Tuesday, April 8, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၉ )

ကိုမင်းထက်ရေ မမလွမ်းတို့ သားအမိရောက်လာပြီ ကျွန်တော်ရုံးခန်းမှာ စောင့်ခိုင်းခဲ့ပါတယ် .........

ဟုတ်ပြီကိုဟိန်းရေ အကိုအခုပဲလာခဲ့မယ် .........

မမလွမ်းရေ ခဏစောင့်ပါအုံးနော် အကိုအခုပဲလာမယ်လို့ ပြောလိုက်တယ် ..........

ရတယ်မောင်လေးရေ အေးဆေးလုပ်ပါစေကွယ် မမစောင့်လို့ရပါတယ် သားရေ မောင်ရည်ညွှန်း ငြိမ်ငြိမ်ထိုင်နေနော် ......

ဟုတ်ကဲ့ပါမေမေ သားရေဆာတယ် ဦးကိုဟိန်း သားကိုရေတစ်ဘူးလောက် ၀ယ်ပေးပါအုံးနော် .........

မောင်လေးရေ ဒီမှာပိုက်ဆံလာယူနော် ..........

နေပါစေမမ ဆိုင်မှာက ဒီအတိုင်းယူလာလို့ရပါတယ် ပြီးတော့ကိုမင်းထက်ရှင်းပါလိမ့်မယ် .........

လွမ်းရေ စောင့်နေရတာ စိတ်မောနေပြီလား ........

ရပါတယ်ကိုမင်းရယ် လွမ်းလဲစိတ်စောနေတာနဲ့ ထွက်လာခဲ့တာပဲ အခုကဘယ်အချိန်မှသွားမှာလဲ .....ကိုညီရောဒီကိုမလာဘူးလား

သူမအားဘူးထင်တယ် အိမ်ရောက်မှဆုံကြတာပေါ့ စောစောကတော့ မေမေတောင်ဖုန်းဆက်သေးတယ် သူ့မြေးရောက်ပြီလားတဲ့လေ ...

ကိုဟိန်းရေလာအုံးညီလေး ....... ဒီမှာအလုပ်သမားခတွေကို မင်းပဲရှင်းထားလိုက်နော် အကိုတို့သွားတော့မယ် ....စိတ်ချမယ်နော်...

ဟုတ်ကဲ့စိတ်ချပါအကို ကျွန်တော်သေချာလုပ်ထားပေးပါမယ် .......

အိမ်ရှေ့မှကားသံကြားတာကြောင့် နွယ်နီပြေးထွက်လာပြီး တံခါးကိုဖွင့်ပေးလေသည် အကိုနှင့်အမယောက် လာတာကြောင့်နွယ်နီ ပျော်
သွားပြီး မိခင် " Doris " ဒေါ်ခင်ထားညိုကို အပြေးကလေးပြောရှာသည် ဒေါ်ခင်ထားညိုကတော့ သားသမီးများနှင့်မြေးဦးလေး မောင်ရည်
ညွှန်းကိုတွေ့လိုက်တယ်ဆိုရင်ပဲ မျက်ရည်လည်လာပြီး .........

မြေးလေး မောင်ရည်ညွှန်း အဖွါးဆီကိုလာပါအုံးကွယ် ....... မောင်မင်းထက်လဲလေ နေနိုင်လိုက်တာ မေမေဆီကိုမလာတာ ၂ လကျော်
ရှိပြီနော် သမီးလွမ်းရေ လှလို့ဝလို့ပါလား စိတ်ချမ်းသာတယ်နဲ့တူတယ် ........

ဟုတ်တယ်မေမေကြီးရေ စိတ်ချမ်းသာနေတယ်ဆိုပါတော့ ဟဲ ဟဲ မေမေကြီးသားက လိမ်မာလို့ပါ .......

အေးပါတော် ဒီအသံလေးတွေပဲ အမေကြားချင်ပါတယ် ...... နွယ်နီရေ တူလေးအတွက် မေမေလုပ်ထားတဲ့ ကိတ်တွေယူလာပါအုံး
ဘယ်လိုလဲ မောင်ရည်ညွှန်း စားမယ်မို့လား .........

ဟုတ်ကဲ့ သားကြိုက်ပါတယ်ဖွားဖွား ...... ဖွားဖွားကအရန်းချစ်စရာ ကောင်းတာပဲ .......

အောင်မလေးတော့ လွမ်းရေညည်းသားကတော့ ငါ့ကိုညာနေပါပေါ့လား ......

ကြည့်လုပ်မေမေကြီးရေ သမီးကိုလဲ သူဒီလိုပဲ ညာစားနေတာလေ .......

နွယ်နီရေ ကိုလေးဆီလာပါအုံး ဒီနေ့ဂျူတီမ၀င်ရဘူးလား .......

ဝင်ရမယ်ကိုလေးရဲ့ မနေ့ကကိုကြီးကပြောလို့ ကိုလေးနဲ့မမလွမ်းတို့ လာမယ်ဆိုလို့ စောင့်နေတာလေ ၆ နာရီခွဲရင်သွားတော့မယ် ကိုကြီး
ကတော့ ၇ နာရီခွဲလောက်မှ ရောက်မယ်ပြောတယ် ကိုလေးဖုန်းဆက်ကြည့်ပါလား ........

နေပါစေတော့ ညီမလေးရယ် ကိုလေးတို့က ဒီညဒီမှာအိပ်မှာလေ လွမ်းတို့သားအမိကတော့ နောက်နေ့မှ အေးဆေးပြန်ကြပေါ့ မနက်ကို
လေးအလုပ်သွားလဲ ဒီမှာပဲ ကျန်ခဲ့မှာလေ .......

အော် ....... ကောင်းတာပေါ့ ညီမလေးဆေးရုံကြီးက ပြန်လာရင် သိမ်ကြီးဈေးဝင်ပြီး မောင်ရည်ညွှန်းအတွက် ရေပွတ်ဝယ်လာခဲ့မယ်....
ကဲညီမလေးလုပ်စရာရှိတာလုပ်လိုက်အုံးမယ် ကိုလေးလဲ မေမေနဲ့ အေးဆေးပြောအုံးပေါ့ .......ဆက်ရန်

No comments: