာလဲ ရွှေဖြိုးရော လိုက်ရမှာလား .....

လိုက်ရမှာပေါ့ ဟိုမှာ မတူးတူးတို့နဲ့ချိန်းထားတယ်လေ ဦးကကြီးနဲ့ ကိုချီရွန်ပါလာမယ်ထင်တယ် ........

အော်ဟုတ်ကဲ့ပါ နာရီဝက်တော့ အချိန်ပေးပါနော် ........

ကောင်းပါပြီမြန်လေကောင်းလေပဲနော် ....... ညီလေးမင်းထက် မင်းငွေဘယ်လောက်ကျန်သေးလဲ .........

အခုတော့ ၃ သိန်းကျော်ပဲရှိမယထင်တယ် အကို ဘာဖြစ်လို့လဲ ......

မဖြစ်ပါဘူး မင်းငွေလိုနေမှာစိုးလို့ပါ မနက်ဖြန်ညနေကြရင် အိမ်ကိုလာခဲ့လေ အမေဆီကနေ ငွေ ၁၀ သိန်းယူထားလိုက် အကိုပြောထား
လိုက်မယ် ပြီးတော့လိုအပ်တာကို စာရင်းလုပ်ပြီး အမေ့ကိုပေးခဲ့နော် အကိုနဲ့မှီချင်ရင်လဲမှီမှာပေါ့နော် ဒါနဲ့မင်းသားရောမိန်းမပါ အားရင်
ခေါ်လာအုံးကွာ ကလေးကိုလဲ မတွေ့ရတာကြာနေပြီ အမေလဲသတိရနေတယ်လို့ ခဏခဏပြောနေတယ် ရော့ဒီမှာငွေ ၁ သိန်းမင်းသား
အတွက် လိုအပ်တာတွေ ၀ယ်ပေးလိုက် သင်္ကြန်လဲနီးပြီဆိုတော့ ကလေးအတွက် ကစားစရာတွေ အင်ကျီ ဘောင်းဘီတွေ ၀ယ်ပေးပေါ့

ဟုတ်ကဲ့ပါအကို ၀ယ်ပေးလိုက်ပါ့မယ် ........

ကိုညီရေ ရွှေဖြိုးစစ်ဆေးလို့ ပြီးပါပြီ သွားလို့ရပြီနော် ......

ကဲညီလေး အကိုသွားတော့မယ် မောင်ဟိန်းရေ ဒီနေ့လူဘယ်နှစ်ယောက် အလုပ်ဆင်းလဲကွ ..........

၃၈ ယောက်ပါ ကိုညီ ........

ကဲရော့ ဒီမှာ ၃၈ ယောက်စာအတွက် တစ်ယောက်ကို ၉၀ ဆီယူကြနော် အကိုလဲသွားလိုက်အုံးမယ် ...... ဆက်ရန်

No comments: