Friday, May 2, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၁၀ )

သားပြန်လာပြီလား သားရေမင်းကိုကြည့်ရတာ ဖေဖေတော့အားမရဘူးကွာ ..........

သားဘာမှမဖြစ်ပါဘူးဖေဖေရယ် လာထမင်းစားကြမယ်နော် ဖေဖေရောနေကောင်းတယ်ဟုတ် ...သားအတွက်မပူပါနဲ့ အလုပ်နည်းနည်း
ပင်ပန်းလို့ပါ အဖေဒါနဲ့ ဓနူဖြူကို ဘယ်တော့ပြန်လ်ာအုံးမှာလဲ သားလဲလိုက်အုံးမယ်နော် .......

အဖေနေကောင်းတာနဲ့ သွားမယ်လေ ဆန်လဲနည်းနည်းသယ်လာရအောင် ပြီးရင်ဖေဖေကရန်ကုန်မှာပဲ အလုပ်ပြန်လုပ်မယ် ဟိုမှာ ၁၅
ရက်လောက်ကြာမယ် မင်းအလုပ်က ခွင့်ရပါ့မလား တော်ကြာသားအလုပ်ပြုနေပါ့မယ် .......

သားကိုမင်းထက်ကို မနက်ကြရင် ကြိုပြောထားမယ်လေ အဖေသွားတော့ အဆင့်သင့်ပေါ့နော် .......

ကောင်းပါပြီသားရယ် ကဲစားစားပြီးရင် စောစောအိပ်လိုက်တော့နော် ဖေဖေလဲ စားပြီးတာနဲ့ တရားထိုင်လိုက်အုံးမယ်သားရယ် ........

ဟုတ်ကဲ့ကောင်းပါတယ် အဖေလဲ ကျမ်းမာရေး သိသိသာသာကောင်းလာတော့ သားလဲအားရပါတယ် .........

ဒါနဲ့အားရင် မောင်စည်သူကိုလဲ အိမ်လာလည်ဘို့ အဖေခေါ်တယ်လို့ ပြောလိုက်နော် သူလဲဓနူဖြူကို ပြန်သင့်ပါတယ် အမေလုပ်သူကို ပြန်
ကြည့်တော့ ပိုကောင်းတာပေါ့နော် မိခင်လဲသားမျက်နှာကို မြင်ရတော့ အားရှိတာပေါ့ကွာ .........

သူကလဲပြန်ချင်ပါတယ် သူ့ပထွေးကို ကြည့်မရလို့ မပြန်တာပါ ပြီးတော့သူက စခန်းမှူးဦးခိုင်လင်းတို့နဲ့လဲ ပြသနာရှိထားတယ်မို့လား .....

အဲဒီအတွက်ကတော့ မပူပါနဲ့ကွာ ဦးခိုင်လင်းကလဲ အစားများလို့ အဲဒီကနေ ပြောင်းရတော့မယ်လေ အေးလေမပြန်သေးတာတော့ ကောင်း
တာပေါ့ကွာ အားရင်တော့ လာခဲ့ပါလို့ပဲ ပြောလိုက်ပါ ကဲအဖေလဲ တရားထိုင်တော့မယ် သားလဲနားပြီး အိပ်တော့နော် .........
အိမ်ရှေ့သို့ ကားတစ်စီးလာရပ်တာကြောင့် ကိုဇော်ထွက်ကြည့်မိသည် ပြောင်းလွဲနေပြီဖြစ်သော သူဇာကို ကိုဇော်တစ်ယောက် မှတ်မိ
ဟန်မတူပါ ဒါနဲ့ပဲ အိမ်ထဲသို့ပြန်ဝင်ရင် ခြေလှမ်းလိုက်စဉ်မှာပဲ ကိုဇော်တို့အိမ် ဘယ်နားမှာလဲလို့ မေးသံကြားတာကြောင့် ပြန်လှည့်ကြည့်
လိုက်တော့စောစောက ကားပေါ်မှာပါလာသော အမျိုးသမီးက ငါကိုမေးတာများလို့ ကြည့်နေလိုက်ရင်း လမ်းမှအမျိုးသားတစ်ယောက်က
ဒီအိမ်ပဲဆိုတာကြောင့် ကိုဇော်ရပ်ကြည့်နေလိုက်သည် ..........။

အကိုရှင် ........ ဒီမှာကိုဇော်ဆိုတာများ ရှိပါသလား .........

ဘာကိစွ့များရှိပါသလဲ ကျွန်တော်ကိုဇော်ပါ ........

သူဇာက နေကာမျက်မှန်ကို ဟန်ပါပါချွတ်လိုက်ကာ .........

ကျွန်မသူဇာပါကိုဇော် အမှတ်မိတော့ဘူးလား .........

ဘယ်ကသူဇာလဲ ငါမသိဘူး ငါ့အသိထဲမှာလဲ သူဇာဆိုတာမရှိပါဘူး မင်းကငါ့ကို ဘယ်လိုသိတာလဲ ငါမင်းကိုမသိဘူး ........

ကိုဇော်ရယ် သူဇာလာတာကောင်းသော လာခြင်းပါ ကိုဇော်ကိုဒုကွ့ပေးဘို့ မဟုတ်ပါဘူး ကျွန်မမျက်နှာကို မကြည့်ချင်နေပါ သားမျက်နှာ
ကိုတော့ ပြန်ကြည့်ပေးပါနော် ကျွန်မတောင်းပန်ပါတယ် .......

အော် ........ မင်းကအခုမှ သားမျက်နှာပြန်ကြည့်ပါတဲ့ တော်တော်လဲ တရားကြဘို့ကောင်းတယ် နင်လိုမိန်းမမျိုးက ဒီစကားကြားရတာ
မယုံနိုင်စရာပဲ အိမ်ထဲအမြန်ဝင်မှ တော်ကြာနွေခေါင်ခေါင် မိုးကြိုးပစ်ခံနေရမယ် ............ထွီ.........

သူဇာလဲကိုဇော်ကို ဘယ်လိုမှပြောလို့မရတာကြောင့် အခက်တွေ့နေ၏ ဘယ်ဆက်ပြောရင် ကောင်းမလဲဟုတွေးနေရင်းက သူဇာတစ်
ယောက်ပြန်ထွက်သွားကာ ရပ်ကွက်လူကြီးအိမ်ကို လိုက်မေးရင်း ကံကောင်းချင်တော့ ဦးအောင်မြင်နဲ့ တွေ့တာကြောင့် သူဇာကအားလုံး
ကိုရှင်းပြကာ ဦးအောင်မြင်အား အကူအညီတောင်းလေတော့ ဦးအောင်မြင်လဲ မနေသာတော့ပါပဲ ကိုဇော်ကို အကြိုးအကြောင်းပြောပြ
ကာ လူကြီးတစ်ယောက်အနေနဲ့ တောင်းပန်တာကြောင့် ကိုဇော်လဲ ဦးအောင်မြင်ပြောပေးတာကို လက်ခံလိုက်လေသည် ........

အာကာမောင်၏ ရှေ့ရေးကိုသာ လက်ခံပေမဲ့ ကိုဇော်က နောက်တစ်ခါသူတို့နဲ့ လာမပတ်သက်ရန်လဲ သူဇာကိုပြောလိုက်လေသည် သူဇာ
ကတော့ ဘာမှပြန်မပြောပါပဲ ခေါင်းကိုငုံကာ ပြန်ထွက်သွားလေသည် သူဇာကျေပြင်ကို ငေးနေရင်းက ကိုဇော်ဒေါသစိတ်တို့ ဖြစ်ပေါ်လာ
ပြီး တံခါးကို ၀ုန်းကနဲ့ မြည်အောင် ဆောင့်ပိတ်လိုက်တာကြောင့် ဦးအောင်မြင့်လဲ ခသုတ်သုတ်ပြန်ထွက်သွားတော့၏ .......ဆက်ရန်

No comments: