Saturday, March 15, 2008
Shweparami Ashin Sandadika
စာရေးသူ - ညီထွဋ် အချိန် - 9:30 PM 0 ခုမှတ်ချက်ရေးသွားပါတယ်
Labels: 33 နှစ်မြောက်မွေးနေ့အမှတ်တရပါ
Shweparami Ashin Sandadika
စာရေးသူ - ညီထွဋ် အချိန် - 9:29 PM 0 ခုမှတ်ချက်ရေးသွားပါတယ်
Labels: 33 နှစ်မြောက်မွေးနေ့အမှတ်တရပါ
15*03*2008 saturday
15 / 03 / 2008 ဒီနေ့ဟာ ကျွန်တော်လူလောကကို ရောက်ခဲ့တာ 33 နှစ်ပြည့်ခဲ့ပါပြီ အဲဒီတော့အရင်ဆုံး ဖေဖေနှင့်မေမေကို
သားကန်တော့ပါ၏ သားငယ်စဉ်က မေမေဟာအကောင်းဆုံးအစားအစာတွေကို ကျွေးခဲ့တဲ့မေမေ သား ၆ နှစ်သားကျော်ကျော်
မှာဆုံးပါးသွားခဲ့ပါတယ် သားမှတ်မိပါသေးတယ် မေမေကို နေကြာစောင်အကြားလေးနဲ့ ဆေးရုံကပြန်သယ်လာတော့လေ သား
ငိုလိုက်ရတာမေမေရယ် တစ်ချိန်တုန်းက မေမေကိုနှိပ်စက်ခဲ့တဲ့ ဖေဖေလဲပါတာပေါ့ ဖေဖေကတော့လူကြီးမို့လား သရက်ပင်ကိုမှီ
လို့ငိုနေတယ် သားကတော့ကလေးဆိုတော့ မေမေနားမှာပေါ့ သားလေမေမေကို တစ်ညလုံးစောင်ခဲ့ရတယ် သားစိတ်ထဲမှာမေ
မေမသေသေးဘူးပေါ့ ဒါပေမဲ့သားအထင်နဲ့ အမြင်လွဲခဲ့ရတယ်လေ မေမေဟာသားတို့ကို ၁၉၈၁ ခုနှစ်မှာကျောခိုင်းသွားခဲ့တယ်
သားလေဒီနေ့ဒီအချိန်အထိ မေမေ့ကေို မေ့လို့မရခဲ့ပါဘူး မေမေမရှိတော့တဲ့နောက်ပိုင်းမှာ သားဖေဖေနဲ့နေခဲ့ပြီး ဖေဖေကလဲ သား
အသက် ၂၂ ကျော်ကျော်မှာ လူ့လောက ကနေနူတ်ဆက်ထွက်ခွါသွားပြန်တယ် သားတို့မှာလေ ဘာဆိုဘာမှမရှိတဲ့ဘ၀နဲ့ ရပ်
တည်ခဲ့ရပါတယ် ဂုဏ်တွေ ငွေတွေဟာ သားအတွက်တော့ အရေးမကြီးပါဘူး သားအတွက်အလိုချင်ဆုံးအရာက မေမေနှင့်
ဖေဖေပါ အခုဆိုရင် သားစိတ်ထဲမှာ မွန်းကျပ်နေပါတယ် ဒါပေမဲ့သားအတတ်နိုင်ဆုံး ဖြေပါတယ် ပြီးတော့သား ဖေဖေနဲ့မေမေ
အတွက် သားဒီနေ့မနက် အလှူလုပ်ပေးပါမယ် မနက်ကြရင်သား ဘုန်းကြီးကျောင်းကို သွားမယ်နော် ဖေဖေနှင့်မေမေလဲ လိုက်ခဲ့ပါ ။
စာရေးသူ - ညီထွဋ် အချိန် - 9:33 AM 0 ခုမှတ်ချက်ရေးသွားပါတယ်
Labels: 33 နှစ်မြောက်မွေးနေ့အမှတ်တရပါ