Saturday, May 3, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၁၅ )

လာအကိုတို့ ထိုင်ကြပါ ဒီကျွန်တော်အမေ ဒေါ်ငွေလှပါ ..........

ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နာမည် ကိုညီထွဋ်ပါ .......

ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နာမည် မင်းထက်ပါ ..........

အမေဒါက သားသူဌေးတွေပါ သားကိုဒီဘ၀ရောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေပါ ဒါကတော့သားရဲ့ဇနီးပေါ့
ရွှေဖြိုးပါအမေ သူလဲအရင်ကတော့ သားတို့ရဲ့ ဆရာမကြီးပေါ့ ကိုညီရဲ့လက်ဆွဲတပည့်ပေါ့ အမေရယ် .........

ဟုတ်ကဲ့ပါရှင် ကျွန်မသားလေးဘ၀ကို အခုလို ကောင်းစားအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မလိမ်မာတာတွေရှိရင်လဲ ဆုံး
မနိုင်ပါတယ်ရှင် သားကလဲ ရွှေလမ်းတွေခင်းပေးထားတဲ့ ကျေးဇူးရှင်တွေကို ဘယ်တော့မှမမေ့ရဘူးနော် ........

ဟုတ်ကဲ့ပါမေမေရယ် သားဘယ်တော့မှမမေ့ပါဘူး သားကတိပေးပါတယ် ..........

စကားပြောနေတုန်း အာကာမောင်က အအေးများဝယ်လာပြီး ဧည့်သည်များကို တိုက်နေတာကြောင့် ရွှေဖြိုးလဲ စည်သူ၏မိခင်းနားတွင်
ထိုင်ကာ စကားပြောနေလိုက်ကြပြီး ညနေစောင်းမှာတော့ ကိုညီနှင့်မင်းထက်တို့က ဒေါ်ငွေလှနှင့် ကိုဇော် စည်သူ အာကာမောင်တို့ကို
နူတ်ဆက်ကာ ပြန်သွားကြလေတော့သည် ..............။

တစ်နှစ်ခန့်ကြာသော် .......................

ကိုဟိန်း နှင့် ဒေါက်တာနွယ်နီတို့ မင်္ဂလာပွဲကား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြပြီး မင်္ဂလာပွဲသို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အင်ဂျင်နီဟာများနှင့် နွယ်နီမိတ်ဆွေ ဆရာဝန်များ တက်ရောက်ကြလေသည် ဒီနောက်ပိုင်းမှာတော့ ကိုဟိန်း စည်သူနှင့် အာကာမောင်
တို့မှာ သာယာဖြောင့်ဖြူးသော ပန်းခင်းလမ်းပေါ်သို့ ဦးတည်လျှောက်လှမ်းသွားကြလေတော့သည် ..........

အားလုံးပဲ ဒီမျှနဲ့ကျေနပ်ပေးကြပါနော် ........

မနက်ဖြန်ညနေ ခရီးပြန်ထွက်ရမှာမို့လို့ အားလုံးကိုကြိုးစားပြီး အဆုံးသတ်ရေးပေးခဲ့ပါတယ် အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ ။

1 comment:

Anonymous said...

ကျေးဇူး..အခုမှသင်တန်းတက်တုန်းပါ
အကြံညံပေးဖို့ညီလေးကိုဖိတ်ခေါ်တယ်....