Friday, May 2, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၁၁ )

သူဇာ မင်းဘယ်သွားနေတာလဲ ဖုန်းကလဲ ပိတ်ထားတယ် အရေးကြီးလို့ ဆက်နေတာ ဆက်မရဘူး .........

ကိုသန့်စင်ရယ် ဖုန်းကမနေ့ထဲကပိတ်ထားတာ မေ့နေတယ်လေ ရှင်ကလဲလေ ဒေါသကြီးပါပဲလား အေးဆေးပြောစမ်းပါ ........

ကိုညီထွဋ်ဖုန်းဆက်တယ် ဘိလပ်မြေ နောက်ထပ်အိပ် ၂၀၀ လိုချင်တယ်တဲ့ ဘယ်ဈေးထားပေးမှာလဲတဲ့ မင်းဆီကိုဆက်မရလို့ ဒီကိုဆက်
တာတဲ့လေ ဘယ်လောက်အားနာဘို့ကောင်းသလဲ ခက်တာပဲကွာ ဖုန်းလေးနဲ့အလုပ်လုပ်နေတာ သေချာဂရုစိုက်ပါ .......

ကဲပါကိုရယ် ...... သူဇာနောက်ကို ဒီလိုမဖြစ်အောင် ဂရုစိုက်ပါ့မယ်နော် ....... ကဲကဲသူဇာအခုပဲကိုညီထွဋ်ဆီကို ပြန်ဆက်လိုက်ပါ့မယ်

သန့်စင်ကတော့ ကိုရယ်ဆိုတာကြောင့် ဒေါသစိတ်တို့ပြေပြောက်သွားခဲ့ရသည် သူဇာကတော့ ပိပိရိရိလိမ်လိုက်တာကြောင့် သန့်စင်မရိတ်
မိတာကို သဘောကြနေတော့သည် သူဇာလဲ ကိုညီထွဋ်ဆီကို ဖုန်းဆက်ကာ အကြိုးအကြောင်းပြောပြလိုက်လေတော့သည် ........။

ကိုဟိန်းရေ ............

ဗျာကိုညီ ကျွန်တော်ဘာလုပ်ပေးရမလဲ ..........

မင်းထက်ကို ခဏလာပါအုံးလို့ ပြောလိုက်ပါ အကိုအရှေ့ကဆိုင်မှာ စောင့်နေမယ်သိလား ........

ဟုတ်ကဲ့ပါ ကိုညီရေ ကျွန်တော်အခုပဲ သွားခေါ်ပေးပါ့မယ် .........

မင်းထက်လဲ ကိုညီခေါ်နေတယ်ဆိုတာကြောင့် အောက်သို့ဆင်းလာပြီး လဘက်ရည်ဆိုင်သို့ ဆင်းသွားတော့သည် ဆိုင်ရောက်တော့
ကိုညီနှင့်ရွှေဖြိုးက စောင့်နေတာကြောင့် အသင့်ဝင်ထိုင်လိုက်ပြီး .........

ကိုကြီးဘာများအရေးကြီးလို့လဲ ပြောပါအုံး ........

အရေးကြီးတာပေါ့ ညီလေးရယ် အကို ၄ ခန်းတွဲ ၇ ထပ်တိုက် ၅ လုံးကို မသူဇာနဲ့ရင်းရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ဆီကနေ လက်ခံခဲ့
တယ် အဲဒါညီလေးဆီမှာ တကယ်ကျွမ်းကျင်တဲ့သူတွေကို အကိုကနေရာပေးချင်တယ် နောက်လူတွေလဲ ထပ်ခေါ်တာပေါ့ အခုကအရေး
တကြီးကို စီစဉ်ရမယ် သိတဲ့အတိုင်း အခုကကန်ထရိုက်တွေက မိုလိုပေါက်နေတာလေ လက်လွှတ်ခံလို့ မဖြစ်ဖူး အဲဒီတော့ ညီလေးဆီက
အရည်အချင်းကောင်းသူတွေကို အကိုက တဆင့်ခံပြန်ပေးမယ် အဲဒါလဲ ညီလေးနဲ့ပြောချင်တာနဲ့ ဒီကိုအရင်လာခဲ့တာလေ ......

ဒါဆိုရင်တော့ ဖြစ်ပါတယ်ကိုကြီး အခုတွေ့နေတာကို တကယ်တော်တဲ့သူ သုံးယောက်ရှိတယ်လေ ကိုဟိန်း ၊ စည်သူ နှင့် အာကာမောင်
လဲရှိတယ်လေ အဲဒီတော့သူတို့တွေက ဒီမှာနေတာလဲ နှစ်တွေအရန်းကြာနေပြီ သူတို့ကိုအကိုနေရာပေးလိုက်ရင် ကောင်းမယ်ထင်တယ်

အေးကောင်းတယ်လေ ညီလေးအဆင်ပြေသလို စီစဉ်ပေးလိုက်ပါ လာမည့်အပတ်မှာ စမယ်နော် ဈေးနူန်းတွေကိုတော့ အကိုစာရွက်တွေ
တင်ပေးလိုက်မယ် လိုအပ်တဲ့ ကြိုတင်ငွေကိုလဲ အကိုမနက်ဖြန်မှာ ထုတ်ပေးမယ်နော် အခုအကိုသွားတော့မယ် အိုးအိမ်ရုံးကို ၀င်စရာရှိ
သေးတယ် မြို့နယ်အပိုင်တွေကို အဆောက်အဦးအတွက် လုပ်ပေးစရာရှိသေးတယ် ဒီကလဲပြီးခံနီးဆိုတော့ အတော်ပဲပေါ့ကွာ ......

ဒီမှာကလဲအချောထည်နဲ့ ဆေးပဲကျန်တော့တာလေ အားလုံးနေရာရသွားတာပေါ့နော် ကျွန်တော်လဲ ကောင်လေးတွေကို အခုပဲအသိပေး
ထားလိုက်ပါမယ် ..........

ကိုဟိန်းရေ ထမင်းစားချိန်ရောက်ရင် စည်သူနဲ့ အာကာမောင်ကို ခေါ်ပြီးရုံးခန်းကိုလာခဲ့နော် ..........

ဟုတ်ကဲ့ပါအကိုရေ .........

ဟယ်လို ......... မသူဇာလား ........

ဟုတ်ပါ့ရှင် ...... ဘယ်လိုလဲကိုမင်းထက် အာကာမောင် အခြေအနေကောင်းတယ်မို့လား ........

ကောင်းပါတယ် မသူဇာရယ် စိတ်ချပါဗျာ ဒီကောင်လေးက လိမ်မာပါတယ် အသောက်အစားလဲ ကင်းတယ်လေ အော် ..... စောစောက
ကိုညီလဲလာသွားတယ် မသူဇာဘာများအရေးကြီးလို့လဲ ........

ဘာမှမဟုတ်ပါဘူး ကျွန်မကိုဇော်ဆီကို ရောက်ခဲ့တယ် အခြေအနေတော့ သိပ်မကောင်းပါဘူးရှင် မျက်နှာချင်းဆိုင်ဘို့တော့ မလွယ်ဘူး
အခုတောင်သူ့သားကို အကြောင်းပြလို့ သူလက်ခံစကားပြောတာလေ .......

တော်သေးတာပေါ့ဗျာ ၀မ်းသာပါတယ် အဆင်ပြေကြပါစေ မမှားသောရှေ့နေ မသေသောဆေးသမားပေါ့ဗျာ အခုပြန်ကြည့်တော့လဲတ
မျိုးကောင်းပါတယ် ကိုဇော်လဲ ခင်ဗျားစိတ်နဲ့ပဲ နေမကောင်းတာ အတော်ကြာတယ်လေ အာကာမောင်က ခဏခဏရင်ဖွင့်တာ သူ့အဖေ
ဒီလိုဖြစ်တာ အမေကြောင့်တဲ့လေ ........

ဟုတ်ပါတယ်ရှင် ကျွန်မကြောင့်ပါပဲ အဲဒီအတွက်လဲ သားကိုတောင်းပန်ချင်သေးပါတယ် တစ်နေ့တော့သူနားလည်လာမှာပါရှင် .....အဲ
ကိုမင်းထက်ရေ ခဏနော် ကိုသန့်စင်ပြန်လာပြီ နောက်မှဆက်ပြောတာပေါ့နော် .........

ကောင်းပါပြီဗျာ ........ ကောင်းပါပြီ .........ဆက်ရန်

No comments: