Monday, April 7, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၈ )

ညနေစောင်းတော့ အာကာမောင်လဲ အိမ်ပြန်သွားပြီး ဒေါ်သူဇာထွန်းကို တွေ့ခဲ့ကြောင့် ဖခင်ဖြစ်သူအား ပြောပြလိုက်လေသည် ဦးကိုဇော်
ကတော့စိတ်နာနေတာကြောင့် ဘာမှပြန်မပြောတော့ အာကာမောင်လဲ ဆက်မပြောပဲနေလိုက်လေသည် နောက်တစ်နေ့မှာတော့ အာ
ကာမောင်အလုပ်ထဲသို့ ရောက်သွားတော့ ဘိလပ်မြေပို့တဲ့ကားနှင့်အတူ ဒေါ်သူဇာထွန်းပါ ပါလာလေသည် အာကာမောင်ကိုလိုက်ရှာနေ
ပြီး တွေ့ချင်တယ်ပြောတာကြောင့် စည်သူကအာကာမောင်ရှိရာသို့ လမ်းညွှန်ပေးလိုက်လေသည် အာကာမောင်ကတော့ လုပ်ငန်းခွင့်ဝင်
နေတာကြောင့် ဦးမင်းထက်ကို ခွင့်တောင်းကာ ဒေါ်သူဇာထွန်း အာကာမောင်ကိုခေါ်ပြီး တောင်းပန်စကားပြောလေသည် .........။

သာလေးမင်းဒီအလုပ်တွေဘယ်တုန်းက လုပ်နေတာလဲ မင်းအဖေကဒီလိုပဲ ခိုင်းစားနေတာလား ..........

ခင်ဗျားဘာတွေလာပြောနေတာလဲ ကျွန်တော်ခင်ဗျားကို မသိပါဘူးလို့ ဘယ်နှစ်ခါပြောရမလဲ ကျွန်တော်အလုပ်လုပ်နေတာကို လာပြီး
မနှောက်ယှက်ပါနဲ့ ကျွန်တော်တောင်းပါတယ် ပြီးတော့ကျွန်တော်ထပ်ပြောမယ် ကျွန်တော်မှာခင်တွယ်စရာဆိုလို့ အဖေတစ်ယောက်ပဲ
ရှိတယ် ကျွန်တော်အမေက သေသွားတာကြခဲ့ပါပြီ နောက်တစ်ခါ ခင်ဗျားလာနှောက်ယှက်ရင် ဒီမှာကျွန်တော်ကို ဘယ်တော့မှမတွေ့ရ
တော့ဘူးဆိုတာ ခင်ဗျားမှတ်ထားလိုက်ပါ ........

မဟုတ်သေးပါဘူးသားရယ် အမေလေသားဘ၀ကောင်းစားစေချင်လို့ ဒီလမ်းကိုရွေးလိုက်တာပါ အမေမင်းကိုချမ်းသာတဲ့ဘ၀ကိုရောက်
အောင်ထားချင်လို့ပါ အမေကိုခွင့်လွှတ်ပါသားရယ် ...........

တော်စမ်းပါဗျာ နောက်လင်ယူပြီး ချမ်းသာအောင်ထားချင်တဲ့ ခင်ဗျားစိတ်ဓာတ်ကို ကျုပ်လေးစားမိပါတယ် ဒါပေမဲ့ မလိုတော့ပါဘူး ကျွန်
တော်တို့သားအဖတွေ ဒီအတိုင်းလဲ စိတ်ချမ်းသာနေပါတယ် ခင်ဗျားသာ အေးဆေးချမ်းသာတဲ့ သူဌေးကတော်ကြီးလုပ်ပါ ကျွန်တော်တို့
အတွက်ကတော့ ငွေမလိုပါဘူး ကဲဗျာပြန်ပါတော့ ကျွန်တော်တောင်းပန်ပါတယ် .......

အေးလေးမင်းပြန်ဆိုလဲ အမေပြန်ပါ့မယ် ဒါလေးတော့လက်ခံလိုက်ပါနော် ရော့သားလက်ခံလိုက်ပါနော် ..........

ဒေါ်သူဇာက ငွေငါးသောင်းတစ်အုပ်ကို ထုတ်ပေးလိုက်တော့ အာကာမောင်ငွေတွေကိုယူကာ တိုက်အောက်သို့ပစ်ချလိုက်ပြီး ဒေါ်သူဇာ
ရှေ့မှထွက်သွားလေတော့သည် ဦးမင်းထက်က ဒေါ်သူဇာပြောပြလိုက်တာကြောင့် အာကာမောင်ဟာ သူ့သားမှန်းသိသွားလေတော့
အာကာမောင်ကိုခေါ်ကာ နားချပေမဲ့ အာကာမောင်ကတော့ လုံးဝကိုလက်မခံတော့ပါ နောက်ပိုင်းဒီလိုပဲလာနေရင် သူအလုပ်ထွက်မည်
ဖြစ်ကြောင်းပြောကာ အပေါ်ထပ်တွင်အလုပ်သွားလုပ်နေတော့သည် ဒေါ်သူဇာထွန်းကတော့ သားဖြစ်သူကိုကြည့်ပြီး ၀မ်းနည်းလွန်းလို့
မျက်ရည်များပင်မဆယ်နိုင်အောင်ဖြစ်ခဲ့ရသည် .......။

ကဲပါမသူဇာရယ် ကျွန်တောလဲ ဒီနေ့မှ သိလို့စိတ်မကောင်းဖြစ်မိပါတယ် အခုတော့ခင်ဗျားစိတ်ရှော့လိုက်ပါ ကျွန်တော်ကြည့်ပြောပေး
ထားပါမယ် စိတ်ချပါ ဒီကောင်ကျွန်တော်စကားကိုတော့ မလွန်ဆန်ပါဘူး ကဲကဲခင်ဗျားလဲ ပင်ပန်းနေပြီနားလိုက်အုံး ကားလဲပစွ့ည်းချတာ
ပြီးတော့မယ် တော်ကြာခင်ဗားပြန်သွားလို့ ကိုသန့်စင်သိသွားရင်လဲ မကောင်းပါဘူးဗျာ .......

ဟုတ်ကဲ့ပါကိုမင်းထက် ကျွန်မနားလည်ပါတယ် ဒီငွေတွေကိုယူထားပြီး သူ့ကိုဘောက်ဆူးပေးတဲ့အနေနဲ့ နည်းနည်းချင်းပေးလိုက်ပါနော်
တစ်ခါထဲအများကြီးပေးရင်တော့ သူယူမယ်မထင်ပါဘူး ဒါနဲ့သူနေတဲ့အိမ်လိပ်စာရော ကိုမင်းထက်သိလား အတိအကျတော့ မသိဘူးသူ
ပြောတာတော့ရှစ်မိုင်မှာလို့ ပြောဘူးတယ် နောက်မှမေးထားပြီး ဖုန်းဆက်လိုက်မယ်နော် ......

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင် ကူညီပေးပါနော် ကျွန်မသူတို့သားအဖနဲ့ ပြန်တွေ့ချင်လို့ပါနော် ပစွ့ည်းလဲ ချပြီးပြီဖြစ်လို့ ကျွန်မပြန်တော့
မယ်နော် ကျွန်မစိတ်ချပါရစေနော် ........

ကောင်းပါပြီ ဒီမှာလက်ခံဘောင်ချာပါ ကျွန်တော်လက်မှတ်ထိုးပေးလိုက်ပြီနော် ပိုက်ဆံကတော့ ကိုညီထွဋ်လာရှင်းလိမ့်မယ် ........

ရပါတယ်ရှင် ကိုညီကကြိုတင်ငွေးပေးပြီး မှာထားတာပါ ကိုညီလာရင်လဲ ပြောလိုက်ပါအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့နော်...ဆက်ရန်

No comments: