Saturday, May 3, 2008

ပန်းခင်းလမ်းကိုရောက်ဘို့ဆိုတာ

အခန်း ( ၁၃ )

ကိုမင်းထက်ရေ ဒီမှာ စည်သူနဲ့ အာကာမောင်ကို ခေါ်လာခဲ့ပါတယ် .......

အေးလာထိုင်ကြကွာ မင်းတို့ကို ပြောစရာရှိတယ် မင်းတို့လဲ အကိုနဲ့တွဲလုပ်လာတာ ကြာပြီဆိုတော့ နေရာကောင်းပေးဘို့ ကိုကြီးကိုငါဒီ
နေ့ပဲပြောလိုက်တယ် အဲဒီတော့ ဒီအဆောက်အဦးပြီးရင် မင်းတို့သုံးယောက်ဟာ ကန်ထရိုက်ငယ်တွေဖြစ်ပြီပေါ့ အဲဒီတော့မင်းတို့က လို
အပ်တဲ့လူအင်အားကိုရှာပါ မင်းတို့ကို အဆောက်အဦးအပ်မယ်လို့ အကိုကရည်ရွယ်လိုက်ပြီ အဲဒီတော့အရင်ထက်များစွာ အလုပ်ကိုကြိုး
စားရမယ် ပိုပြီးတော့လူပင်ပန်း စိတ်ပင်ပန်းခံရမယ် ဒါကလဲမင်းတို့ကို ကောင်းစားစေချင်တာ အကိုစေတနာပါ ........။

ဟုတ်ကဲ့ပါ ကိုမင်းထက်စေတနာကို ကျွန်တော်တို့လေးစားပါတယ် ကိုညီကိုလဲ ကျွန်တော်တို့ကို နေရာပေးတဲ့အတွက် အထူးကျေးဇူးတင်
ပါတယ်လို့ ပြောပေးပါနော် ကျွန်တော်တို့လဲဒီထက်ကောင်းအောင်း အစစအရာရာကြိုးစားပေးပါမယ် .........

ကောင်းပါပြီအခုလိုကြားရတာဝမ်းသာပါတယ် အဆောင်အဦးကလဲ လာမည့်အပတ်မှာစမယ် ဒီညနေမဟုတ်ရင်တောင် မနက်ဖြန်မှာငွေ
ထုတ်ပေးမယ်နော် မင်းတို့လဲ ၀ယ်စရာရှိတာတွေ ၀ယ်ကြပေါ့ကွာ အလုပ်မားကတော့ ပြန်တာနဲ့အချိန်မှီရှာထားကြပါ ကဲဒီလောက်ပါပဲ
လာကြဒီနေ့တော့ မင်းတို့ကို အကိုကပဲထမင်းလိုက်ကျွေးမယ် ကန်ထရိုက်အကြိုပေါ့ကွာ ...... ဟား ဟား

မင်းထက်နှင့် ကိုဟိန်းတို့သုံးယောက်မှာ အရင်းကိုရင်းနှင်းပြီးတော့ ညီအကိုရင်းသဖွယ် ခင်မင်နေကြလေသည် ဒီနေ့အဖို့တော့ သူတို့တွေ
ပျော်နေကြသည်မှာ အောင်မြင်မူ့တစ်ခုသာဖြစ်လေသည် ဒီလိုနဲ့ အဆောက်အဦးတွေကို စတင်ဆောက်လုပ်ရာ တဖြည်းဖြည်းနဲ့ အောင်
မြင်မူ့တွေကို ရရှိလာကြတော့သည် အာကာမောင်ကလဲ ဖခင်ကိုကောင်းစွာ ထားနိုင်ခဲ့လေသည် ဖခင်ဖြစ်သူကို ငွေများထိမ်းသိန်းခိုင်းပြီး
အလုပ်သမားများကိုလဲ ကူပြီးစောင့်ကြည့်ခိုင်းတာကြောင့် လုပ်ငန်းခွင်တွင် လစ်ဟင်းမူ့မရှိအောင် ထိမ်းသိမ်းနိုင်ခဲ့လေသည် .... ။

စည်သူကတော့ အင်ဂျင်နီယာမလေးရွှေဖြိုးနဲ့ လက်ထပ်လိုက်ပြီး လုပ်ငန်းခွင့်ကို ကြိုးစားစွာလုပ်ကိုနေတာကို မြင်ရတော့ ကိုညီနှင့်မင်း
ထက်တို့မှာ ၀မ်းသာအားရကြသည် ဒီအထဲတွင်တော့ ကိုဟိန်းကနေရာအမှန်ဆုံးဖြစ်သွားသည်ပေါ့ မမျှော်လင့်ပဲ ကိုညီ၏ညီမနွယ်နီနဲ့
ဇာတ်လမ်းစတော့ ကိုညီကလဲ သဘောတူခဲ့တာကြောင့် လာမည်နှစ်တွင် ဆရာဝန်မလေးနွယ်နီနဲ့ မင်္ဂလာဆောင်ကြတော့မယ်ပေါ့
သူတို့၏အနှစ်နှစ်အလလက ကြိုးစားခဲ့တာတွေဟာ အခုတော့ ပန်းခင်းသောလမ်းလေးကို ရောက်မှန်းမသိရောက်ခဲ့ကြလေသည် .....။

သားလေးရေ မောင်ရည်ညွှန်း မင်းဖေဖေပြန်လာပြီဟေ့ ..........

ဟုတ်ကဲ့ပါမေမေရေ သားလေးလာပါပြီ .........

ကိုမင်းထက် ပင်ပန်းလာပြီလား ရောဒီမှာရေအေးအေးလေး သောက်လိုက်အုံးနော် ........

လွမ်းရယ် အဲဒီလိုအလိုက်သိတတ်လွန်းလို့ မောင်ကချစ်နေရတာပေါ့ ..........

တော်စမ်းပါရှင် ဟိုမှာသားလေးလာနေပြီ ရှင်ကလေ တကယ်ပဲ ပြောကိုမပြောချင်ဘူး ..........

သားရေလာပါအုံးကွာ ဘာတွေလုပ်နေတာလဲ ........

သားကွန်ပြူတာဂိမ်းဆော့နေတာပါ ........ ဖေဖေမောလာပြီလား

သားလဲကျောင်းဖွင့်တော့မယ်နော် နောက်ပိုင်းဆိုရင် ဂိမ်းမဆော့ရတော့ဘူးနော် စာကြိုးစားရမယ်နော် အရင်တုန်းကလိုပဲ နှစ်တိုင်းပထမ
ရအောင်ကြိုးစားပေးပါ ဒါဆိုရင်သားလိုချင်တာတွေ ဖြစ်ချင်တာတွေ ဖေဖေအားလုံး လုပ်ပေးမယ်နော် ကြားလားသားလေး မှတ်ထားနော်

ဟုတ်ကဲ့ပါဖေဖေ သားကြိုးစားပေးပါမယ် ........ဆက်ရန်

No comments: