Saturday, May 3, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၁၄ )

ဦးမိုးသောက်လဲ အကျွတ်တရားရကာ ဘုန်းကြီးဝတ်သွားတယ် သတင်းကြားတာကြောင့် စည်သူလဲမိခင်ဆီကို ပြန်သွားကာ မိခင်နှင့်
တွေ့ဆုံပြီး ဦးမိုးသောက်ရှိရာ ညောင်ချေင်းရွာမှ ဘုန်းကြီးကျောင်းသို့သွားကာ လှူတန်းရင် တစ်ချိန်တုန်းက ဆိုးခဲ့တာတွေ မှားခဲ့တာတွေ
ကိုတောင်းပန်ကာ ဦးမိုးသောက်ကို ရှိခိုးတောင်းပန်ပြီး မိခင်ဖြစ်သူ ဒေါ်ငွေလှကိုလဲ ရန်ကုန်သို့ခေါ်သွားရန်လဲ ဦးမိုးသောက်ဆီမှာ ခွင့်
တောင်းတာကြောင့် ဦးမိုးသောက်လဲ ခွင့်ပြုလိုက်လေသည် ...........

အေးကွယ် ဦးဇင်းလဲ မင်းတို့သားအမိကို ခွဲထားခဲ့တာ အပစ်မယူကြပါနဲ့နော် အခုတော့ ဦးဇင်းလဲ တရားဘ၀နာအားထုတ်ရင်း ဒီမှာပဲရာ
သက်ပန်နေထိုင်သွားတော့မယ် မောင်စည်သူကလဲ ဒကာမကြီးကို စောင့်ရှောက်ပေါ့ကွယ် နောက်လဲသတိရတဲ့အခါ ဒီကျောင်းကိုပဲလာ
ခဲ့ကြပါနော် ကဲကဲအချိန်ရှိတုန်း သွားကြတော့နော် ဦးဇင်းလဲ ကျောင်းထဲဆင်းပြီး တံမျက်စည်းလှဲလိုက်အုံးမယ်ကွယ် သားအမိနှစ်ယောက်
ရောက်လေရာမှာ ကံကောင်းကြပါစေကွယ် ...........။

ရန်ကုန်ပြန်ရောက်ပြီဖြစ်တာကြောင့် စည်သူဝယ်ထားသော မရမ်းကုန်းမှအိမ်လေးပေါ်သို့ ဒေါ်ငွေလှရောက်ခဲ့ပါသည် ဒေါ်ငွေလှလာမည်
ဆိုတာကြောင့် ကိုဇော်နှင့် အာကာမောင်တို့သားအဖလဲ ရောက်လာကာ အိမ်တွင်စောင့်နေကြသည် ........

ဘယ်လိုလဲမငွေလှရယ် အရွယ်တောင်အတော်လေး ကြသွားပါပေါ့လားဗျာ မောင်စည်သူကတော့ မငွေလှအကြောင်းကို ခဏခဏပြော
ရှာပါတယ်သူ့ခင်မျာလဲ ပြန်ချင်ပေမဲ့မပြန်ရဘူးလေ အခုတော့သားအမိတွေအခုလို ပြန်ဆုံကြတော့ ကျွန်တော်လဲဝမ်းသာတယ်ဗျာ .....

ဟုတ်ပါတယ် ကိုဇော်ရယ် ကိုကိုမောင်မရှိတော့တဲ့ နောက်ပိုင်းဟာ ကျွန်မတို့သားအမိတွေအတွက် ငရဲကြသလိုပါပဲရှင် ......

ကဲပါအမေရယ် ပြီးတာတွေလဲပြီးပါစေတော့နော် အခုသားအမေကိုအနားမှာ ထားခွင့်ရပြီပဲ ကျေနပ်ပါတော့နော် သားအမေ့ကို အကောင်း
ဆုံးပြုစုစောင့်ရှောက်ပေးမှာပါ မကြာခင်လဲ မမေချွေးမပြန်လာတော့မယ်လေ .........

ကဲအမေတို့စကားပြောကြအုံး သားရွှေဖြိုးကို သွားကြိုလိုက်အုံးမယ်နော် ဦးကိုဇော်နဲ့ အာကာကအိမ်မှာနေပေးပါအုံးနော် .....

အေးပါကွာ စိတ်ချပါ မင်းအမေကို ဦးဇော်စောင့်ရှောက်ထားပါမယ် ...... ဟား ဟား

စည်သူအလုပ်ထဲကိုရောက်သွားတော့ ညနေ ၄ နာရီထိုးခံနီးနေလေပြီ ရွှေဖြိုးနှင့် ကိုညီတို့ကိုတွေ့တာကြောင့် ၀င်ရောက်နူတ်ဆက်ပြီး
မင်းထက်နှင့်ကိုညီကိုလဲ ပါလာသောလက်ဆောင်များပေးကာ စကားထိုင်ပြောနေကြလေသည် ........။

မင်းကတယ်တော်ပါလားစည်သူရ အကိုတောင်မနေ့က ရွှေဖြိုးကိုပြောနေသေးတယ် စည်သူပြန်လာရင် ဓနူဖြူက ငါးရံခြောက်ပါလာရင်
ကောင်းမယ်လို့ အခုတော့အတော်ပဲကွာ ကျေးဇူးပဲညီလေးရေ ဒါနဲ့မင်းအမေရော ပါလာခဲ့လား ........

ဟုတ်ကဲ့ပါလာပါတယ်ကိုညီ ကဲကဲမင်းလဲခရီးရောက်မဆိုက်ဒီကိုလာတာ ပင်ပန်းနေရောပေါ့ ကဲရွှေဖြိုးရေ စစ်ပြီးရင်ပြန်တော့ မင်းတို့နှစ်
ယောက်ကို အကို့ကားနဲ့လိုက်ပို့ပေးမယ် အကိုလဲစည်သူအမေနဲ့ စကားပြောချင်သေးတယ် ကဲလာကြကွာ မင်းထက်ဆီကိုပါ သွားကြရ
အောင်သူလဲလိုက်ချင်လိုက်လို့ရတာပေါ့ ...........

တစ်လမ်းကျော်မှာရှိနေသောက် မင်းထက်ရှိရာ အဆောက်အဦးသို့ ကိုညီ စည်သူနှင့်ရွှေဖြိုးတို့ ရောက်သွားကြလေသည် မင်းထက်က
တော့စည်သူပြန်လာသည်ကို ၀မ်းသာအားရသွားပုံရပြီး ..........

အောင်မလေးကျေးဇူးရှင်ရယ် ၃ ရက်ဆိုပြီးသွားလိုက်တာ ၅ ရက်ကြာသွားတယ် ဒါတောင်ရွှေဖြိုးကိုပြောနေသေးတယ် ဓနူဖြူသူတွေနဲ့
တွေ့သွားပြီလို့ ရွှေဖြိုးကတော့ပြောပါတယ် သူထက်သာရင်လဲ ယူပါစေတဲ့လေ ...... ဟား ဟား

ကဲပါညီလေးရယ် မင်းကလဲ စည်သူနဲ့ရွှေဖြိုးကို မြင်တာနဲ့စတော့တာပဲနော် ကဲလာစည်သူအမေပါလာတယ် စည်သူကိုပို့ရင်း သွားကြရ
အောင်လိုက်ခဲ့ကွာ ကိုဟိန်းရှိတယ်မို့လား .........

ဟုတ်ကဲ့ရှိပါတယ် ဒီကောင်ကတော့ အပေါ်ကနေကို ဆင်းမလာဘူး ခဏစောင့်နော် ကိုဟိန်းကိုမှာစရာရှိတာမှာလိုက်အုံးမယ် ......

မင်းထက်လဲကိုဟိန်းကိုမှာကာ စည်သူအိမ်သို့လိုက်သွားကြတော့သည် ........ဆက်ရန်

No comments: